ဥပဒေသစ်၊ လုပ်ထုံးသစ်များဖြင့် ဖြတ်သန်းရတော့မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

ဥပဒေသစ်၊ လုပ်ထုံးသစ်များဖြင့် ဖြတ်သန်းရတော့မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ - Property News in Myanmar from iMyanmarHouse.com
9 May 2017 10:57 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မူဝါဒသစ်၊ ဥပဒေသစ်၊ နည်းဥပဒေသစ်၊ အမိန့်ကြေညာချက်သစ်များဖြင့် ကြိုဆိုနေပြီ
ဖြစ်သည်။

အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မူဝါဒသစ်ဖြင့် ခွင့်ပြုနိုင်ရန် ဥပဒေသစ်နှင့် နည်းဥပဒေသစ်များကို ပြီးခဲ့သည့် မတ်လ အတွင်း အပြီး သတ် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က လိုအပ်နေသေးေ သာ အမိန့် ကြေညာစာများကို ယခုဘဏ္ဍာနှစ်အစ ဧပြီလအတွင်း ထပ်မံ ထုတ်ပြန်လိုက်သည်။

သို့အတွက် ထပ်မံတိုးချဲ့မည့် စီးပွားရေးလုပ်ငန်းများနှင့် အသစ် မြှုပ်နှံ လုပ် ကိုင်မည့် စီးပွားရေး လုပ်ငန်းများသည် ဥပဒေသစ်၊ နည်းဥပဒေသစ်၊ အမိန့် ကြေညာစာသစ်နှင့် လုပ်ထုံးလုပ်နည်းသစ်များကို မေလမှ စတင် ဖြတ်ကျော် ရတော့မည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ယခင် ဥပဒေဟောင်းနှစ်ရပ်ဖြင့် လုပ်ကိုင်ခွင့် ရရှိရေး တင်ပြတောင်းခံထားသည့် အဆိုပြုလွှာသည် လည်း နိုင်ငံခြားသားလုပ်ငန်း ၃၂ ခု၏ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၁ ဒသ မ ၅ဘီလျံနှင့် မြန်မာနိုင်ငံသားလုပ်ငန်း ၂ဝ ၏ ရင်းနှီးမြှုပ်နှံငွေ ကျပ် ၄၉၂ ဘီလျံသာ ကျန်ရှိတော့သည်။ ထို့အတွက် ၄င်းလုပ်ငန်းများမှအပ ကျန် လုပ်ငန်းများသည် ဥပဒေသစ်၊ မူဝါဒသစ်များဖြင့် သွားရမည်ဖြစ်သည်။

''ကျွန်တော်တို့က အခု ၂ဝ၁၇၊ ဇန်နဝါရီ ၁ ရက်ကစပြီးတော့ ဥပဒေေ ဟာင်းနဲ့ အဆိုပြုလွှာ တင်တဲ့ လုပ်ငန်းတွေကို လက်မခံတော့ပါဘူး။ ဥပဒေ သစ်နဲ့ပဲ အဆိုပြုလွှာတင်ပေးဖို့ ပြောထားပါတယ်။ အဲဒီမတိုင်ခင် တင်ထား တာတွေကိုတော့ အမြန်ဆုံး ဖြတ်ပေးပြီး ဥပဒေသစ်နဲ့ ခွင့်ပြုချက်ပေးဖို့ လုပ်တော့မှာပါ။ အခုလည်း ဥပဒေသစ်အတွက် လိုအပ်တဲ့ နည်းဥပဒေ၊ ဆက်စပ် အမိန့်ကြေညာစာတွေ အားလုံးက ထုတ်ပြန်ပြီးပြီဆိုတော့ ဥပဒေ
သစ်နဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေက စတင်ပြီး အသက်ဝင် လုပ်ဆောင်လို့ ရပါပြီ ''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအော င်နိုင်ဦးက ပြောသည်။

လက်ရှိတွင် ဥပဒေသစ်ဖြင့် ရင်းနှီးမြှုပ်နှံခွင့် ပြုပေးရန် အဆိုပြုလွှာ တင်သွင်း ထားသည့် လုပ်ငန်းများမှာ နိုင်ငံခြားသားလုပ်ငန်း ၂၆ခု၏ ရင်းနှီးမြှုပ်နှံေ ငွ ဒေါ်လာ ၅၇၁ သန်းနှင့် မြန်မာနိုင်ငံသားလုပ်ငန်း နှစ်ခု၏ ရင်းနှီးမြှုပ်နှံငွေ ကျပ် ၃၄ ဘီလျံကျော် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ထို့အတွက် ၄င်းလုပ်ငန်းများနှင့် အသစ် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု မူဝါဒသစ်၊ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေသစ်များဖြင့်သာ လုပ် ကိုင်ကြရမည်ဖြစ်သည်။

လုပ်ငန်းရှင်များ သတိထားရမည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒသစ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဥပဒေသစ်ဖြင့် လုပ်ငန်းများ ခွင့်ြ ပုသွားနိုင်ရန် အဓိက သော့ချက်ဖြစ်သော ရင်းနှီးမြှုပ်နှံမှု မူဝါဒ ခုနစ်ချက်ကို လည်း ချမှတ်ထုတ်ပြန်ထားသည်။ သို့အတွက် ၄င်းမူ ခုနစ်ချက်သည် ရင်းနှီြး မှုပ်နှံမှု လုပ်ကိုင်မည့် စီးပွားရေးသမားများအတွက် အဓိက လေ့လာသင့် သည့် အချက်တစ်ခုလည်းဖြစ်သည်။

၎င်းအချက်များအနက် တာဝန်ယူမှုရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေ မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရန်၊ ပွင့်လင်းမြင်သာ၍ မြန်ဆန်မှု ရှိသော လုပ်ထုံးလုပ်နည်းများဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အဆင်ြေ ပစေရန်၊ အငြင်းပွားမှုများအတွက် ယုံကြည်စိတ်ချရသည့် လုပ်ထုံးများနှင့် ရင်းနှီးမြှုပ်နှံသူများကို အထောက်အပံ့ဖြစ်စေရန်၊ နိုင်ငံခြားသားများနှင့် နိုင် ငံသားများအကြား ခွဲခြားမှု မရှိခြင်းကို ကြိုတင်သိမြင်နိုင်ရေး ထိန်းကျောင်း
ကြပ်မတ်သည့် ဝန်းကျင်များကို ထူထောင်ရန်၊ စီးပွားရေးလုပ်ငန်းများကို အငြင်းပွား သိမ်းယူခြင်းမှ ကာကွယ်ရန်၊ အခွန်အကောက်များ ရှင်းလင်းပြီးေ နာက် ရရှိသည့် အကျိုးအမြတ်များကို ဥပဒေနှင့်အညီ ပေးဆောင်ရမည့် လွှြဲေ ပာင်းခွင့်များကို ကာကွယ်ရန်၊ကာလရှည် မြေငှားရမ်းခြင်းများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန်ဆိုသော အချက်များ ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားသားပိုင် လုပ်ငန်းများနှင့် နိုင်ငံသားပိုင် လုပ်ငန်းများသည် ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန် ယူရမှုရှိရေးကို ခွဲခြားမှုမရှိ တစ်ပြေးညီ အစဉ်လိုက်နာရန်၊ ရင်းနှီးမြှုပ်နှံခွင့် မရှိသည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်နှင့် လယ်ယာက ဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ နည်းပညာကဏ္ဍ လွှဲပြောင်းပေးနိုင်ကာ ပြည်တွင်း ထုတ်လုပ်မှုအပေါ် အကျိုးရှိနိုင်သည့် လုပ်ငန်းများ၊ အသေးစားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းများကို ဖွံ့ဖြိုးစေမည့် လုပ်ငန်းများ၊ လုပ်သားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင်သည့်
လုပ်ငန်း၊ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လုပ် ကိုင်မည့် လုပ်ငန်းများ၊စက်မှုမြို့များနှင့် အထူးစီးပွားရေးလုပ်ငန်းများ စုဖွဲ့ေ ဆာင်ရွက်နိုင်မည့် လုပ်ငန်းများ၊ ခရီးသွားကဏ္ဍနှင့် စပ်ဆိုင်သည့် လုပ်ငန်း များကို အားပေးကြိုဆိုရန် မူချမှတ်ထားသည်။

သတိထားလေ့လာရန်လိုအပ်သော ကြေညာစာလေးရပ်

ထိုကဲ့သို့ လုပ်ထုံးသစ်များဖြင့် ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူများသည်ြ မန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည့် အမိန့်ကြေ ညာချက် လေးရပ်ကိုလည်း ဂရုတစိုက် လေ့လာရန် လိုအပ်မည်ဖြစ်သည်။

ကနဦးအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုဇုန်အမျိုးအစားများကို သတ်မှတ် ထုတ်ပြန် ထားသည့် အမိန့်ကြေညာစာဖြစ်သည်။ ၄င်းကြေညာချက်သည် ဖွံ့ဖြိုးမှု နည်းပါးသော ဒေသဇုန် အဆင့်(၁)၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဇုန် အ ဆင့် (၂) နှင့် ဖွံ့ဖြိုးမှု ရှိသောဇုန်အဆင့် (၃) ဟူ၍ ခွဲခြား သတ်မှတ်ထုတ်ပြန် ထားသော ထုတ်ပြန်ချက် ဖြစ်သည်။

၎င်းထုတ်ပြန်ချက်သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ဝင်ငွေခွန် သက်သာ ခံ စားခွင့်ရရှိရေးအတွက် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။သို့သော် အခွန်ကင်း လွတ် ခံစားခွင့်အားဖြင့်ဇုန် (၁) အတွင်း ပါဝင်သည့် ဒေသများတွင် ရင်းနှီြး မှုပ်နှံ လုပ်ကိုင်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်၊ ဇုန် (၂) အတွင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်နှင့် ဇုန်(၃) အတွင်း ဝင်ငွေခွန် ကင်းလွတ် ခွင့် သုံးနှစ် ရရှိခံစားနိုင်ခွင့်ရှိရန် သတ်မှတ်ထားသည်။ သို့ရာတွင် နိုင်ငံေ တ်ာက ဦးစားပေး မြှင့်တင်မည့် စီးပွားရေး လုပ်ငန်းကဏ္ဍများတွင် ပါဝင် သည့် လုပ်ငန်းများသာ အခွန်ကင်းလွတ်ခွင့် ရရှိရန် အချက်ကိုလည်း သတိ ထားရန် လိုအပ်သည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်များက အတည်ပြု မိန့်ထုတ်ပေးနိုင်သည့် မတည် ရင်းနှီးငွေပမာဏကို သတ်မှတ် ထုတ်ပြန်ခဲ့သည်။ ၄င်းထုတ်ပြန်ချက်အရ ကန်ဒေါ်လာ ငါးသန်း သို့မဟုတ် မြန်မာကျပ်ငွေ ခြောက်ဘီလျံအထိ ရင်းနှီြး မှုပ်နှံမှု လုပ်ငန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် အဆင့်ဖြင့်သာ လုပ်ငန်းလုပ်ကိုင်ခွင့် တောင်းခံနိုင်ခွင့် ရှိလာခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံမှု မူဝါဒသစ်အရ၊မဟာဗျူဟာအရ အရေးကြီးသော လုပ်ငန်းများ (Strategy Investment)၊ ငွေကြေးပမာဏ အမြောက်အမြား အသုံးပြုမည့် လုပ်ငန်းများ (Capital Intensive)၊ သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုရှိစေသည့် လုပ်ငန်းများ၊ အစိုးရ အဖွဲ့က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်သို့ စိစစ်ရန် တာဝန်ပေးသည့် လုပ်ငန်းများမှာမူ ရင်းနှီးမြှုပ်နှံမှု ပမာဏနှ င့် သက်ဆိုင်ခြင်းမရှိဘဲ ကော်မရှင်ထံမှ ခွင့်ပြုချက်တောင်းခံရန် လိုအပ်မည်ြ ဖစ်သည်။

တတိယ ထုတ်ပြန်ချက်အနေဖြင့် နိုင်ငံတော်က ဦးစားပေးမြှင့်တင်မည့် စီး ပွားရေးလုပ်ငန်းများကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ ယင်းထုတ်ြ ပန်ချက်ကို ဧပြီ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အတွင်း ပါဝင်သ ည့် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်က ဝင်ငွေခွန် ကင်းလွတ်ခွင့်ေ ပးရေးအတွက် ကော်မရှင်သို့ လျှောက်ထားနိုင်ကြောင်း ပူးတွဲဖော်ပြထား သည်။ သို့ရာတွင် ဇုန်သတ်မှတ်ချက်များ အတိုင်းသာ ဝင်ငွေခွန် ကင်းလွတ်ခံ စားခွင့် ရှိမည်လည်းဖြစ်သည်။

နောက်ဆုံးထုတ်ပြန်ချက်အနေဖြင့် ကန့်သတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအ တွက် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်ဖြစ်သည်။ ၄င်းထုတ်ပြန်ချက် အ ရ နိုင်ငံတော်ကသာ လုပ်ကိုင်ခွင့်ရှိသည့် စီးပွားရေး လုပ်ငန်း ကိုးခု၊ နိုင် ငံခြားသား လုပ်ငန်းရှင်များလုပ်ကိုင်ခွင့် မရှိသည့် စီးပွားရေးလုပ်ငန်း ၁၂ ခု ၊နိုင်ငံခြားသားများနှင့် နိုင်ငံသားဖက်စပ်အဖြစ်သာ လုပ်ကိုင်ခွင့်ရှိသည့် စီး ပွားရေးလုပ်ငန်း ၂၂ ခုတို့ကို ဖော်ပြ ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံ သားနှင့် နိုင်ငံခြားသားမည်သူမဆို လုပ်ကိုင်ခွင့်ရှိသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အတည်ပြု ခွင့်ပြုချက်တောင်းခံရန် လိုအပ်သည့် စီးပွားရေး လုပ်ငန်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''ရင်းနှီးမြှုပ်နှံမှုမူဝါဒအရ သတ်မှတ်ချက်ထဲမှာ အကျုံးဝင်တဲ့ လုပ်ငန်းတွေ ကတော့ ရင်းနှီးငွေကြေး ပမာဏ ဘယ်လောက်ပဲဖြစ်ဖြစ် ကော်မရှင်ရဲ့ ခွင့်ြ ပုချက်ယူကို ယူရမှာဖြစ်ပါတယ်။ လုပ်ငန်းအတည်ပြုချက် ယူတယ် ဆိုတာ ကတော့ နိုင်ငံတော်က သတ်မှတ်ပေး ထားတဲ့အခွန်အပါအဝင် တခြားသော ခံစားခွင့်တွေကို ရရှိနိုင်ဖို့အတွက် အတည်ပြုချက် တောင်းခံရတာ ဖြစ်ပါ တယ်'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဝန်ကြီးဌာနများ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့် ရှိသည့် လုပ်ငန်းများအနက် သ တင်း ထုတ်ဝေခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်ရှင်ကားထုတ်လုပ်ခြင်း၊ ရုပ် ရှင်ကား ပြသခြင်းများကဲ့သို့ လုပ်ငန်းအမျိုးအစားရှစ်ခုကိုမူ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရန်၊ စိုက်ပျိုးရေးနှ င့် မွေးမြူရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းအမျိုးအစား ၂၃ မျိုးကို မူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် လုပ် ကိုင်ရန်၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍများအတွင်း အကျုံး ဝင် လုပ်ငန်းများ၊ လေဆိပ်၊ ဆိပ်ကမ်းနှင့် ရေနက်ဆိပ်ကမ်းကဲ့သို့ လုပ်ငန်း များနှင့် သက်ဆိုင်သည့် ၅၆ မျိုးကိုမူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရန်အတွက်လည်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့အတူ ကျောက်မျက်၊ ပုလဲ၊ ဓာတ်သတ္တု၊တောရိုင်းတိရစ္ဆာန်နှင့် သစ်တော ဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သည့် လုပ်ငန်း ၁၄ မျိုးကိုမူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင် ရန်၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကဲ့သို့ လုပ်ငန်းအမျိုးအစား ၁ဝ မျိုးကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ အတည်ြ ပုချက်ဖြင့် ရယူရန်၊ ကာကွယ်ဆေးများ ထုတ်လုပ်ခြင်း ၊ဓာတုဆေးဝါးများ ကဲ့သို့ လုပ်ငန်းလေးမျိုးကိုမူစက်မှုဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် လုပ် ကိုင်ရန်၊ ဆေးရုံတည်ဆောက်ခြင်းနှင့် ဆေးဝါးထုတ်လုပ်ခြင်းများနှင့် သက် ဆိုင်သည့် လုပ်ငန်း ၁၃ မျိုးကိုမူ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရန်၊ မြို့ပြတည်ဆောက်ရေးနှင့် သက်ဆိုင်သည့် လမ်းတံတား တည်ဆောက်ခြင်း၊ လူနေ အဆောက်အအုံများ တည်ဆောက်ခြင်းကဲ့သို့ လုပ်ငန်းကိုးမျိုးကိုမူ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့်
လုပ်ကိုင်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ မူသစ်များဖြင့် ထုတ်ပြန်ထားသော်လည်း ယခုနှစ်အတွက် ရင်းနှီးမြှု ပ်နှံမှုကို ခြောက်ဘီလျံသာ ဆက်လက် ခန့်မှန်းထားရှိဆဲ ဖြစ်သည်။


Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service