သုံးနှစ်ခန့် အေးစက်နေသော အိမ်ခြံမြေဈေးကွက် ၂၀၁၇ နှောင်းပိုင်း ပြန်လည် အားကောင်းလာနိုင်

သုံးနှစ်ခန့် အေးစက်နေသော အိမ်ခြံမြေဈေးကွက် ၂၀၁၇ နှောင်းပိုင်း ပြန်လည် အားကောင်းလာနိုင် - Property News in Myanmar from iMyanmarHouse.com
9 May 2017 11:23 am တွင် တင်ခဲ့သည်
2682 ကြိမ် ကြည့်ရှု့ပြီး
သုံးနှစ်နီးပါးကာလထိ အေးစက်နေဆဲဖြစ်သည့် အိမ်ခြံမြေဈေးကွက်သည် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ပြည်သူ့အစိုးရသက်တမ်း တစ်နှစ်ကျော်မှစ၍ အရှိန်ရလာမှုနှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု အနေအထားပေါ် မူတည် ၍ ပြန်လည် ကောင်းမွန်သည့် အလားအလာများ ရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းချုပ်ထံမှ သိရသည်။

၂၀၁၄ ဇွန်လမှ စတင်၍ ယခုလက်ရှိအချိန်ထိ အိမ်ခြံမြေဈေးကွက် အရောင်း အ၀ယ်မှာ အေးနေခဲ့ပြီး အငှား ဈေးကွက်သာ အတင့်အသင့် ရှိနေသော် လည်း အားနည်းနေဆဲဖြစ်ကြောင်း၊ ယင်းအခြေအနေမှာလည်း နိုင်ငံ ၏ ဖြစ်ပေါ်နေသည့် နိုင်ငံရေး စီးပွားရေးအနေအထား အားမကောင်းသည့် အတွက်ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက သုံးသပ်သည်။

“ဘာပဲဖြစ်ဖြစ် ခုပြည်သူ့အစိုးရကလည်း တစ်နှစ်ပြည့်သွားပြီဆိုတော့ အရှိန် ရစပြုလာပြီဖြစ်တဲ့အတွက်ရယ်၊ နောက်စီးပွားရေးမူဝါဒ ၁၂ ချက်ကိုလည်း အကောင်အထည်ဖော်ပြီး လုပ်နေတယ်။ ပြီးတော့ ဒုသမ္မတ (၁) ဦးမြင့်ဆွေ ကလည်း လစဉ် ကုန်သည်စက်မှုအသင်းချုပ်မှာ လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်
တွေ့ပြီး လုပ်ငန်းသစ်တွေ ဖော်တဲ့နေရာမှာ ချောချောမွေ့မွေ့လုပ်နိုင်အောင် ၀န်ကြီးတွေ ညွှန်ချုပ်တွေကိုခေါ်ပြီး တစ်ထိုင်ထဲနဲ့ ဖြေရှင်းပေး ဖော်ဆောင်
ပေးနေတယ်ပေါ့။ ဥပမာပြောရရင် ခုဆိုရင်လည်း တံတားတွေမှာ အရင်က အခွန်ကောက်တယ်၊ ခုမကောက်ေ တာ့ဘူး။ ရလဒ်ကောင်းတွေရလာတဲ့ သဘောပါ။ အိမ်ခြံမြေဆိုတာကလည်းတခြားစီးပွားရေးတွေ ကောင်းလာရင် အရှိန်ရလာရင် ကောင်းလာမှာပါ”ဟု ၄င်းကပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းချုပ်ကြီးအနေဖြင့်လည်း အိမ်ခြံမြေ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အာဆီယံ ဒေသများနှင့် ချိတ်ဆက်ပြီး investors၊ developer၊ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ကိုင်သူများနှင့် ဘော်ဒါဖြတ် ကျော် သည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ကိုင်ရန်ဆုံးဖြတ်ချက်ချ၍ လုပ်ေ ဆာင်နေကြောင်း သိရသည်။

“ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် Global President ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၁၁ ရက်ကနေ ၁၈ ရက်ထိ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်းမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်ထားတဲ့အတွက် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အတိုင်းအတာပေါ် မူတည်ပြီး နိုင်ငံတကာက ၀င်ရောက် လာမယ့် အလားအလာ ကောင်းတွေ ရှိလာမယ်လို့ ယုံကြည်တဲ့အတွက် ခု ၂၀၁၇ နှောင်းပိုင်းမှာ ပြန်ကောင်းလာမှာပါ”ဟု ၄င်းက ဆက်လက် ပြော ကားခဲ့သည်။

Credit: Tomorrow

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service