ကျပ်ဘီလျံ ၁၀၀ ခန့် နစ်နာခဲ့တဲ့ စီးပွားရေးထိခိုက်မှုဖြစ်စဉ်နဲ့ နှစ်စဉ် ကျပ်ဘီလျံနဲ့ချီ နစ်နာနေရတဲ့ ရန်ကုန်မြေပေါ်က အများပြည်သူပိုင် မြေနေရာ

ကျပ်ဘီလျံ ၁၀၀ ခန့် နစ်နာခဲ့တဲ့ စီးပွားရေးထိခိုက်မှုဖြစ်စဉ်နဲ့ နှစ်စဉ် ကျပ်ဘီလျံနဲ့ချီ နစ်နာနေရတဲ့ ရန်ကုန်မြေပေါ်က အများပြည်သူပိုင် မြေနေရာ - Property News in Myanmar from iMyanmarHouse.com
11 Apr 2017 11:23 am တွင် တင်ခဲ့သည်
2858 ကြိမ် ကြည့်ရှု့ပြီး
လုပ်ငန်းရှင်အားလုံးက စီးပွားရေးနဲ့ ငြိမ်းချမ်းရေးတွဲလုပ်ဖို့ တိုက်တွန်းနေပြီး မကြာခဏ ပြောင်းနေတဲ့မူဝါဒတွေက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ကျဆင်းစေတယ်လို့ ဆိုနေပေမယ့် အာဏာရပါတီနဲ့ အာဏာရအစိုးရ အသိုက်အ၀န်းကတော့ ငြိမ်းချမ်းရေးရမှ စီးပွားရေးကျဆင်းမှု ပြန်လည်ထူထောင်နိုင်မယ်လို့ ခံယူမှုတွေ ထုတ်ပြောနေတဲ့ ဒီရက်သတ္တပတ်မှာ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ၂၀၁၆ ခုနှစ်မှာ မြန်မာ့စီးပွားရေးကျဆင်းမှု ဖြစ်ခဲ့ပေမယ့် ၂၀၁၇ ခုနစ်အတွင်း စီးပွားရေးတိုးတက်လာမယ်လို့ ခန့်မှန်းမှုကလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဘယ်တော့မှ ကျဆင်းလာခြင်း မရှိဘဲ အမြဲမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကလည်း သင်္ကြန်ကာလ နီးကပ်လာချိန်မှာ ထပ်ဆင့်ထိုးနှက်ချက်အဖြစ် စားသောက်ကုန်အချို့ ဈေးတက်လာပြန်ပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာတော့ ၂၀၁၆ ခုနှစ်အတွင်း အထပ်မြင့် အဆောက်အအုံတွေကို ဆောက်လုပ်ခွင့်ရပ်ဆိုင်းပြီး ထူးထူးခြားခြား ပြောင်းလဲမှုမလုပ်ဘဲ ပြန်ဆောက်လုပ်ခွင့်ပေးပေမယ့် ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာပဲ ကျပ်ဘီလျံ ၅၀ ကနေ ၁၀၀ အကြား နစ်နာခဲ့ရတယ်ဆိုတာနဲ့ ကရ၀ိက်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နဲ့ မြကျွန်းသာ စတဲ့ မြေနေရာတွေကို ငှားရမ်းခဟာ ကာလပေါက်ဈေးထက် များစွာလျော့နည်းနေလို့ နိုင်ငံတော်က နှစ်စဉ် ကျပ် ဘီလျံနဲ့ချီ နစ်နာနေရတယ်ဆိုတဲ့ ရန်ကုန်မြေပေါ်က ရင်နင့်စရာနစ်နာမှုတွေကို အဓိက သုံးသပ်တင်ပြလိုပါတယ်။

မူဝါဒ မမှားဖို့လိုတယ်

ရန်ကုန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေ ရပ်ဆိုင်းခဲ့စဉ်က စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ကျပ်ဘီလျံ ၅၀ ကနေ ၁၀၀ အကြား ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့အပြင် စီးပွားရေးထိခိုက် ဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်လို့ ဧပြီ ၆ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (သတ္တမနေ့) မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီရဲ့ ၂၀၁၆-၂၀၁၇ နှစ်ပတ်လည် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ တင်သွင်းမှုအရ သိရပါတယ်။

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှုကို ရန်ကုန်မြို့ပြ ရှုခင်းနဲ့ဆက်စပ်ပြီး ပြန်လည်ဆန်းစစ် ထိန်းသိမ်းကြပ်မတ်ဖို့အတွက်ဆိုပြီး အရင်အစိုးရက ပါမစ်ချထားပေးခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းတာ၊ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အအုံတွေ ဆောက်လုပ်မှု စိစစ်ရေးကော်မတီဖွဲ့စည်းပြီး စစ်ဆေးနေကြောင်း ကြေညာမှုနဲ့ အကန့်အသတ်မရှိ လုပ်ငန်းရပ်ဆိုင်းခဲ့တာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေမှာ သွယ်ဝိုက်ဆုံးရှုံးမှု၊ တိုက်ရိုက်ဆုံးရှုံးမှုတွေ ရှိတဲ့အပြင် နိုင်ငံ့စီးပွားရေး ကျဆင်းရခြင်း အကြောင်းထဲမှာလည်း ပါဝင်ခဲ့တဲ့ လုပ်ငန်းရှင်တွေရဲ့ တွက်ချက်ထားမှုအရ ကျပ်ဘီလျံ ၅၀ ကနေ ဘီလျံ ၁၀၀ အကြား ဆုံးရှုံးခဲ့ရပါတယ်။

“အထပ်မြင့် အဆောက်အအုံတွေကို ရပ်ဆိုင်းလိုက်တုန်းက
လုပ်ငန်းရှင်တွေက ဘဏ်ကနေ ချေးငွေတွေယူပြီး လုပ်ငန်းတွေ လုပ်ဆောင်နေရတဲ့အတွက် လစာတွေ ပေးနေရတာတွေ၊ ပြီးတော့ အောက်ခြေအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာတွေ လုပ်ငန်းမှာ သဘောတူညီမှု ပျက်ယွင်းတာတွေ ဖြစ်ခဲ့တယ်။ လုပ်ငန်းရှင်တွေရဲ့ တွက်ချက်မှုအရတော့ ဘီလျံ ၅၀ ကနေ ၁၀၀ အကြား ဆုံးရှုံးမှု ဖြစ်ပွားခဲ့တယ်” လို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။

အာဏာရှိသူ၊ အမိန့်ညွှန်ကြားသူတွေရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဟာ မူဝါဒအဖြစ် ထွက်လာရင် နိုင်ငံတိုးတက်မှု ရုတ်ခြည်းရလာသလို မှားယွင်းတဲ့မူဝါဒသာ တလွဲတချော် ထုတ်ပြန်မိရင်လည်း နိုင်ငံတစ်ခုဟာ နိမ့်ပါးတဲ့အခြေအနေ ရောက်သွားနိုင်တဲ့ သာဓကကို မြန်မာနိုင်ငံဟာ အနှစ် ၅၀ လောက် ကြုံခဲ့ဖူးတာကို သာဓကယူဖို့ လိုနေပါပြီ။


ကျပ်ဘီလျံနဲ့ချီ နစ်နာနေရတဲ့ ရန်ကုန်မြေပေါ်က အများပြည်သူပိုင်နေရာတွေရဲ့ ငှားရမ်းခတွေ မပြင်နိုင်တော့ဘူးလား

ကရ၀ိက်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နဲ့ မြကျွန်းသာ အစရှိတဲ့ မြေနေရာတွေကို ငှားရမ်းခဟာ ကာလပေါက်ဈေးထက် များစွာလျော့နည်းနေလို့ နိုင်ငံတော်က နှစ်စဉ် ကျပ် ဘီလျံနဲ့ချီ နစ်နာနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဧပြီ ၅ ရက်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနဟာ ကန်တော်ကြီး စိမ်းလန်းစိုပြည် သာယာလှပရေးနဲ့ အများပြည်သူ လွတ်လပ်စွာ အနားယူ အပန်းဖြေနိုင်ဖို့ မြေဧရိယာ ၁၈ ဒသမ ၇၃၁ ဧကကို ဇေကမ္ဘာကုမ္ပဏီဆီ ငှားရမ်းခဲ့ပါတယ်။ ဒီလို ဇေကမ္ဘာကုမ္ပဏီက နှစ်ရှည်ငှားရမ်းထားတဲ့ ကန်တော်ကြီး ကရ၀ိက်ဥယျာဉ် ကမ္ဘာမြေနေရာ ငှားရမ်းခဟာ ကာလပေါက်ဈေးထက် လျော့နည်းနေတာကြောင့် နိုင်ငံတော်က တစ်နှစ်မှာ ကျပ် ၁၉ ဘီလျံကျော်အထိ နစ်နာနေရပါတယ်။

ငှားရမ်းတဲ့ကာလက စက်တင်ဘာ ၁ ရက် ၂၀၁၀ ပြည့်နှစ်က စတင်တာဖြစ်ပြီး နှစ် ၃၀ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ ပထမငါးနှစ်အထိ ငှားရမ်းခ တစ်နှစ်ကို တစ်ဧက ကျပ် ၁ ဒသမ ၂ သန်းနှုန်းနဲ့ ကျပ်သန်း ၃၀ နဲ့ ငှားရမ်းခဲ့ပါတယ်။ ဒီလို ငှားရမ်းမှုစာချုပ် ငှားရမ်းခတွေကို နှစ်စဉ် တိုးမြှင့်ချုပ်ဆိုခြင်းမပြုဘဲ ငါးနှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုပြီး မူလငှားရမ်းခရဲ့ ငါးရာခိုင်နှုန်းထက်
မနည်းတဲ့၊ ၁၀ ရာခိုင်နှုန်းထက် မများတဲ့နှုန်းသာဖြစ်လို့ နိုင်ငံတော်က များစွာနစ်နာနေတယ်လို့ ဆိုပါတယ်။ ပထမငါးနှစ်ဖြစ်တဲ့
စက်တင်ဘာ ၁ ရက် ၂၀၁၀ ပြည့်နှစ်ကနေ သြဂုတ် ၃၀ ရက် ၂၀၁၅ ခုနှစ်
အထိ စာချုပ်သက်တမ်းပြည့်မြောက်ပြီး ငှားရမ်းစာချုပ်ပါ အပိုဒ် ၃ အရ နောင်စာချုပ်ထပ်မံချုပ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်အတွက် နစ်နာမှုမဖြစ်ပေါ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန် အကြံပြုခဲ့တာကြောင့် တစ်နှစ်ကို ကျပ်သန်း ၆၀ အထိ တိုးမြှင့်ချုပ်ဆိုခဲ့တယ်
လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ နှစ်စဉ် ကျပ်ဘီလျံ ၂၀ လောက် တိုင်းပြည်က နစ်နာနေရပါပြီ။

“ကန်တော်ကြီး ပတ်ဝန်းကျင်ဒေသမှာ ငှားရမ်းပါက တစ်စတုရန်းပေကို ကျပ် ၂၀၀၀ ခန့်ပေးပြီး ငှားရမ်းနေရချိန်မှာ ဇေကမ္ဘာကုမ္ပဏီက တစ်စတုရန်းပေကို ခြောက်ကျပ်နှုန်းဖြင့်သာ ငှားရမ်းထားတဲ့အတွက် တစ်လကို ကျပ် ၁၉၉၄ လျော့နည်းနေပါတယ်။ တစ်လကို ကျပ် ၁၆၅၉ ဒသမ ၈၆ သန်း၊ တစ်နှစ်ကို ကျပ် ၁၉ ဒသမ ၉၂ ဘီလျံနစ်နာလျက် ရှိပါတယ်” လို့ ဒေါ်ခင်သန်းလှက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ဥယျာဉ်က မြေဧက ၇၆ ဒသမ ၃၆ ဧကကို Natural World Co.,Ltd ဆီ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၅ နှစ် နှစ်ရှည်ငှားရမ်းခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ စာချုပ်ချုပ်ဆိုပါတယ်။ ဒီမြေငှားရမ်းမှုမှာလည်း တစ်လကို ကျပ် ၁၁၉၀ ဒသမ ၁၆၁ သန်း တစ်နှစ်ကို ကျပ် ၁၄ ဒသမ ၂၈၁ ဘီလျံ နစ်နာရပြန်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့ မြကျွန်းသာ အပန်းဖြေဥယျာဉ်ဟာ ခေတ်ကာလပေါက်ဈေးနှုန်း တစ်စတုရန်းပေကို ကျပ် ၁၀၀၀ ပေးနေရချိန်မှာ စီးပွားရေးလုပ်ငန်းကုမ္ပဏီ ရှစ်ခုဖြစ်တဲ့ Max Myanmar, Eden, Inya Palace, Magic Land. Nay La Pwint Service MGS Resort & Entertainment. Good Shan Borthers ကုမ္ပဏီနဲ့ Ryu Ji ကုမ္ပဏီတွေကို တစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ပဲ ငှားရမ်းခဲ့လို့ တစ်စတုရန်းပေကို တစ်လ ၂၅ ကျပ်သာ ရရှိနေပြီး နိုင်ငံတော်က တစ်စတုရန်းပေ ငှားရမ်းမှုတိုင်းအတွက် ၉၇၅ ကျပ် နစ်နာနေရလို့ တစ်လကို ကျပ် ၁၈၀၂ ဒသမ ၄၆ သန်း တစ်နှစ်ကို ကျပ် ၂၁ ဒသမ ၆၂၉ ဘီလျံအထိ နစ်နာနေရပြန်ပါတယ်။ ဒီလိုနစ်နာမှုတွေ မပြင်ဆင်နိုင်တော့ဘူးလားလို့ မေးစရာပါ။

ရန်ကုန်မြို့မှာ ကရ၀ိက်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နဲ့ မြကျွန်းသာ အစရှိတဲ့ မြေနေရာတွေက တစ်နှစ်မှာ နစ်နာနေရတဲ့ ကျပ် ၅၅ ဘီလျံနီးပါးကိုသာ နိုင်ငံတော်က ပြန်ရမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ ဒီ ၅၅ ဘီလျံကနေ နှစ်စဉ် ဘတ်စ်ကားအစီးရေ ၁၀၀၀ လောက်အထိ ၀ယ်ယူနိုင်မှာပါ။

ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူပိုင်မြေတွေက ဒီလိုနစ်နာနေရချိန်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ မန္တလေးမြို့မှာ အစိုးရ အကူးအပြောင်း ကာလတုန်းက အများပြည်သူနဲ့ဆိုင်တဲ့ မြေကွက်တွေကို လူအနည်းစုဆီ ပေးထားတာ ပြန်လည်သိမ်းယူဖို့ လုပ်ဆောင်နေပါတယ်။

ရန်ကုန်မှာ ဒီလိုချထားပေးခဲ့တဲ့ မြေကွက်တွေကို ပြန်သိမ်းဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေးစဉ်က တုပ်တုပ်မှ မလှုပ်ခဲ့ကြသလို အခုကရ၀ိက်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နဲ့ မြကျွန်းသာ နစ်နာမှုတွေကိုလည်း အမှုမဲ့အမှတ်မဲ့ ကျော်ဖြတ်ကြဦးမယ်ဆိုရင် ဆင်းရဲတွင်းထဲက ပြည်သူများ ရင်စည်းခံကြပါဦးလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service