စိုက်ဧကသုံးသိန်းခန့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်ရန်ပြင်ဆင်

စိုက်ဧကသုံးသိန်းခန့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်ရန်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
9 May 2017 10:55 am တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး
တစ်ဧက အထွက်နှုန်းတိုးပြီး တောင်သူများ ဝင်ငွေတိုးစေရန်အတွက် ၂၀၁၇ ခုနှစ် မိုးစပါးရာသီမှစကာ အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို စပါးစိုက်ဧကပေါင်း သုံးသိန်းခန့် တွင်ကျယ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ
သိရသည်။

အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်သည် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် နည်းပညာများကို သီးနှံပေါ်ချိန်မှ ပြန်လည် ဖြတ်တောက်ယူမည့်စနစ်ဖြင့် ထောက်ပံ့ပေးထားပြီး သီးနှံပေါ်ချိန်တွင်လည်း ဈေးနှုန်း အတိအကျဖြင့် ပြန်လည် ဝယ်ယူမည့်စနစ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ယင်းစနစ်ကို လုပ်နိုင်ခြေ ရှိ မရှိ ဆွေးနွေးကာ မိုးစပါးဧက တစ်သိန်းခွဲနှင့် နွေစပါးဧက တစ်သိန်းခွဲကို ဇုန်သတ်မှတ်၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ယင်းအသင်းချုပ်ထံမှ သိရသည်။

ယင်းစနစ်ကို အစိုးရဌာနများ၊ တောင်သူများနှင့် ကုမ္ပဏီ၊ စက်ပိုင်၊ ကုန်သည်များ အနေနှင့် သုံးပွင့်ဆိုင် ပါဝင် ဆောင်ရွက်နိုင်ရေးနှင့် တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး စာချုပ်ပါ စည်းကမ်းချက်များကို တစ်ရာသီပြီးတစ်ရာသီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် စံနှုန်းများ၊ စည်းကမ်းချက်များကို အစိုးရထံသို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က လေ့လာပြုစု တင်ပြထားကြောင်း ယင်း အသင်းချုပ်ထံမှ သိရသည်။

တောင်သူများအတွက် အာမခံ ဈေးကွက်နှင့် အာမခံ ဈေးနှုန်းစနစ်တို့ကို ဖော်ဆောင်နိုင်ရန်နှင့် လယ်ယာထွက်ကုန် သီးနှံအရည်အသွေး ပိုမို ကောင်းမွန်စေရန်အတွက် Contract Farming စနစ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းစနစ် ဆောင်ရွက်လိုသူများသည် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ဆောင်ရွက်လိုသည့်ဒေသ၊ စိုက်ဧကနှင့် အစီအစဉ်များ ပေးပို့တင်ပြနိုင်ပြီး လိုအပ်သည့် နည်း ပညာနှင့်၊ ဘဏ္ဍာရေးအကူအညီများ၊ ပေါင်းစပ်ညှိနှိုင်း ကူညီပေးမှုများကို အသင်းချုပ်က စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service