အခုနောက်ပိုင်း အိမ်ခြံမြေဈေးကွက်မှာ ငှားရမ်းတာတွေ များလာပြီး လုံးချင်း အိမ်တွေကိုတော့ ရုံးခန်းဖွင့်မယ့်သူတွေ အဓိက ငှားရမ်းလာကြတယ်လို့ သိ ရပါတယ် ။
‘အခုနောက်ပိုင်း အိမ်ခြံမြေဈေးကွက်ကလဲ အရောင်းထက်ကို ငှားတာတွေ က ပိုများတယ် ၊ ပြီးတာ့ တိုက်ခန်းတွေ ၊ ကွန်ဒိုတွေထက် လုံးချင်းအိမ်တွေ က ပိုအငှားသွက်နေတာ ၊ ပြီးတော့ ရုံးခန်းဖွင့်ဖို့အတွက် ငှားတာကတော့ အများဆုံးပဲ ၊ တိုက်ခန်းတွေဆိုရင် အခန်းတွေက ကျဉ်းတာ ၊ ပြီးတော့ လူ များများ မဆံ့တာတွေကြောင့် လုံးချင်းတွေကို ငှားတာတွေက ပိုများတယ် ၊ နောက်ပိုင်း ငှားဖို့ လာရှာတာတွေကလဲ လုံးချင်းအိမ်တွေ ပိုများလာတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ် ။
အခုနောက်ပိုင်း ရုံးခန်းဖွင့်ဖို့ လုံးချင်းအိမ်တွေကို ငှားရမ်းတာတွေ များလာသ လို နိုင်ငံခြားသားတွေ ဆိတ်ငြိမ်ရပ်ကွက်တွေမှာ နေထိုင်ချင်တဲ့ သူတွေက လည်း လုံးချင်းအိမ်တွေကိုသာ ငှားရမ်းနေထိုင်ကြတယ်လို့ သိရပါတယ် ။
ငှားရမ်းတဲ့သူတွေက နိုင်ငံခြားကနေ စီးပွားရေး လာရောက်လုပ်ကိုင် တဲ့ ပြည်ပနိုင်ငံက လုပ်ငန်းရှင် တွေ ငှားရမ်းနေထိုင်ကြတာလို့ သိရပါတယ် ။
‘စမ်းချောင်း ၊ ရှစ်မိုင် အဲဒီလိုနေရာတွေမှာရှိတဲ့ ဗီအိုင်မီလုံးချင်းအိမ်တွေ အဲ ဒါတွေကကျတော့ ရုံးခန်းတွေ ဖွင့်လို့အဆင်ပြေတယ်ဆိုတော့ အဲဒီလိုနေ ရာတွေက လုံးချင်းတွေကို ငှားတာများတယ် ၊ တိတ်လဲတိတ်ဆိတ်တာကို ၊ အဲဒီနေရာမှာက ငှားတဲ့သူတွေကလဲ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ မြန် မာနိုင်ငံမှာ စီးပွားရေးလာလုပ်တဲ့သူတွေရှိတယ် ၊ သူတို့တွေက လုပ်ငန်းကို စမ်းလုပ်တဲ့အခါမှာ ဒီလိုနေရာတွေမှာ အရင်ငှားနေတယ် ၊ ပြီးတော့မှာ လုပ် ငန်းခိုင်မာပြီဆိုမှ ဝယ်တာဖြစ်ဖြစ်လုပ်ကြတာ’ လို့ အိမ်ခြံမြေအကျိုးေ ဆာင် ဒေါ်ဝင်းဝင်းမော်က ပြောပါတယ် ။
ငှားရမ်းမှုအများဆုံးနေရာတွေက စမ်းချောင်းနဲ့ လှိုင်မြို့နယ်တွေမှာရှိနေတဲ့ ဗီအိုင်ပီနေရာတွေမှာ ငှားရမ်းနေထိုင်ကြပြီး ဒေါ်လာတွေနဲ့ ငှားရမ်းကြတာ လို့ သိရပါတယ် ။
Credit: The Kumudra