အထူးစီးပွားရေးဇုန်နှင့်အတူ စီးပွားရေးမြို့တော်ကြီးဖြစ်လာသည့် ရှန်းကျန့်

အထူးစီးပွားရေးဇုန်နှင့်အတူ စီးပွားရေးမြို့တော်ကြီးဖြစ်လာသည့် ရှန်းကျန့် - Property News in Myanmar from iMyanmarHouse.com
26 Apr 2017 11:09 am တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး
ရှန်းကျန့်မြို့၌ ရှန်ဟိုင်းနှင့်စင်ကာပူတို့ပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံးကွန်တိန် နာဆိပ်ကမ်းကြီးလည်းရှိ၍ Shenzhen Stock Exchange သည်လည်း
အလွန် ထင်ရှားလှသည်။

မိုးမျှော်တိုက်ကြီးများနှင့် ခေတ်မီအဆင့်မြင့်အဆောက်အအုံအများအပြားဖြင့်
ဖွံ့ဖြိုးတိုးတက်နေသည့် ရှန်းကျန့်မြို့၏စီးပွားရေးအဆင့်အတန်းမှာ
ဟောင် ကောင်နှင့်တန်းတူဖြစ်နေသဖြင့် ၎င်းကို ''တရုတ်ပြည်မကြီး၏ ဟောင်ကောင်''ဟု လည်း တင်စားခေါ်ဝေါ်လေ့ရှိကြသည်။

ရှန်းကျန့်နှင့်ဟောင်ကောင်မြို့တို့အကြား ဖြတ်သန်းသွားလာနေသည့်ဝင်ပေါက်(Check Point) ၉ ခုရှိ၍ ၆ ခုမှာ ကုန်းမြေချင်း ဆက်စပ်နေပြီး ၃ ခုမှာရေကြောင်းလမ်းမှဖြစ်ကာ နေ့စဉ်ယင်းတို့အကြား ကားစီးရေ ၃၀၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ရှန်းကျန့်မြို့၌
အပြည် ပြည်ဆိုင်ရာ လေဆိပ်ရှိ၍ ၂၀၀၄ ခုနှစ်တွင် မြေအောက်ရထားလမ်းစတင်ဖွင့် လှစ်ခဲ့ရာ ယခုအခါ လိုင်းပေါင်းများစွာပြေးဆွဲလျက်ရှိပြီး တည်ဆောက်ဆဲမြေအောက်ရထား လမ်းများလည်းရှိသည်။ မြို့အနီး၌ စက်ရုံအလုပ်ရုံအများအပြားအပြင် နျူကလီးယားဓာတ်အားပေးစက်ရုံများလည်းရှိရာ တာ့ယာ့ပင်လယ်အော်ရှိ Daya Bay Nuclear Power Station နှစ်ခုသည် ထင်ရှားပါသည်။

မြို့မြောက်ပိုင်းရှိ သာယာလှပသည့် လင်ဟွားရှန် (Lianhuashan)ဥယျာဉ်တွင် ပေ ၅၀၀ နီးပါးမြင့်သည့် တောင်ကုန်းငယ်လေးရှိပြီး ယင်း၏ထိပ် ၌ ရှန်းကျန့်မြို့အပါအ ဝင် တရုတ်တစ်နိုင်ငံလုံးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၏ လမ်းညွှန်ဗိသုကာဖြစ်သည့် ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်၏ ရုပ်တုကြီးတည်ရှိ၍ ယင်း၏ရှေ့ ၌ အမှတ်တရ ဓာတ် ပုံရိုက်ကူးနေသူအများအပြားကို စာရေးသူမြင်တွေ့ခဲ့ရပါသည်။

ထို့ပြင် မြို့လယ်ရှိ ရှန်းကျန့်ပြတိုက်၌လည်း တိန့်ရှောင်ဖိန်၏ရုပ်တုနှင့် သူစီးခဲ့သည့်ကားကို ဂုဏ်ယူစွာပြသ ထားသည်ကို
တွေ့ရသည်။ ထိုမျှသာမက မြို့လယ်ရှိ Shennan ရိပ်သာ၌လည်း တိန့်ရှောင်ဖိန်၏ဧရာမပိုစတာကြီးနှင့်အတူ ရင်ပြင်တစ်ခု
ဖန်တီးထားကြောင်းလည်း သိရ သည်။

Riverview Point ကွန်ဒို အထူးအရောင်းပွဲတော်
ရှန်းကျန့်မြို့၌ ကမ္ဘာကျော်ကုန်ပစ္စည်းများ၏ဗဟိုဌာနချုပ်များ (ဥပမာ-Huawei)၊ ပြတိုက်ကြီးများ၊ ကုန်သွယ်မှုလုပ်ငန်းဌာနချုပ်များ၊ အားကစားကွင်းနှင့် ရုံကြီးများ၊ မြန် နှုန်းမြင့်ရထားများပြေးဆွဲရပ်နားလျက်ရှိသည့် အဆင့်မြင့်ဘူတာရုံကြီးများ ရှိသည့် အပြင် ရေအောက်ကမ္ဘာအဏ္ဏဝါပြတိုက်၊ ရုက္ခဗေဒဥယျာဉ်၊ Disney World, Dis-ney Land တို့ကဲ့သို့ Happy Valley အပန်းဖြေဥယျာဉ်စသည့် ကမ္ဘာလှည့်ခရီး သည်များလေ့လာနိုင်သည့် နေရာအများအပြားလည်းရှိပါသည်။

ယင်းတို့အနက် ကမ္ဘာ အနှံ့ရှိ နိုင်ငံအသီးသီး၏ထင်ရှားသည့် အဆောက်အအုံများကို ပုံတူစုစည်းတည် ဆောက်ပြသထားသည့် Windows of World ဥယျာဉ် ကြီးသည် အလွန်ထင်ရှား၍ ယင်းသို့ ပြည်တွင်းပြည်ပခရီးသည် အများအပြားလာရောက်ကြည့်ရှုလေ့ရှိကြသည်။

ထိုနေရာ၌ မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားလှသည့် ရွှေတိဂုံစေတီတော်ပုံတူကို တည်ဆောက်ပြသထားသည်ကိုလည်း မြင်တွေ့ခဲ့ရပါသည်။ ကျယ်ဝန်းလှသည့် တရုတ် နိုင်ငံအနှံ့ရှိ ပြည်နယ်အသီးသီးမှထင်ရှားသည့် အထိမ်းအမှတ်၊ အဆောက်အအုံ ပုံစံတူများကို စုစည်းတည်ဆောက်ပြသထားသည့် Splendid China အပန်းဖြေ ဥယျာဉ်ကြီးသည်လည်း ရှန်းကျန့်မြို့၏အဓိကလေ့လာစရာနေရာ တစ်ခုဖြစ်သည်။

တံငါရွာလေးမှ နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အဆင့်မြင့်
စီးပွားရေးမြို့တော်ကြီး တစ်မြို့ဖြစ်လာခဲ့သည့် ရှန်းကျန့်မြို့မှာ ယခုတိုင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ
ယင်းကို လေး၊ ငါးကြိမ်ခန့်ရောက်ခဲ့ဖူးသော်လည်း စာရေးသူအနေဖြင့်
အတုယူ စရာ၊ ကြည့်ရှုလေ့လာစရာများမှာ မကုန်နိုင်လောက်အောင်ပင် ဖြစ်နေရပါတော့သည်။

Credit: Pyi Myanmar
အထူးစီးပွားရေးဇုန်နှင့်အတူ စီးပွားရေးမြို့တော်ကြီးဖြစ်လာသည့် ရှန်းကျန့် - Property News in Myanmar from iMyanmarHouse.com
အထူးစီးပွားရေးဇုန်နှင့်အတူ စီးပွားရေးမြို့တော်ကြီးဖြစ်လာသည့် ရှန်းကျန့် - Property News in Myanmar from iMyanmarHouse.com
အထူးစီးပွားရေးဇုန်နှင့်အတူ စီးပွားရေးမြို့တော်ကြီးဖြစ်လာသည့် ရှန်းကျန့် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service