အစိုးရပိုင် မြေယာငှားရမ်းခတွေ ကာလပေါက်ဈေးနဲ့ ကွာခြားနေ

အစိုးရပိုင် မြေယာငှားရမ်းခတွေ ကာလပေါက်ဈေးနဲ့ ကွာခြားနေ - Property News in Myanmar from iMyanmarHouse.com
26 Apr 2017 11:16 am တွင် တင်ခဲ့သည်
757 ကြိမ် ကြည့်ရှု့ပြီး
ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေယာတွေ ရဲ့ ငှားရမ်းခနှုန်းထားဟာ ခေတ် ကာလ ပေါက်ဈေးနဲ့ ကွာခြားနေပြီး တိုင်ြး ပည်အတွက် ဝင်ငွေနဲ့ အခွန်အခတွေ နစ်နာနေရတယ်လို့ ရန်ကုန် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေ (မူကြမ်း) နဲ့ပတ် သက်ပြီး ဆွေးနွေးရာမှာ ဦးတင်ထွန်းနိုင်က အဲခုလို ထည့်သွင်းဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။

"ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လေ့လာကြည့်တဲ့ အခါမှာ မြေယာနဲ့ ပတ်သက်တဲ့ မြေကွက်ငှားရမ်းခများမှာ ခေတ် ကာလပေါက်ဈေးများနဲ့ အ လွန် ကွာဟာနေတာတွေ့ရပါတယ်"

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက မြေယာငှားရမ်းမှုတွေဟာ ပွင့်လင်းမြင် သာမှု မရှိသလို နှစ်စဉ်တင်ဒါခေါ်ယူတာမျိုး လည်း မတွေ့ရဘူးလို့ ပြောပါ တယ်။

ရန်ကုန်မြို့က အိမ်ခြံမြေ တိုက်ခန်းအခွန်အခတွေကို ခေတ်ကာလ ပေါက်ေ ဈးနဲ့ အညီ တိုးမြှင့်ကောက်ခံသင့်တယ် လို့လည်း ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ထည့်သွင်းဆွေးနွေးသွားပါတယ်။

ဒါ့အပြင် အရက်သေစာရောင်းဝယ်မှုအတွက် ကောက်ခံနေတဲ့ အခွန်တွေကို အခွန်တိုးမြှင့်ကောက်ခံဖို့၊ မော်တော် ကားဘီးခွန်တွေကို တိုးမြှင့်ကောက် ခံ ပြီး တစ်စိတ်တစ်ပိုင်းကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး အ တွက်အသုံးပြုဖို့ စတာတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီ ကနေ့ အစည်းအဝေးမှာ ဆွေးနွေး တင်ပြခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေ (မူကြမ်း)အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး တိုင်းဒေ သကြီး အစိုးရအဖွဲ့က လာမယ့် ဧပြီလ ၂၈ ရက်နေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ပြန်လည်ရှင်းလင်းပြီး လွှတ်တော်မှာ အတည်ပြုမယ်လို့ သိရပါတယ်။

Credit: RFA

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service