ပဲခူးဒေသ မြို့ ပြစီမံကိန်းအသစ်သည် တစ်နိုင်ငံလုံးအတွက် အလွန်အရေးပါ

ပဲခူးဒေသ မြို့ ပြစီမံကိန်းအသစ်သည် တစ်နိုင်ငံလုံးအတွက် အလွန်အရေးပါ - Property News in Myanmar from iMyanmarHouse.com
4 May 2017 11:11 am တွင် တင်ခဲ့သည်
1385 ကြိမ် ကြည့်ရှု့ပြီး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ မေ ၂ ရက် နံနက် ၁ဝ နာရီက ပဲခူးဒေသ မြို့ပြစီမံကိန်းအသစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကြောင့် ပဲခူးဒေသသည်International Gate-Way တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ပဲခူးဒေသ မြို့ပြစီမံကိန်းအသစ်သည် ပဲခူးမြို့တစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် အလွန်အရေးပါကြောင်း၊ မြို့ပြစီမံကိန်းအသစ်ရေးဆွဲရာတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အခြေခံအချက်အလက်များ (ဥပမာ-လမ်း၊ ဆေးရုံ၊ စာသင်ကျောင်း၊စက်မှုဇုန်၊ ဟိုတယ်ဇုန်၊ အိမ်ရာ) စသည်တို့ ပါဝင်ရန်လိုအပ်ကြောင်း၊ နောင်အနာဂတ် နှစ် ၃ဝ အထိ မျှော်မှန်းရေးဆွဲထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဘုရားကြီးလမ်းဆုံရှိ ဈေးကိုလည်း အထပ်မြင့်ဈေးတစ်ခုအဖြစ် ကြိုတင်စီမံရေးဆွဲထားရန် လိုအပ်ပါကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်အလုပ်လုပ်ကိုင်ကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအတွက် နေထိုင်ရာအဆောက်အအုံ၊ ဈေးများ၊ ဆေးရုံများ၊ စာသင်ကျောင်း များ စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပဲခူးဒေသအတွက် လိုအပ်သည့် မြို့ပြစီမံကိန်းအသစ်ရေးဆွဲခြင်းသည် အလွန်အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်း က ယခုတစ်ပတ်အတွင်း ပဲခူးဒေသပတ်ဝန်းကျင်၌ အချက် အလက်များ စုဆောင်းသွားမည်ဖြစ်ပြီး ရရှိလာသည့်
အချက်အလက်များအပေါ်မူတည်ပြီး စီမံကိန်းနယ်မြေအလိုက် ပိုင်းခြားသတ်မှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒီလိုနယ်မြေပိုင်းခြားသတ်မှတ်ခြင်းအားဖြင့် လုပ်ငန်းတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တစ်နေရာတည်းစီမံဆောင်
ရွက်ပေးနိုင်မှာဖြစ်ကြောင်းနှင့် မြို့တစ်မြို့အတွက် လိုအပ်သည့်အချက်အလက်များကို ကောင်းမွန်ပြည့်စုံအောင် ရေးဆွဲပေးသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက မြို့ပြစီမံကိန်း အသစ်ရေးဆွဲအတည်ပြုပြီးမှသာ မြေယာနှင့်ပတ်သက်သည့် ကျန်သည့်ကိစ္စရပ်များအား ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပဲခူးမြို့သည် လမ်းဆုံမြို့တစ်ခုဖြစ်နေသဖြင့် ဝင်/ထွက် သွားလာမှုများပြားနေ၍ လမ်းများထပ်မံဖောက်လုပ်ရန်လိုအပ်ပါက အုပ်ချုပ်ရေးကဏ္ဍအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်) မှ ဒုတိယညွှန်
ကြားရေးမှူး ဦးဇော်ဇော်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service