မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးတည် ဆောက်ရေးဝင်းရှိ စည်ပင်သာယာပိုင် နိုဗယ်မင်္ဂလာဟိုတယ်ကို တစ်နှစ်လျှင် ကျပ်သိန်း ၇,၀၀၀ ဖြင့် ၁၅ နှစ် စာချုပ်ချုပ်ဆိုကာ ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြု ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်း ရရှိ သည်။
၂၀၁၅ တွင် စတင်ဖွင့်လှစ်ချိန်က နိုဗယ်မင်္ဂလာဟိုတယ်ကို တစ်နှစ်လျှင် ကျပ်သိန်း ၉,၃၆၀ ဖြင့်ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့ပြီး ယခု ငှားရမ်း ခသည် ကျပ်သိန်း ၂,၀၀၀ ကျော် လျော့နည်းခဲ့သည်။
‘‘ပထမဆုံး တစ်နှစ်ကို သိန်း ၉,၀၀၀ ကျော်နဲ့ ငှားရမ်းလုပ်ကိုင်တဲ့ လုပ်ငန်း ရှင်က သူတော့ အရှုံးပေါ်နေပါတယ်၊ ဆက်မလုပ်နိုင်တော့ပါဘူးဆိုပြီး ပြန် အပ်တဲ့အတွက် နှစ်ဖက်သဘောတူညီချက် အရ စာချုပ်ဖျက်သိမ်းပြီး နောက် လူ လုပ်ကိုင်လို့ရအောင် တင်ဒါ ခေါ်တာဖြစ်ပါတယ်။ အိတ်ဖွင့်တင်ဒါစနစ်နဲ့ အများဆုံးပေးတဲ့လုပ်ငန်းရှင်ကို လုပ်ကိုင်ခွင့်ပေး တာဖြစ်ပါတယ်’’ဟု မန္တေ လးမြို့ တော်စည်ပင်သာယာရေးကော်မ တီတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
နိုဗယ်မင်္ဂလာဟိုတယ်သည် အခန်း ၅၂ ခန်းပါ RC ငါးထပ်အဆောက် အ အုံဖြစ်ပြီး အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကသို့ ငှား ရမ်းလုပ်ကိုင်ခွင့်ပြုရန် ပြီးခဲ့သည့် ဧပြီက စတင်ကာ တင်ဒါခေါ်ယူပြီးလုပ်ငန်းရှင်ခုနစ်ဦးက တင်ဒါ တင် သွင်းခဲ့ကာ ဟိုတယ်ငှားရမ်းလုပ် ကိုင်ခွင့်အတွက် တစ်လကျပ်သိန်း ၄၇၀၊ တစ်နှစ်ကျပ်သိန်း ၅,၆၄၀ ကြမ်းခင်းဈေးသတ်မှတ်ပြီး မေ လ ၅ ရက်ေ န့က တင်ဒါလုပ်ငန်း များစိစစ်ဆောင်ရွက်ခဲ့ရာ လုပ် ငန်းရှင်ခုနစ်ဦးထဲမှ အများဆုံး ပမာဏအဖြစ် တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၇,၀၀၀ ပေးကာ လုပ် ကိုင်ခွင့်ရရှိခြင်းဖြစ်သည်ဟု ဆို သည်။
လုပ်ကိုင်ခွင့်ကို ၁၅ နှစ် သတ်မှတ်ထားပြီး ငှားရမ်းခကို တစ်နှစ်ချင်း ပေး သွင်းရမည်ဖြစ်ကာ ငှားရမ်းခနှုန်းထားကို ငါးနှစ်တစ်ကြိမ် ပြင်ဆင် သတ် မှတ်ဖွယ် ရှိကြောင်း စည်ပင်သာယာတာဝန် ရှိသူက ပြောသည်။
နိုဗယ်မင်္ဂလာဟိုတယ်သည် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားသည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဟိုတယ်ငါးလုံးအနက် ငှားရမ်းခ အများဆုံးရရှိသည့် ဟိုတယ်ဖြစ် သည်။
မန္တလေးမြို့တော်စည်ပင်သည် ကော်မတီပိုင် ဟိုတယ်များ ဖြစ်သည့် ဟို တယ်မန္တလေး၊ မင်း သားကြီး၊ နဒီမြန်မာနှင့် မန္တလေး စီးတီးဟိုတယ်တို့ကို လည်း ပုဂ္ဂလိကသို့ ငှားရမ်းထားပြီး အဆိုပါဟိုတယ်များအတွက် လစဉ် ငှား ရမ်းခ ကျပ်သိန်းဆယ်ဂဏန်းမျှသာ ရရှိပြီး နဒီမြန်မာဟိုတယ်ကို တစ်နှစ် ငှား ရမ်းခကျပ်သိန်း ၆၀ ကျော်ဖြင့်ငှားရမ်းထားကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းသည့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မှု အခြေအနေတင်ပြ ချက် အစီရင်ခံစာတွင် ဖော်ပြထား သည်။
Credit: 7DayDaily