အနော်ရထာလမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ လမ်းသစ် အိမ်ရာ စီမံကိန်းတစ်ခုလုံးကို ပြန် လည်တည်ဆောက်ရန် နောက် ဆုံးအဆင့် တင်ဒါအောင်ကုမ္ပဏီ ကို ရက်ပိုင်းအတွင်း ရွေးချယ်မည် ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးဒေါ်မီမီတင် က ပြောသည်။
လမ်းမတော်မြို့နယ်ရှိ လမ်းသစ်အိမ်ရာကို အသစ်ပြန်လည်
တည်ဆောက်ရန် ပြီးခဲ့သည့်နှစ်က တင်ဒါခေါ်ယူခဲ့ရာ
ကုမ္ပဏီငါးခုက လာရောက် လျှောက်လွှာတင်ခဲ့ သည်။
ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်းအဟောင်း ၁၃ခု ရှိသည့်အနက် ယခုလမ်းသစ်အိမ်ရာကိုသုံးခုမြောက် အသစ်တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ယခု တည်ဆောက်မည့် လမ်းသစ်အိမ်ရာသည် အခန်း ၂၀၀ ကျော်ပါဝင်၍ ၂၀၁၆ က နေထိုင်သူများနှင့် အကြိမ်ကြိမ် ညှိနှိုင်းတွေ့ဆုံကာ သဘောထား ဆန္ဒများ ကောက်ယူပြီးမှ တည် ဆောက်ရန် စီစဉ်ထားခြင်း ဖြစ် သည်။
မူလနေထိုင်သူများကို ရွှေ့ပြောင်းစရိတ်နှင့် အသစ်ပြန်လည် တည်ဆောက်နေစဉ် ပြင်ပတွင် ငှားရမ်းနေထိုင်မည့်စရိတ်များကို
တွက်ချက်ပြီး ပေးအပ်ရန် အစီအစဉ်များလည်း ရှိသည်။
လမ်းသစ်အိမ်ရာစီမံကိန်း အသစ်ပြီးစီးပါက မူလနေထိုင်သူများ
အား ဦးစားပေးစနစ်ဖြင့် ပြန် လည်နေရာချထားပေးမည် ဖြစ် သည်။
ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် လမ်း ၅၀ အိမ်ရာ နှင့် လင့်ခ်လမ်းအိမ်ရာတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့်
တည်ဆောက်ခဲ့သည်။
ရန်ကုန်တွင် သက်တမ်းရင့် အိမ်ရာ စီမံကိန်းဟောင်းများကို ပြန်လည်တည်ဆောက်ရန်စီစဉ် နေသော်လည်း မူလနေထိုင်သူ များနှင့် ညှိနှိုင်းနေရသဖြင့် အချိန် မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေ သည်ဟု ဆိုသည်။
ရန်ကုန်အပါအ၀င် မြို့ကြီး များတွင် အိမ်ရာစီမံကိန်းအဟောင်း ၄၂ခုရှိကာ ၂၀၁၄ ကစ၍ ခေတ်ကာလနှင့်မညီသော အိမ် ငှားခများကို ပြန်လည်ပြင်ဆင်ခဲ့ ရာ အခန်းတစ်ခန်းလျှင် တစ်လ ၅,၅၀၀ ကျပ်အထိ ငှားရမ်းခ ကောက်ခံခဲ့သည်။
Credit: 7Daydaily