မြို့ငါးမြို့တွင် တန်ဖိုးနည်း အိမ်ရာများမှစုစုပေါင်း အခန်း အရေအတွက်၁၀၀၀ကျော်ကို ၂၀၁၇ အတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
အစိုးရသစ် လက်ထက်တွင် တစ်နှစ်တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ခန်းပေါင်း ၁၀၀၀ ကျောက်ကို ထုတ်လုပ်သွားရန် လျာထားပြီး တစ်နှစ်ထက်တစ်နှစ် အရေအတွက် အမြောက်အမြားထုတ်လုပ်နိုင်ရန်အဓိက
ရည်ရွယ်ထားကြောင်း သိရသည်။
တန်ဖိုးနည်း၊ တန် ဖိုးသင့် အိမ်ခန်းစုစုပေါင်း ၁၀,၀၀၀ ကျော်ကို
ယခုနှစ်အတွင်း အပြီးဆောက်လုပ်ကာ ပြည်သူများအား ရောင်းချသွားမည်
ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက
ပြော သည်။
‘‘အိမ်ခန်းရောင်းချသွားတဲ့ အခါမှာ ဝင်ငွေနည်းပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်း၊ ပင်စင်စားတွေကို ဦးစားပေးစနစ်နဲ့ ရောင်းပေးမယ်’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောသည်။
အိမ်ရာအသစ်များ တည်ဆောက်ခြင်းနှင့် အတူရှိနှင့်ပြီးသား အိမ်ရာ အဟောင်းများကိုပါ အဆင့်မြှင့်တင်ခြင်းများပြုလုပ်မည်ဟု
၎င်းကဆိုသည်။
ပြည်သူများ အိမ်ရာပိုင်ဆိုင် နိုင်ရေးအတွက် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာအပေါင်ချေးငွေစနစ်ဖြင့် ရှစ် နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင် အောင် စီစဉ်ဆောင်ရွက်ထားပြီး နေပြည်တော်တွင် အိမ်ခန်း ၈၀၊ ရန်ကုန်မြို့တွင် အိမ်ခန်း ၈,၇၁၂၊ မုံရွာမြို့တွင် အိမ်ခန်း ၄၄၀၊ မကွေးမြို့တွင် အိမ်ခန်း ၃၀၄၊ ပုသိမ်မြို့ တွင် အိမ်ခန်း ၆၇၆ စုစုပေါင်း ၁၀,၂၁၂ ခန်း ယခုနှစ်တွင်ဆောက်လုပ်မည် ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com