ထိုင်းနိုင်ငံဘန်ကောက်တွင် ဗြိတိသျှသံရုံးအဆောက်အအုံ အရောင်းဈေးကွက်သို့ ရောက်ရှိလာမှုကို စောင့်ကြည့်နေကြချိန်တွင် သြစတေးလျသံရုံးသည်လည်း အရောင်းဈေးကွက်သို့ ထပ်မံရောက်ရှိလာကြောင်း ဘန်ကောက်အခြေစိုက်
အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လုမ္ဗနီပန်းခြံအနီးတွင် တည်ရှိပြီး ကပ်လျက်တွင်
ဆောက်လုပ်နေသော ဂျပန်သံရုံးမှာလည်း အပြီးသတ်လုနီးပါးရှိပြီဖြစ်
သည်။သြစတေးလျသံရုံးကို အရောင်းဈေးကွက်တင်ခဲ့သည်မှာ သြစတေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန (DFAT) မှ ဖြစ်သည်။
“ဆထုံလမ်းမကြီးရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ သြစတေးလျသံရုံးနေရာဟာ ဒီအနီးဝန်းကျင်မှာ ဆောက်လုပ်ရေးကဏ္ဍအတွက် မြေအကျယ်ဆုံးရနိုင်
တဲ့ နောက်ဆုံးနေရာတစ်ခုပါပဲ” ဟု JLL မှ မန်နေးဂျင်းဒါရိုက်တာ
ဆူဖင်း မီချူချက်ပ်က ပြောကြားသည်။
သံရုံးအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၂၇၂၈ ရှိပြီး ဘိုးဘွားပိုင်ဖြစ်ကာ ဆထုံခရိုင်သည် ဘန်ကောက်တွင် အရေးပါသည့် ကူးသန်းရောင်းဝယ်ရေးအချက်အခြာနေရာတစ်ခုဖြစ်ပြီး
Grade A အဆင့် ရုံးခန်းအဆောက်အအုံများ၊ ဇိမ်ခံဟိုတယ်များ၊ အသင့်နေလူနေခန်းများနှင့် မိုးမျှော်ကွန်ဒိုအဆောက်အအုံကြီး
များ တည်ရှိရာနေရာ ဖြစ်သည်။
ဆထုံသည် ကမ္ဘာလှည့်ခရီးသည်များအကြားတွင် ကျော်ကြားပြီး
ပြည်တွင်းနှင့် နိုင်ငံတကာ အာမခံကုမ္ပဏီများ၊ ဘဏ်များအခြေစိုက်ရာ နေရာလည်း ဖြစ်သည်။
သြစတေးလျသံရုံးသစ်ကို ဝိုင်ယာလက်စ်လမ်းမကြီးပေါ်တွင် ဆောက်လုပ်လျက်ရှိရာ အပြီးသတ်လုနီးပါးရှိပြီဖြစ်သည်။
ယခင်က ဝိုင်ယာလက်စ်လမ်းမကြီးပေါ်တွင်ပင် တည်ရှိခဲ့သည့် ဗြိတိသျှသံရုံးကို ရောင်းချခဲ့ရာတွင် မျှော်မှန်းမထားသည့် ဈေးနှုန်းရရှိခဲ့သဖြင့် သြစတေးလျသံရုံးရောင်းချရာတွင်လည်း များစွာရရှိလိမ့်မည်ဟု မျှော်မှန်းထားသည်။
သြစတေးလျသံရုံးနေရာကို ဝယ်ယူရန်စိတ်ဝင်စားသူ အလွန်များပြားလျက်ရှိကြောင်း JLL က ထုတ်ဖော်ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးမှ ဝယ်လက်များဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်ဖွယ်ရာလည်းရှိကြောင်း ခန့်မှန်းထားသည်။
JLL က သြစတေးသံရုံး၏ ခန့်မှန်းပေါက်ဈေးကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။
ယခင်က ဗြိတိသျှသံရုံးနေရာကို ရောင်းချခဲ့ရာတွင်မူ ထိုင်းအတိုင်းအတာ တစ်စတုရန်းဝါ (မှတ်ချက်။ ၁ စတုရန်းဝါ = ၄ စတုရန်းမီတာ) လျှင် ဘတ်ငွေ ၉၅၀၀၀၀ ဖြင့် ရောင်းချခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)