တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်သစ်ရောင်းလိုအား ပြန်လည်မြင့်တက်လာခြင်းနှင့်သုံးရက်ကြာ ချင်မင်ပွဲတော်တို့ကြောင့် ပြီးခဲ့သည့်သီတင်းပတ် (ဧပြီ ၃ မှ ၉) အတွင်းအိမ်သစ်ဝယ်လိုအား တစ်ရှိန်ထိုးကျဆင်းခဲ့ကြောင်း သိရသည်။
အစိုးရ မတည်သည့် တန်ဖိုးနည်းအိမ်ရာများမှအပ ရောင်းချခဲ့ရသော အိမ်သစ်ဧရိယာသည် ယင်းမတိုင်မီသီတင်းပတ်အောက် ၆၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ စတုရန်းမီတာ ၁ သိန်းအောက်သာ ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်စကတည်းက သီတင်းပတ်များအတွင်း ရောင်းအား အနည်းဆုံးသီတင်းပတ်ဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယမန်နေ့ (ဧပြီ ၁၀) တွင်ထုတ်ပြန်ခဲ့သည်။
ရောင်းချခဲ့ရသည့် အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းမှာလည်း ၁ စတုရန်းမီတာလျှင် ၄၅,၃၇၈ယွမ် (အမေရိကန်ဒေါ်လာ ၆,၅၅၂) ရှိခဲ့ကာ ပြန်လည်မြင့်တက်ခဲ့သည့် ယင်းမတိုင်မီ
သီတင်းပတ်အောက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"အခုလို ကျဆင်းမှုဟာ တကယ်တမ်းတော့ အံ့အားသင့်စရာမရှိပါဘူး။ ဒီအဟုန်ဟာ အခုလကုန်အထိ တောက်လျှောက်ဆက်သွားနိုင်ပါတယ်။ အလုပ်သမားနေ့ရုံးပိတ်ရက်ကုန်တဲ့
အထိပေါ့" ဟု Centaline ၏ အကြီးတန်းမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
တန်ဖိုး အလယ်အလတ်တန်းစားများမှ အနိမ့်စားများအကြား ရောင်းအား အများဆုံးဖြစ်ခဲ့ကြောင်း၊ ရောင်းလိုအားသစ်တွင်လည်း ထိုတန်းစားများက အများဆုံး ၀င်ရောက်ခဲ့
ကြောင်းလည်း သူက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းလိုအားသည် စုစုပေါင်း ၁ သိန်း ၁ သောင်း ၂ထောင် ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၃၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့
ကာ ပြီးခဲ့သည့် သီတင်းပတ်ငါးပတ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့သည်။
ပူသုန်နယ်သစ်၏ မြို့စွန်ဖြစ်သော နန်ကျွေခရိုင်တွင် စတုရန်းမီတာ ၁ သောင်း ၆ ထောင်ရောင်းချခဲ့ရပြီး အရောင်းရဆုံးဖြစ်ခဲ့သည်။ ဆုန်ကျန်းနှင့် ချင်ပူခရိုင်များတွင် စတုရန်းမီတာ
၁ သိန်း ၂ သောင်းနှင့် ၁ သိန်း ၁ သောင်းတို့ဖြင့် ဒုတိယနှင့် တတိယ ရောင်းအားကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com