နေပြည်တော် ကောင်စီနယ်မြေရှိ ဇေယျာသီရိ မြို့နယ်အမှတ် (၁၂၂) တပ် ရင်းက သိမ်းဆည်းထားသော လယ်ယာ မြေပေါ်တွင် လုပ်ကိုင်စားသော က်နေသည့် အိမ်ထောင်စု ၅၁ စုအား ပုပ္ပားကုန်းရပ်ကွက်သို့ ပြောင်းရွှေ့ပြီး အခမဲ့မြေကွက်များ ချပေးခဲ့သည်။
အဆိုပါ မိသားစုဝင်များ သည် ယခင်က အမှတ် (၁၂၂) တပ် ရင်းအနီးရှိ လွှဲကြီးကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ယခုပြောင်းရွှေ့နေထိုင်မည့် ဇေ ယျာသီရိမြို့နယ်ရှိ ပုပ္ပားကုန်းရပ်ကွက်၌ ပေ ၆၀ ပတ်လည် မြေကွက်များကို သက်ဆိုင်ရာက အခမဲ့ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
‘‘အခု အစိုးရသစ်ရဲ့ အစီအစဉ်အရ သူတို့ဝင်းထဲမှာ ပါသွားတဲ့ တောင်သူေ တွကို အဆင်ပြေ အောင်ချထားပေးခဲ့တာပါ’’ဟု ပုဗ္ဗသီရိမြို့နယ်မှ အမျိုး သားလွှတ် တော်ကိုယ်စားလှယ် ဦးမောင် မောင်ဆွေက ပြောသည်။
ထို့အပြင် ယခုနေရာတွင် လာရောက်နေထိုင်မည့် အိမ် ထောင်စုများအတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်နိုင်ရန် မြေလွတ် မြေရိုင်းများကို ဖော်ထုတ်ချထား ပေးမည်ဟု ဦးမောင်မောင်ဆွေက ဆိုသည်။
‘‘တစ်ဦးကို ဧကဘယ် လောက်ပေးမယ်ဆိုတာကို ညှိနှိုင်းမှုတွေ လုပ်ရဦး မှာ ဖြစ်တယ်’’ဟု၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မိသားစုများကို ပြောင်းရွှေ့စရိတ်အဖြစ် ကျပ်တစ်သိန်းနှင့် တစ် ပတ်စာအသုံးပြုရန် ဆန်အပါအ၀င် တစ်ဦးလျှင် ကျပ် ငါးသိန်းဖိုးထောက်ပံ့ေ ပးမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ၀န်ြ ကီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယခုကဲ့သို့ အစိုးရ၏ ထောက်ပံ့ချက်ဖြင့် ပြောင်းရွှေ့ခဲ့ရသည့်ပေါ် ၀မ်းသာ၊ ၀မ်းနည်းဖြစ်မိကြောင်း လွှဲကြီးရွာသား ဦးစိုးကျော်က ပြောသည်။ ‘‘၀မ်းနည်း တာကတော့ နှစ် ပေါင်းများစွာနေလာခဲ့တဲ့ နေရာ ကို ထားခဲ့ရလို့ပေါ့။ ၀မ်း သာတာကတော့ ဒီမှာစာရင်းဝင်၊ အင်းဝင် တယ်လေ’’ဟု ၎င်းက ဆိုသည်။
လွှဲကြီးကျေးရွာမှ ပြောင်း ရွှေ့လာသော အိမ်ထောင်စု ၅၁ စုအတွက် ပုပ္ပား ကုန်းရပ်ကွက် တွင် လုပ်ကွက်ပေါင်း ၇၆၁ ကွက် ဖော်ထား၍ ချထားပြီး အ ကွက်၇၄၅ ကွက် ရှိသည်ဟု ထုတ်ပြန် သည်။
Credit: 7DayDaily