ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး - Property News in Myanmar from iMyanmarHouse.com
24 Apr 2017 10:31 am တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် မြှင့်တင်ဆောင်ရွက်ပေး ရမည်ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်လာနိုင်သော်လည်း လုပ်ငန်းလုပ်ကိုင်ရာ၌ အခက်အခဲများ ရှိနေသေးသည်။

ထို့ကြောင့် နိုင်ငံတော်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများကိုဖွဲ့စည်းပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကိုပြုလုပ်ကာ ညှိနှိုင်းအဖြေရှာ ပေးလျက်ရှိရာ ယခုအခါ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများ ငါးကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် စီးပွားရေးလုပ်ငန်းရှင်များကို ကဏ္ဍအလိုက်ရွေးချယ်စုစည်းပြီး လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ကြားနာဖြေရှင်းပေးလျက်ရှိရာ စီးပွားရေးလုပ်ငန်းဆိုင်ရာ အခက်အခဲများ ဖြေလျှော့တန်သရွေ့ ဖြေလျှော့သွားမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များက အကြံပြုချက် ၈၃ ချက်ကို တင်ပြခဲ့ကြရာ သက်ဆိုင်သော ဝန်ကြီးဌာန ၁၇ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
လုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်းတို့သည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖြစ်ထွန်းလာရေးအတွက် အထောက်အပံ့ကောင်းများပင်ဖြစ်သည်။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ခြင်းဖြစ်၍ အလေးထားဆောင်ရွက်ရမည့် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏
တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများက အလျင်အမြန် ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်သွားရန်လိုအပ်ပြီး တက်ကြွစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

လုပ်ငန်းများကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများအတွက် ပြဋ္ဌာန်းထားသော ဥပဒေများမှာ အရေးပါသဖြင့် ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရေးနှင့် လိုအပ်သည့်စီးပွားရေးဆိုင်ရာ ဥပဒေသစ်များပြဋ္ဌာန်းရေးတို့ကို အကြံပြုပေးခြင်း၊ ပို့ကုန်သွင်းကုန်များအား ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချပြုလုပ်ရာ၌ လုပ်ငန်းဆောင်ရွက်မှု အစဉ်အဆက်ကြန့်ကြာ မှုများရှိနေခြင်း၊ ဆိပ်ကမ်းများတွင် ကုန်သေတ္တာယာဉ်များ ယခင်နှစ်သင်္ကြန်ကာလက ကျပ်တည်းပိတ်ဆို့မှုများရှိခဲ့ခြင်းတို့ကို ဖြေလျှော့ ကူညီဆောင်ရွက်ခြင်းတို့ကို ကော်မတီအလိုက် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး တွင် နိုင်ငံခြားငွေတန်ဖိုးမြင့်တက်မှုမှာ လုပ်ငန်းဆောင်ရွက်မှုကို အဟန့်အတား ဖြစ်စေပြီး ပြည်ပဘဏ်၊ ပြည်တွင်းဘဏ်များမှ ချေးငွေလုံလောက်စွာရရှိရေးအတွက် အခက်အခဲမရှိရန်လည်းလိုအပ်သည်။ ထို့အပြင် အခွန်အခများ၊ ဘဏ်စရိတ်များ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများကို ဖြေလျှော့ပေးရန် လိုအပ်ချက်များရှိနေသဖြင့် သက်ဆိုင်ရာကော်မတီအလိုက် လိုအပ်ချက်များကို ထိရောက်စွာ ကူညီဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့်ဥပဒေ မူဘောင်နှင့်နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရေး၊ အကောင်အထည်ဖော်မည့် အင်စတီကျူးရှင်းများကို တစ်ပြိုင်နက် စုဖွဲ့ဆောင်ရွက်ပေးရေးတို့အတွက် နိုင်ငံတော် က ဆောင်ရွက်ပေးနေခြင်းသည် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ကောင်းများကို ဖြစ်ပေါ်လာစေပါသည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံတော်က ဤသို့ စီးပွားရေးဆိုင်ရာ အထောက်အပံ့ကောင်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းသည် နိုင်ငံတော်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ မကြာမကြာ ထိတွေ့ဆက်ဆံ ဆွေးနွေး အဖြေရှာနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးရလဒ်ကောင်းများ ပင်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အားပေးမှုတို့ တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်လာသည်နှင့် အမျှ နိုင်ငံ့စီးပွားရေးလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာပါက ပြည်သူများ၏လူမှုစီးပွားဘဝလည်း လိုက်ပါတိုးတက်မြင့်မားလာမည်ဖြစ်၍ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ဆက်နွှယ်သူအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းအပ်ပါသည်။ ။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service