ကိုရီးယားမြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအနေဖြင့် ရန်ကုန် ဒလမြစ်ကူးတံတားအားအမြန်ဆုံး တည်ဆောက်နိုင်ရန် လူထုသဘောထားထောက်ခံလက်မှတ်ထိုးပွဲတစ်ခုကို ယခုလ ၃ ရက်က ဒလမြို့နယ်သင်္ဘောဆိပ်၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပွဲကို ဒလမြို့နယ်အတွင်းရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများက ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး လတ်တလော လူဦးရေ ၂၀၀၀ ကျော် ထောက်ခံလက်မှတ်ထိုးထားကြောင်းသိရသည်။
`ဒီတံတားတည်ဆောက်ဖို့အတွက် ကိုရီးယားနိုင်ငံက ငွေထုတ်ချေးပေးထားတယ်။ကျွန်တော်တို့ ကြားသလောက်ဆိုရင် အမေရိကန်ဒေါ်လာ ၃၈၃ သန်း ချေးပေးထားတယ်လို့ကြားတယ် တံတားစဆောက်မယ့် ကာလထက်ကျော်လွန်နေတဲ့အတွက်အခုလို လူထုထောက်ခံကြောင်း လက်မှတ်ကောက်ယူတာဖြစ်ပါတယ် နောက်ရက်တွေမှာလည်း ဒလမြို့နယ်မှာရှိတဲ့ ရပ်ကွက်တွေ ကျေးရွာတွေအထိဆင်းပြီး ကောက်ခံသွားမှာပါ။ ` ဟု အဆိုပါလူထုလက်မှတ်ကောက်ခံပွဲတွင် ပါဝင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရပ်ကွက်ပေါင်း ၂၅ ရပ်ကွက်၊ ကျေးရွာ ၂၄ ရွာရှိကာ လူဦးရေ ၁ သိန်း ၇ သောင်းနေထိုင်ကြောင်းသိရသည်။
Credit: Pyi Myanmar