နိုင်ငံတကာ အဆင့်မီဟိုတယ်တစ်ခုပါဝင်မည့် Tourism University တစ်ခုကို နေပြည်တော်တွင် တည်ဆောက်သွား မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ Tourism University ကို တည်ဆောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ Osaka University of Tourism မှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနတို့ ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး တက္ကသိုလ်နှင့်အတူ နိုင်ငံတကာ အဆင့်မီဟိုတယ်တစ်ခုကိုပါ ပူးတွဲ တည်ဆောက်သွားမည်ဖြစ်ကာ အဆိုပါ တက္ကသိုလ်အတွက် အမေရိကန် ဒေါ်လာသန်း ၂ဝဝ အကုန်အကျခံ တည်ဆောက်ရန် လျာထားပြီး လာ မည့် ၂ဝ၂ဝ ပြည့်နှစ်တွင် saka University ၏ နှစ် (၁ဝဝ) ပြည့်နှင့် တိုက်ဆိုင်၍ ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့် ထွေးက ''အခုမှစပြီးတော့ နှစ်ဖက် စတင်ဆွေးနွေးတဲ့အဆင့်ပဲရှိပါသေးတယ်။ အကောင်အထည်ဖော်ဖို့ အတွက်ကတော့ နောက်ထပ်အဆင့် တွေ အများကြီး ရှိပါသေးတယ်။ သူတို့ဘက်ကလည်း လုပ်ဆောင်မယ့် စီမံချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေအပေါ် ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အဆင့်ကို ဆက်လက် တင်ပြသွားရဦးမှာပါ''ဟု ဧပြီ ၃ဝ ရက်က ဒီမိုကရေစီတူဒေးသို့ပြော သည်။
တက္ကသိုလ်နှင့်အတူပူးတွဲတည် ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဟိုတယ်တွင် အဆိုပါ တက္ကသိုလ်တွင် ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်းသူများကို Internship ပြုလုပ်နိုင်ရန်အတွက် စီစဉ်ပေးသွား မည်ဖြစ်ပြီး၊ ဘွဲ့လွန်၊ မဟာဘွဲ့များ အထိ သင်ကြားပေးသွားရန် စီစဉ် ထားကြောင်း သိရသည်။
''ကျွန်တော်တို့ ဝန်ကြီးဌာနအနေ နဲ့ ရည်မှန်းထားတာကတော့ ဘွဲ့ လွန်၊ မဟာဘွဲ့တွေအထိ၊ အဲဒါတွေ အပြင် နောက်တော့ ဒီထက်မြင့်တဲ့ ဘွဲ့တွေအထိဆက်သွားဖို့အတွက် လည်း စီစဉ်ထားတာတွေရှိပါတယ်။ ဒါတွေကလည်း ပညာရေးဝန်ကြီး ဌာနနဲ့ ပူးပေါင်းချိတ်ဆက်ပြီးတော့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ အဓိကကတော့ ပညာရေးဝန်ကြီးဌာန က ဦးဆောင်သွားမှာပါ''ဟု ဦးမြင့် ထွေးက ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်ရှိ National Management Degree Collegeန နှင့် မန္တလေးရှိ Mandalar Degree College များတွင် Tourism ပညာရပ်များ သင်ကြားပေးနေပြီး B.A (Tourism) ဘွဲ့ကိုပေးအပ်လျက် ရှိကြောင်းသိရသည်။
Credit: Yangon Media Group