ရန်ကုန်မြို့မှာ လက်ရှိအိမ်ခြံမြေ အရောင်း ၊ အဝယ်၊ အငှားဈေးကွက်ေ အးနေပေမဲ့ အခုနှစ်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကွန်ဒိုဥပဒေေ တွ ထွက်ရှိလာနိုင်လို့ အိမ်ခြံမြေ ဈေးကွက် ကောင်းမွန်လာလိမ့်မယ်လို့ သိရ ပါတယ် ။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဌ ဦးခင်မောင်သန်းက ‘အိမ်ြ ခံမြေကဏ္ဍက ဈေးကျလဲခဏပါပဲ ၊ သမိုင်းတစ်လျှောက်ကြည့်မယ်ဆိုရင်ေ ဈးနှုန်းမကျတဲ့ အချိန်မရှိခဲ့တာမဟုတ်ပါဘူး ၊ ဈေးနှုန်းကျခဲ့သလို ဈေးအေး တာတွေလဲ ရှိခဲ့ပါတယ် ၊ ဈေးမမီလောက်အောင်တက်ခဲ့တာတွေလဲ ရှိခဲ့ပါ တယ် ၊ ခုလက်ရှိဈေးနှုန်းအေးနေပြီး ဈေးကျနေတယ် ၊ အိမ်ခြံမြေဈေးကေ တာ့ နိုင်ငံရဲ့ အရွှေ့အပြောင်း ၊ ရောင်းလိုအား ဝယ်လိုအား ၊ အခြားအေ ကြာင်းအရာတွေမှာလဲ သူ့ရေစီးကြောင်းနဲ့သူ မှုတည်နေတာပါ ၊ ဒါကြောင့် အိမ်ခြံမြေဈေး ရေရှည်ကျဆင်းမယ်ဆိုပြီး အထင်မှားပြီး မဝယ်ဘဲမနေကြ ဖို့ ပြောချင်ပါတယ် ၊ နိုင်ငံတကာမှာဆို ဈေးနှုန်းကျဆင်းလဲ ခဏပါပဲ ၊ မြန် မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်ကလဲ တက်တစ်လှည့် ကျတစ်လှည့်ပါ ၊ နိုင်ငံ တကာမှာလဲ အိမ်ခြံမြေဈေးနှုန်းက တည်ငြိမ်နေပေမဲ့ percentage အလိုက် တက်ပြီး ဈေးနှုန်းအေးတဲ့အချိန်တွေကျရင်လဲ အေးသွားတာပါပဲ ၊ ဘယ်လို ကုန်ပစ္စည်းမဆို ဈေးကွက်တစ်ခုရဲ့ ရေစီးကြောင်းပဲ အေးလိုက်ပြန်တက်လိုက် ဖြစ်နေမှာပါ’ လို့ ပြောပြပါတယ် ။
ပြည်တွင်းအိမ်ခြံမြေဈေးကွက် တဖြည်းဖြည်းတိုးတက်လာရင် အခြားရ င်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာနိုင်ပြီး အိမ်ခြံမြေအမှန်တက်ယ လိုအပ်တဲ့ ပြည် သူတွေ လက်ဝယ်ရှိပါက အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာနိုင်ပါတယ် ။
ဒါ့အပြင် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေဟာ နိုင်ငံတော်နဲ့ အများပြည်သူအ တွက် အမှန်တကယ်လိုအပ်လျက်ရှိပြီး အဲသည့် ဥပဒေထွက်ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းလုပ်ငန်းတွေပါ ပိုမိုခိုင်မာအောင်မြင်ဆောင်ရွ က်နိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှု အ သင်းက သိရပါတယ် ။
Credit: The Kumudra