ပြည်ပပို့ကုန်လုပ်ငန်းရှင်များက သင်္ကြန်ပိတ်ရက်နောက်ပိုင်း အမေရိကန်ဒေါ်လာရောင်းချ မှုများကြောင့် ပြင်ပဈေးကွက်တွင် မေလ ၂ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၄၈ ကျပ်သို့ ကျဆင်းလာ သည်။
မိုးရာသီရောက်ရှိတော့မည် ဖြစ်၍ တောင်သူလယ်သမားများ က သီးနှံရောင်းချမှုများသော ကြောင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်များတွင် ကျပ်ငွေလိုအပ်ချက်များ လာကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့က ပြောသည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းရှင်များက ဒေါ်လာများ ဈေးကွက်အတွင်း ရောင်းချလာရာ ဒေါ်လာဝယ်လို အားနည်းပြီး ရောင်းလိုအားများ နေသဖြင့် ဈေးကျဆင်းခြင်းဖြစ် သည်ဟု ၎င်းတို့က ဆိုသည်။
‘‘ရောင်းသူများတဲ့အချိန်မှာ ၀ယ်မယ့်သူကလည်း ဈေးထပ်ကျ မလားစောင့်ကြည့်နေတော့ ဈေး ကအနည်းငယ် ကျလာတယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုးသည် ဧပြီ ၂၆ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၂ ကျပ်သို့ မြင့်တက်ခဲ့ပြီးနောက် ဆက်တိုက်ပြန်လည် ကျဆင်းလာ ပြီး မေလ ၂ ရက်တွင် တစ်ဒေါ်လာ ၁,၃၄၈ ကျပ်သို့ ရောက်ရှိလာ သည်။
ယခုတစ်ပတ်တွင် ပြင်ပဈေး ကွက်၌ ၀ယ်လိုအားနည်းနေခြင်း ကြောင့် ဒေါ်လာတန်ဖိုး ဆက်လက် ကျဆင်းနိုင်သည်ဟု ငွေလဲ ၀န်ဆောင်မှု လုပ်ကိုင်နေသူ တစ်ဦးက ခန့်မှန်းသည်။
ပြင်ပဈေးကွက်တွင် ဒေါ် လာဈေးကျဆင်းနေသော်လည်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း မှာ တစ်ဒေါ်လာလျှင် ၁,၃၅၈ ကျပ်ဖြစ်သည်။ ထို့ကြောင့် ပြင်ပ ဈေးကွက်ပေါက်ဈေးထက် တစ် ဒေါ်လာ ၁၀ ကျပ်ပိုများနေသည်။
ပြင်ပဈေးကွက်တွင် ဒေါ် လာဈေးကဆင်းသကဲ့သို့ ကမ္ဘာ့ ရွှေဈေးမှာလည်း တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁,၂၅၀ မှ ၁,၂၃၆ ဒေါ်လာသို့ ကျဆင်း လာသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်း မှုကြောင့် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ကိုးသိန်း ရှစ်ထောင်မှ ကျပ်ကိုးသိန်းခြောက် ထောင်သို့ ကျဆင်းခဲ့သည်။
Credit: 7DayDaily