ရန်ကုန်- မြန်မာနိုင်ငံရှိ မဟာဗျူ ဟာအရ အရေးပါသော ပင်လယ် ဆိပ်ကမ်း တွင် အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ ရယူရန် တရုတ်နိုင်ငံက ကြိုးစားနေ သည်ဟု ရိုက်တာသတင်းဌာနက စာရွက်စာတမ်းများကို ကိုးကား၍ ရေး သား သည်။
မြန်မာအရပ်သား အစိုးရနှင့် တရုတ်၏ နိုင်ငံပိုင် စီးပွားရေးအုပ်စုကြားေ ဆွးနွေးမှုများနှင့် အကျွမ်းတ၀င်ရှိသူ သုံးဦးနှင့် ရိုက်တာက မြင်တွေ့ခဲ့သော စာရွက်စာတမ်း များအရ ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ကြေး ရှိ ရေနက်ဆိပ်ကမ်းတွင် ၇၀ မှ ၈၅ ရာခိုင်နှုန်းအထိ ဝေစုပါဝင်ရေး CITIC Group ဦးဆောင်သော လုပ်ငန်းစုက အဆိုပြုထားသည်။
တရုတ်ဘက်က အဆိုပြု ထားသော ဝေစုသည် ပြီးခဲ့သည့် နှစ်အတွင်း မြန် မာနိုင်ငံက အဆို ပြုထားသော ၅၀/၅၀ ထက် သိ သာစွာများပြားေ ကြာင်း ဆွေးနွေးမှုတွင် ပါဝင်သူ နှစ်ဦးက ပြော ကြားသည်။ ၅၀/၅၀ ဝေ စုကို CITIC Group က ပယ်ချထားသည်ဟုလည်း ဆိုသည်။
တရုတ်နိုင်ငံသည် ကန်ဒေါ် လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံဆည် စီမံကိန်းကို စွန့်လွှတ်ရန် အချက်ပြခဲ့ပြီး အပြန်အလှန် အားဖြင့် ကျောက်ဖြူ ဆိပ်ကမ်း အပါအ၀င် မြန်မာနိုင်ငံ၏ အခြားအရေးပါသော အခွင့်အလမ်း များတွင် လိုက်လျောမှု ရရှိရန် ရှာဖွေနေသည်ဟု ၎င်း၏ သတင်းရင်းမြစ် များ က ပြီးခဲ့သည့် လအတွင်း ပြောကြားကြောင်း ဖော်ပြသည်။
ရေကြောင်းသွားလာမှုများ ပြားသော မလက္ကာရေလက်ကြားကို ရှောင်ရှား ၍ အရှေ့အလယ်ပိုင်းမှ စွမ်းအင်ပစ္စည်းတင်သွင်းမှုများအတွက် လမ်းေ ကြာင်းတစ် ခုဖြစ်သော တရုတ်၏ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု စတင် ရာဆိပ်ကမ်းဖြစ်၍ ကျောက်ဖြူသည် တရုတ်အတွက် အရေးပါကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် အထူး စီးပွားရေးဇုန် ထူထောင်ရေး ကျောက်ဖြူ ဆိပ် ကမ်းသည် စီမံကိန်းနှစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းတွင် စက်မှုဇုန် တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
ဘေဂျင်းအခြေစိုက် CITIC အုပ်စုက မှတ်ချက်ပေးရန် တောင်းဆိုမှု အများ အပြားကို မတုံ့ပြန်ခဲ့ ကြောင်းနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဖက်စ်ပို့၍ မှတ်ချက်တောင်းခံခဲ့ခြင်းကို လတ်တလောမတုံ့ပြန်ခဲ့ကြောင်း ရိုက် တာသတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံနှင့် CITIC အုပ်စုကြား ညှိနှိုင်းဆွေးနွေးမှုများသည် လာမည့် သီတင်းပတ်အတွင်း စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် စတင် မည်ဖြစ်ကြောင်း ရိုက်တာက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထား သည်။
Credit: 7DayDaily