တရုတ်အိမ်ဈေးထိန်းချုပ်မှုများ အောင်မြင်လာ

တရုတ်အိမ်ဈေးထိန်းချုပ်မှုများ အောင်မြင်လာ - Property News in Myanmar from iMyanmarHouse.com
19 Apr 2017 11:38 am တွင် တင်ခဲ့သည်
2171 ကြိမ် ကြည့်ရှု့ပြီး
တရုတ်​နိုင်ငံတွင် အဓိကမြို့ကြီးများ၏ အိမ်ဈေးနှုန်းများ ဆက်လက်တည်ငြိမ်နေသဖြင့် နိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် အစိုးရ၏ အိမ်ခြံမြေစည်းမျဉ်း တင်းကျပ်မှုများသည် စတင်အောင်မြင်လာပြီဟု ယူဆရမည်ဖြစ်သည်။

ဆန်းစစ်လေ့လာခဲ့သည့် ကြီးမားသောနှင့် အလယ်​အလတ်​အရွယ်အစားရှိသည့် မြို့ကြီး ၇၀ တွင် ၂၄ မြို့သည် ယခုနှစ် မတ်လတွင် ယမန်နှစ် မတ်လအောက် ဈေးနှုန်းမြင့်တက်မှုနှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်ဖေဖော်ဝါရီတွင် ယမန်နှစ်ဖေဖော်ဝါရီအောက် ​ဈေးနှုန်းမြင့်တက်မှုနှုန်း ကျဆင်းခဲ့သည့် မြို့အရေအတွက်မှာ ၂၀ ရှိခဲ့သည်ဖြစ်ရာ မတ်တွင် ထိုမြို့အရေအတွက် တိုးလာခဲ့ကြောင်း တရုတ်​အမျိုးသားစာရင်းအင်းဗျူရိုက ယမန်နေ့ (ဧပြီ ၁၈) တွင် ထုတ်ပြန်ခဲ့သည်။

ပထမတန်းစားမြို့ကြီးများနှင့် ဒုတိယတန်းစားမြို့ကြီးများ ၁၅ မြို့ရှိ အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းများသည် ယခုနှစ်မတ်လတွင် ယမန်နှစ်မတ်လအောက် နှေးကွေးစွာမြင့်တက်ခဲ့သည်။

ယင်းမြို့များ၏ အိမ်ဈေးနှုန်းမြင့်တက်မှုများသည် ဖေဖော်ဝါရီအောက်
ဝ ဒသမ ၂ မှ ဝ ဒသမ ၅ ရာခိုင်​နှုန်းအကြား နှေးကွေးခဲ့ခြင်း ဖြစ်သည်။

"မတ်လဟာ ပုံမှန်အားဖြင့် အရောင်းသွက်တဲ့ရာသီပါ။ ဒါပေမဲ့ မြို့အများအပြားမှာ အိမ်ဈေးနှုန်းထိန်းချုပ်မှုစည်းမျဉ်းတွေကြောင့် ပထမတန်းစားမြို့ကြီးတွေနဲ့ ဒုတိယတန်းစားမြို့ကြီးတွေ ၁၅ မြို့က အိမ်သစ်တွေရဲ့ ပျမ်းမျှဈေးနှုန်းတွေဟာ ယခုနှစ်မတ်လမှာ ယမန်နှစ်မတ်လအောက် နှေးကွေးစွာမြင့်တက်ခဲ့တာပါ" ဟု ဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင် လျိုကျန်းဝေက ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် အိမ်ဈေးနှုန်းမြင့်တက်မှုများကို လျှော့ချထိန်းချုပ်ရန် အိမ်ဝယ်ယူမှုစည်းမျဉ်းကန့်သတ်မှုများနှင့် ဝယ်ယူရာတွင် လက်ငင်းပေးချေရသည့် ငွေပမာဏရာခိုင်နှုန်း တိုးမြှင့်ခြင်းအပါအဝင် အိမ်ခြံမြေစည်မျဉ်းများကို ပြီးခဲ့သည့်အောက်တိုဘာလကတည်းက စတင်ကာ မြို့ကြီးအများအပြားတွင် ချမှတ်အကောင်အထည်ဖော်လာခဲ့သည်။

ဈေးနှုန်းများမြင့်တက်နေသရွေ့ စည်းမျဉ်းများဆက်လက်တင်းကျပ်ထိန်းချုပ်သွားမည်
ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service