ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံများနှင့် စက်မှု လုပ်ငန်းများ မ တည်ဆောက်မီ သုံးစွဲမည့် လျှပ်စစ်ဓာတ်အားပမာဏအား ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေး ရှင်းသို့ ကြိုတင်အဆိုပြုလွှာပေးပို့ ရ မည့် အစီအစဉ်ကို ဧပြီ ၁ ရက်က စ၍ အကောင်အထည်ဖော် ဆောင်ရွက်ေ နကြောင်း သတင်းရရှိသည်။
စက်မှုလက်မှုလုပ်ငန်းအ များစုနှင့် အထပ်မြင့်စီမံကိန်းအများစုသည် ကြို တင်အဆိုပြုလွှာ များကို တင်ပြနေပြီဖြစ်ပြီး စာရင်းအတိအကျကိုမူ ဧပြီလ ကုန်မှသာ စတင်ထုတ်ပြန်မည်ဖြစ်သည်။
‘‘စီမံကိန်းရဲ့ Master Plan နဲ့အတူ ကြိုတင်ပြီးတော့ သုံးစွဲမယ့်ပမာဏကို အ ဆိုပြုရမယ်။ အဲဒါကို ကြည့်ပြီး ကျွန်တော်တို့ YESC က ဖြန့်ဖြူးပေးသင့်၊ မ သင့်ဆုံး ဖြတ်မှာပါ’’ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့ကြောင့် ကြိုတင်အဆိုပြုလွှာမတင်ဘဲ အဆောက်အအုံ ပြီးစီးမှသာ လျှပ် စစ်မီးရယူရန် လျှောက်ထားလာပါက သွယ်တန်းရယူခွင့်ပေးမည်မဟုတ်ဟု ၎င်းက ဆိုသည်။
ယခင်က ရန်ကုန်မြို့တွင် အ ထပ်မြင့်အဆောက်အအုံနှင့် စက်မှုလုပ်ငန်း များ မတည်ဆောက်မီ သုံးစွဲမည့် လျှပ်စစ်ဓာတ်အားပမဏကို ကြိုတင် အဆြို ပုရန် မလို ပေ။ လျှပ်စစ်သုံးစွဲလိုပါက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားေ ပး ရေးကော်ပိုရေးရှင်းသို့ တိုက်ရိုက် လျှောက်ထားနိုင်ခဲ့သည်။
တိုးပွားလာသည့် လူနေအ ဆောက်အအုံများကြောင့် ရန်ကုန်မြို့၏ အနာ ဂတ် လျှပ်စစ်မီးသုံးစွဲ လာနိုင်မှုကို ကြိုတင်တွက်ဆနိုင်ရန် ယခုကဲ့သို့ ဆောင် ရွက်ရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
အဆင့်မြင့်လူနေတိုက်ခန်းများ တည်ဆောက်ပြီးစီးပါက လျှပ်စစ်မီးရရှိရန် တင်ပြတောင်းခံမှုသည် ဌာနဆိုင်ရာများ၌ အဆင့်ဆင့် လုပ်ဆောင်ရသောေ ကြာင့် အခက်အခဲများရှိသည်ဟု MKT ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦး မျိုးမြင့်က သုံးသပ်သည်။
လျှပ်စစ်မီးသုံးစွဲမှုများနှင့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက် အအုံများအေ ပါ် စိစစ်ကြပ်မတ်မှု ပိုမို တင်းကျပ်လာသောကြောင့် နောက်ပိုင်းတွင်ေ ဆာက်လုပ်မည့် တိုက်ခန်းများ ကုန်ကျစရိတ်ပိုမိုလာနိုင်ကြောင်း ၎င်းက
ပြောသည်။
လက်ရှိတွင် ကန်ထရိုက် တိုက်ခန်းများ၌ ထရန်စဖော်မာတပ်ဆင်ခအဖြစ် အသစ်ဆောက်မည့်တစ်ခန်းလျှင် ကျပ် ငါးသိန်းနှုန်းကောက်ခံသည့် အစီအ စဉ် စတင်နေပြီဖြစ်သည်။
Credit: 7DayDaily