ပြီးခဲ့တဲ့အစိုးရအပြောင်းအလဲကာလတစ်လျှောက် ငြိမ်သက်
သွားခဲ့တဲ့ မြို့တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေ အခုဘဏ္ဍာ
နှစ်မှာ ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်မိတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။
မို့တွင်းအထပ်မြင့်နဲ့ တိုက်ခန်းတည်ဆောက်မှုလုပ်ငန်းတွေမှာ သတ်မှတ်စံချိန်စံညွှန်းနဲ့ကိုက် ညီမှုရှိမရှိ စစ်ဆေးကျတ်မတ်မှုတွေများခဲ့ပြီး အစိုးရစီမံကိန်းတွေမှာလည်း စစ်ဆေးရေးအဖွဲ့ပေါင်းစုံဖြင့်
ဆောင်ရွက်မှုကြောင့် ဆောက်လုပ်ရေးအများစု အလုပ်
မဖြစ်ခဲ့ဘူးလို့ Tri Asia ဆောက်လုပ်ရေးလုပ်ငန်းရှင်
ကိုသန့်ဇင်ကပြောပါတယ်။
“ ဒီနှစ်တော့လုပ်ငန်းတွေပြန်ကောင်းမယ်လို့ ကျွန်တော်တို့မျှော်
လင့်ထားတယ်၊ ပြီးခဲ့နှစ်တုန်းက အစိုးရစီမံကိန်းတွေဆို အရည်
အ သွေးကောင်းမကောင်း ဌာနဆိုင်ရာတွေကော၊ လွှတ်တော်
ကိုယ်စားလှယ်တွေကပါ အသေအချာစစ်တော့ လုပ်ငန်းရှင်တွေရ
တဲ့ ဈေးနဲ့ မကိုက်တော့လုပ်ငန်းရှင်တွေ အလုပ်လုပ်ရတာအဆင်
မပြေခဲ့ဘူး”လို့ သူကပြောပါတယ်။
မြို့တွင်းအိမ်ခြံမြေအရောင်းအဝယ်တွေနဲ့ တိုက်ရိုက်ချိပ်ဆက်နေ
တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း အိမ်ခြံမြေဈေးကွက် အေးစက်မှုနဲ့အတူ လုပ်ငန်းအများစု ဟန်မပျက်လှုပ်ရှားနေပေမယ့် အရောင်းအဝယ်ဈေးကွက်က မရှိသလောက်ပြတ်တောက်နေ ခဲ့တာလည်းဖြစ်ပါတယ်။
အစိုးရသစ်ရဲ့မူဝါဒအပြောင်းအလဲနဲ့ စောင့်ကြည်ကာလကျော်လွန်
လာခဲ့ပြီး လုပ်ငန်းရှင်အများစု ပြန်လည်လှုပ်ရှားလာမှာဖြစ်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်အလုပ်ဖြစ်လာဖို့ မျှော်လင့်
ထားကြတာလည်းဖြစ်ပါတယ်။ အစိုးရပိုင်းကလည်း လုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို နားလည်းလာမယ်လို့ ယူဆထားတာကြောင့်လည်း အခုဘဏ္ဍာနှစ်လုပ်ငန်းတွေ အလုပ်ဖြစ်လာ ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။
Credit: SFJ Strategy First