သင်္ကြန်ပြီးတဲ့အချိန်မှာ အိမ်တွင်းအလှဆင်လုပ်ငန်းအလုပ်အကိုင်တွေ နည်း ပါးသွားပေမဲ့ အခုရက်ပိုင်းမှာတော့ အိမ်တွင်းအလှဆင်လုပ်ငန်းတွေ ပြန် လည် အဆင်ပြေလာတယ်လို့ သိရပါတယ် ။
သင်္ကြန်ပြီးတော့ အလုပ်ပါးသွားတယ်ဆိုတာ သုံးတဲ့ ကုန်ပစ္စည်းတွေကေ ဈးတွေ တက်တယ် ၊ အဲဒီတော့ ဈေးများတယ်ဆိုပြီး လုပ်တဲ့သူတွေ နည်း လာတယ် ၊ အိမ်တွင်းအလှဆင်လုပ်နေတဲ့ ဝန်ထမ်းတွေကလဲ အလုပ်အ ကိုင်တွေ နည်းပါးပါတယ် ၊ အခုရက်ပိုင်းကျတော့ ပုံမှန်ပြန်ဖြစ်သွားတယ် ၊ ကုန်ဈေးနှုန်းတွေ ကျပြီး အလုပ်သမားတွေလဲ အလုပ်တွေ ပြန်ကောင်းလာ တယ် ၊ သိသိသာသာကို ပြန်ကောင်းလာတာပါ’ လို့ အိမ်တွင်း အလှဆင် လုပ်ငန်း လုပ်ကိုင်နေသူ ကိုဝေဖြိုးက ပြောပါတယ် ။
အိမ်တွင်းအလှဆင်တာတွေကို အဓိက လုပ်ကိုင်နေကျတာကတော့ မီးဖိုေ ချာင်အလှဆင်တာတွေ ၊ ဧည့်ခန်းအလှဆင်တာတွေကို အဓိက ပြုလုပ်ကြ တာဖြစ်ပါတယ် ။ မျက်နှာကြက်အလှဆင်တာတွေနဲ့ အခန်းဖွဲ့စည်းပုံ အသစ် အဆန်း ပြုလုပ်တာတွေကိုလည်း အများဆုံးပြုလုပ်ကြပါတယ် ။
Credit: The Kumudra