ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံတို့
အကြား ခရီးသွားလုပ်ငန်းပိုင်း ပိုမိုတိုးမြင့် ပူးပေါင်းသွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထား
ပါတယ်။
လာအိုနိုင်ငံမှာ မေလ ၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ နှစ်ရက်
ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ခရီးသွားလုပ်ငန်းပိုင်း
တိုးမြင့် ပူးပေါင်းသွားရေးနဲ့ပတ်သတ်လို့ ယခုလို နိုင်ငံ
ငါးနိုင်ငံက ခေါင်းဆောင်တွေအကြား သဘောတူညီချက်
ရခဲ့တာဖြစ်ပါတယ်။
ယင်း အလုပ်ရုံဆွေးနွေးပွဲဟာ အဆိုပါ နိုင်ငံငါးနိုင်ငံအကြား
အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍ တွေနဲ့ပတ်သက်လို့ ပထမဆုံး
ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ကိုယ်စားပြုတက်ရောက်လာသူ
တွေဟာလည်း ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လို့ အသီးသီး ဆွေးနွေးသွားခဲ့ကြပါတယ်။
ယခုအခါမှာတော့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ကမ္ဘာတစ်ဝှမ်း ဘယ်နေရာမှာမဆို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဓိကစီးပွားရေး
ကဏ္ဍတစ်ခု အဖြစ် ရောက်ရှိနေပြီဆိုပြီးတော့လည်း လာအိုရဲ့ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ
ဒုဝန်ကြီး Savankhone Razmountry က ပြောပါတယ်။
" ဒီ နိုင်ငံငါးနိုင်ငံဟာဆိုရင် သူတို့ တစ်နိုင်ငံချင်းစီမှာလည်း
ထူးခြားတဲ့ ယဉ်ကျေးမှု တွေ၊ သဘာဝ အလှအပတွေနဲ့ ခရီး
သွားလုပ်ငန်း အခြေခံအဆောက်အအုံတွေ ရှိနေကြတာဖြစ်လို့ ခရီးသွားလုပ်ငန်းပိုင်းမှာ အလားအလာကောင်းတွေ အများကြီး
မြင်တွေ့နေရပြီ ဖြစ်ပါတယ်" လို့ ၎င်းက ထပ်လောင်းပြောဆို
သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း ကမ္ဘောဒီးယား၊လာအို၊ မြန်မာနဲ့
ဗီယက်နမ် နိုင်ငံလေးနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ
ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ရန်ကုန်မြို့မှာ ကျင်းပခဲ့
သေးတယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First