မီးလင်းရွှေခွန်၊ လက်ဝတ်ရတနာရွှေထည်ခွန်စတဲ့ အခွန်သတင်းတွေေ ကြာင့် ပြည်တွင်း ရွှေဈေးကွက်ဟာ အေးစက်နေတယ်။ ဝယ်ယူသူအများစု က စောင့်ကြည့်နေတာကြောင့် ဈေးကွက် အေးနေရခြင်း ဖြစ်ပါတယ်။ ပြည်တွင်းရွှေဈေးကလည်း ဧပြီလ အတွင်း တစ်ကျပ်သားကို ကျပ် ၉၁၀,ဝ၀ဝ အ ထိ ဈေးမြင့်တက်ခဲ့ပြီး အနည်းငယ် ပြန်လည် ကျဆင်းလာခဲ့ပါတယ်။
ဒေါ်လာဈေးကလည်း ကျဆင်းနေတာကြောင့် ကျပ် ၉၀ဝ,ဝ၀ဝ အောက် ကို ပြန်ရောက်နိုင်ခြေ ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကြောင့် အကျဘက်ကို ဦးတည်နေပါတယ်။ ဧပြီလလယ်ပိုင်းလောက်က ကမ္ဘာ့ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၉၅ အထက်မှာ ရှိခဲ့ပေမဲ့ ယခုမှာတော့ ၁၂၅၀ ၀န်း ကျင်သာ ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံရေး ရှုပ်ထွေးမှုတွေက ကမ္ဘာ့ရွှေဈေးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။ လတ်တလော မြောက်ကိုရီးယား လုပ်ေ ဆာင်ချက်တွေအပေါ် ကမ္ဘာ့အရေး မှီခိုနေရသလို ဖြစ်တာကြောင့် အမေရိ ကန်နဲ့သာ ဖြစ်ပွားပါက ကမ္ဘာ့ရွှေဈေးတက်မှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အ ချက်အလက် တွေအရတော့ ကမ္ဘာ့ရွှေဈေးကို အကျဘက် ဦးတည်နေစေပါ တယ်။ ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ဈေးအကျ၊ ငွေဈေးအကျနဲ့ ကျပ် ၉၀ဝ,ဝ၀ဝ အောက်ကို ရောက်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
Credit: The Kumudra