နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ် ၁၃ ခုရဲ့ အသုံး မပြုသေးတဲ့ မြေဧကပေါင်း ၂၅ သိန်းကျော်ကို ပြန်လည် သိမ်းဆည်းမှာ ဖြစ် ပြီး အမှန်တကယ် လုပ်ကိုင်လိုသူတွေ အနေနဲ့ ပြန်လည် လျှောက်ထားနိုင် မှာ ဖြစ်ပါတယ်။
စစ်ဆေးတွေ့ရှိ
“ဒီနေ့အထိ တိုင်းဒေသကြီး ပြည်နယ် ၁၃ ခုရဲ့ ပြန်လည် တင်ပြချက်အရ အ သုံးပြုခြင်း မရှိသေးတဲ့ ဧရီယာပေါင်း၊ ဧကပေါင်း ၂၅ သိန်းကျော် ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်၊ ဒီမြေတွေကို ဥပဒေနဲ့အညီ ပြန်လည် သိမ်းဆည်း ဖို့ ဆောင်ရွက်မှာ ဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်ဖို့ တောင်သူ လယ်သမား များ အပါအဝင် နိုင်ငံသားအားလုံး လုပ်ထုံးလုပ်နည်းနဲ့ ပြန်လည် လျှောက် ယူနိုင်မှာ ဖြစ်ပါတယ်။” လို့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဦးစီးဌာ န၊ သတင်းထုတ်ပြန်ရေး ခေါင်းဆောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးရဲ့ ညွှန် ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောပါတယ်။
သတ်မှတ်ကာလထက် ကျော်လွန်ပြီးမှ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိဘူးဆိုရင် သည်မြေလွတ်မြေရိုင်းများဟာ နိုင်ငံတော်က ပြန်လည်သိမ်းဆည်းပြီး ဖြစ်တယ်ဆိုတာ မှတ်ယူရမယ်ဆိုတာကို ဥပဒေမှာလည်း ပြဌာန်းပြီးသား ဖြစ် တယ်လို့ သိရပါတယ်။
“ဒီဥပဒေအတိုင်းသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ် တယ်၊ ဒါတွေအားလုံး စုံသွားပြီဆိုရင် သက်ဆိုင်ရာဒေသကြီး၊ ပြည်နယ်တွေ မှာ ရှိတဲ့ အကူပြုအဖွဲ့တွေက တစ်ဆင့် ဒေသခံတောင်သူလယ်သမားများ အပါအဝင်အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်လိုတဲ့ တောင်သူလယ်သမား
တွေရော၊ ပုဂ္ဂလိကတွေရောကို သက်ဆိုင်ရာ ပုံစံ ၁၊ ၂၊ ၃၊ ၄ နဲ့ လျှောက်ရင် ဒီမြေတွေကို ကျွန်တော်တို့အနေနဲ့ ချထားပေးမှာ ဖြစ်ပါတယ်” လို့ ဦးသက်နိုင်ဦးက ပြောပါတယ်။
“မြေလွတ်မြေရိုင်းတွေကို ပြန်ပေးခြင်း မပေးခြင်းကို ကျွန်တော်တို့အနေ နဲ့ ဆောင်ရွက်ခြင်းမဟုတ်ဘဲ၂၅သိန်းသော မြေကြီးသည် မြေလွတ်မြေရိုင်းစာရင်းကို ပြန်ဝင်လာတာ ဖြစ်ပါတယ်၊ ဝင်ရောက်သွားတဲ့ မြေစာရင်းကို အမှတ်တကယ် လုပ်ကိုင်မယ့် မည်သူမဆို သတ်မှတ်ပုံစံနဲ့ လုပ်ယူ အေ ကာင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” လို့ ဦးသက်နိုင်ဦး က ပြောပါတယ်။
မြေလွတ်မြေရိုင်းနဲ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့လည်း မြေလွတ်မြေ ရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၂ နဲ့အညီ ဆောင်ရွက်နိုင်ခြင်း မရှိ တဲ့ မြေတွေကို နိုင်ငံတော်က ပြန်လည် စီမံခန့်ခွဲရေးအတွက် ၁၈-၁၁-၂၀၁၆ ရက်နေ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ရှိ တဲ့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့တွေကနေပြီးတော့ အခြေ အနေကို ပြန်လည် တင်ပြဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
Credit: The Kumudra