ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည်

ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
2 May 2017 11:42 am တွင် တင်ခဲ့သည်
4674 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ဘရွတ်ကလင်းမြို့ ရှိ အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံးဝန်းကျင်ဖြစ်သော Park Slope အရပ်တွင် သမ္မတဟောင်း ဘားရက်အိုဘားမားနေထိုင်ခဲ့ဖူးသည့် အပေါ်ဆုံးထပ် တိုက်ခန်းကို ကန်ဒေါ်လာ ၄ ဒသမ ၂၉၅ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိုဘားမားသည် အိမ်ဖြူတော်သို့ မရောက်ရှိမီ ၁၉၈၀ ပြည့်လွန်
အလယ်ပိုင်း ကာလများတွင် အဆိုပါအခန်း၌ ငှားရမ်းနေထိုင်ခဲ့ဖူးသည်။
မိသားစုတစ်စုစာသာ နေထိုင်နိုင်သည့် အခန်းဖြစ်ပြီး ၁၉၀၁ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံတစ်ခု ဖြစ်ကာ
ပြန်လည်မွမ်းမံမှုများစွာ အစဉ်အဆက် ပြုလုပ်ထားသည့် အဆောက်အအုံလည်း ဖြစ်သည်။

အိုဘားမားသည် ကိုလံဘီယာတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက်ပိုင်း ယင်းအခန်းတွင် ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု ဈေးကွက်တင်သည့် အကျိုးဆောင် ဘရောင်း ဟဲရစ် စတီဗင်စ်က ပြောကြားသည်။

ပူလစ်ဇာဆုရ သတင်းထောက် ဒေးဗစ် မာရာနစ်စ်ရေးသားသည့်
“Barack Obama: The Story” အမည်ရှိ စာအုပ်တွင် အိုဘားမားနှင့် သူ၏မိန်းကလေးမိတ်ဆွေ (girlfriend) တို့သည် ၁၉၈၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် ယခုအခန်း၌ ငှားရမ်းနေထိုင်ခဲ့ဖူးကြောင်း ရေးသားဖော်ပြခဲ့ဖူးသည်။

ထိုစဉ်က အိုဘားမားတွဲခဲ့သည့် girlfriend မှာ Genevieve Cook အမည်ရှိ မိန်းကလေးဖြစ်သည်ဟု ဆိုသည်။
သမ္မတဟောင်းအိုဘားမားက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော “Dreams From My Father” စာအုပ်တွင်မူ အဆိုပါမိန်းကလေး၏ အမည်နာမကို ထုတ်ဖော်ရေးသားထားခြင်းမရှိသော်လည်း နယူးယောက်မြို့တွင် လူဖြူမိန်းကလေးတစ်ဦးနှင့် ဆုံစည်းခဲ့ကြောင်း
ကိုမူ ထည့်သွင်းရေးသားခဲ့ဖူးသည်။

အိုဘားမားသည် ယခုအခန်းတွင် အချိန်ကာလမည်မျှကြာကြာနေထိုင်ခဲ့သည်ကိုမူ မစ္စတာ မာရာနစ်စ်က ရေးသားဖော်ပြခဲ့ခြင်း မရှိချေ။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၃၈၆၀ ကျယ်ဝန်းပြီး အခန်းပေါင်း ၁၀ ခန်းပါဝင်ကာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။
မီးလင်းဖို ၄ ခုအပြင် ကိုယ်ပိုင်ပန်းခြံတစ်ခုလည်း ပါဝင်ပြီး Prospect Park နှင့် Grand Army Plaza တို့နှင့် နီးကပ်စွာတည်ရှိသည်။

လက်ရှိပိုင်ရှင်များမှာ အဆိုပါအခန်းကို ၁၉၉၄ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဘားရက်အိုဘားမားသမ္မတမဖြစ်မီ girlfriend တစ်ဦးနှင့်အတူ နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းတိုက်ခန်း ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service