တရုတ်ရထားကုမ္ပဏီကြီးက လော့စ်အိန်ဂျလိစ်နှင့် ဒေါ်လာ ၆၄၇ သန်းတန် အရောင်းအ၀ယ်စာချုပ်ချုပ်ဆို

တရုတ်ရထားကုမ္ပဏီကြီးက လော့စ်အိန်ဂျလိစ်နှင့် ဒေါ်လာ ၆၄၇ သန်းတန် အရောင်းအ၀ယ်စာချုပ်ချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
19 Apr 2017 11:14 am တွင် တင်ခဲ့သည်
2720 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့အကြီးဆုံးရထားဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့် China Railway RollingStock Corp (CRCC) က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း
လော့စ်အိန်ဂျလိစ်မြို့ရထားကွန်ရက်အတွက် မြေအောက်ရထားတွဲ
၆၄ တွဲဆောက်လုပ်ပေးတော့မည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ
၆၄၇ သန်းတန် မှာယူမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

CRCC က လော့စ်အိန်ဂျလိစ်ရထားပို့ဆောင်ရေးအာဏာပိုင်အဖွဲ့သို့ မြေအောက်ရထားတွဲ ၂၈၂ တွဲအား ဒေါ်လာ ၆၄၇ သန်းဖြင့်
ရောင်းချရန် ဧပြီ ၁၂ က လက်မှတ်ထိုးစာချုပ်ချုပ်ဆိုခဲ့သည်။

ထိုသဘောတူညီမှုစာချုပ်က အမေရိကန်တွင် အလုပ်အကိုင်နေရာ
၅၀ထက်မနည်းကို ဖန်တီးပေးမည်ဖြစ်သည်။
၎င်းကုမ္ပဏီက ပြုလုပ်သည့် ယင်းရထားတွဲများသည် နည်းပညာနှင့် အရည်အသွေးတွင်အမေရိကန်၏ ထောက်ခံချက်ရရှိထားပြီးဖြစ်ကြောင်း
CRCC ၏ ဥက္ကဋ္ဌ ရှီကော်ဟွာကပြောကြားခဲ့သည်။

မတ်လကလည်း CRCC ၏ အမေရိကလုပ်ငန်းခွဲ CRCC Sifang America က
ဝင်ဒီမြို့ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အတွက် ရထားတွဲများတပ်ဆင်ရေး
စက်ရုံ(အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်) ကို ချီကာဂိုမြို့တွင် စတင်ဆောက်လုပ်ခဲ့သည်။

CRCC ၏ အမေရိကန်တွင် တတိယအကြိမ်မြောက်အရောင်းအ၀ယ်စာချုပ်ဖြစ်သည့်
ယခုနောက်ဆုံးအရောင်းအ၀ယ်စာချုပ်နှင့်ပါဆိုလျှင် CRCC သည် အမေရိကန်၏ ကမ်းရိုးတန်းနှစ်ခုစလုံးတစ်လျှောက် ၎င်း၏
ရထားတွဲများ ပတ်သက်နေတော့မည်ဖြစ်သည်။

CRCC က တွဲ ၆၄ တွဲအား ၂၀၂၁ စက်တင်ဘာနောက်ဆုံးထား၍ ပေးပို့နိုင်ရန် ခန့်မှန်းထားပြီး လေသန့်စင်စက်အပါအ၀င် ရထားတွဲ၏ အဓိကအစိတ်အပိုင်းများအား ထုတ်လုပ်ရန် လော့စ်အိန်ဂျလိစ်အခြေစိုက် စက်ရုံတစ်ရုံကို တည်ထောင်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service