နိုင်ငံအတွင်း ၂၀၂၀ ပြည့်နှစ်မကုန်မီ တည်ဆောက်မည့် အိမ်များ၏ ထက်ဝက်သည် သဘာဝပတ်ဝန်းကျင်နှင့်ညီညွတ်၊ ရှေးရှုသော နေအိမ်အဆောက်အအုံများ ဖြစ်လာမည် ဖြစ်ကြောင်း တရုတ်အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက မေ ၄ တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်တွင် "အသင့်ဆောက်လုပ်ပြီးအိမ်ခန်းအပိုင်းအစများကို တည်ဆောက်မည့်နေရာသို့ ယူလာကာ လျှင်မြန်စွာ တည်ဆောက်သော နေအိမ်အဆောက်အအုံ" များက ၂၀၂၀ ပြည့်နှစ်မကုန်မီ အသစ်တည်ဆောက်သည့် နေအိမ်များ၏ ၁၅ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းရသဖြင့် ၎င်းတို့သည် တရုတ်ဆောက်လုပ်ရေးကဏ္ဌ၏ ဖွဲ့စည်းပုံကို တစ်ဖက်တစ်လမ်းမှ အဆင့်မြှင့်ပေးမည်ဖြစ်ကြောင်းလည်း
ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းအဆောက်အအုံများသည် သမားရိုးကျနည်းလမ်းနှင့်ယှဉ်လျှင် ဆောက်လုပ်ချိန်ကို ၅၀ ရာခိုင်နှုန်း သက်သာစေကြောင်း အမေရိကန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ ModSpace က ထုတ်ပြန်ခဲ့သည်။
တရုတ်သည် ၎င်း၏ဆောက်လုပ်ရေးကဏ္ဌမှ ပြည်တွင်းအသားတင်ထုတ်ကုန်ကို ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြား နှစ်စဉ် ၁၈ ဒသမ ၁ ထရီလျံ ယွမ် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံ) ရရှိရန် သို့မဟုတ် ပြည်တွင်းအသားတင်ထုတ်ကုန်စုစုပေါင်း၏ ၇ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားမူ နှစ်စဉ် ဆောက်လုပ်ရေးကဏ္ဌမှ
ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၁၃ ဒသမ ၄၈ ရာခိုင်နှုန်းပင် ရှိခဲ့ကြောင်းလည်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com