မြန်မာ့စီးပွားရေး အရှိန်အဟုန်တိုးတက်ရန် မျှော်လင့်ချက်များ

မြန်မာ့စီးပွားရေး အရှိန်အဟုန်တိုးတက်ရန် မျှော်လင့်ချက်များ - Property News in Myanmar from iMyanmarHouse.com
11 Apr 2017 10:35 am တွင် တင်ခဲ့သည်
1839 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အမြန်ဆန်ဆုံး စာရင်းဝင် မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) အာဏာရလာ တာ တစ်နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်ထိတော့ စီးပွားရေးနဲ့
ပတ်သက်လို့ စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေ နားလည်ရ ခက်လောက်အောင် ရှုပ် ထွေးနေဆဲ ဖြစ်သလို ခေတ်နဲ့အညီ ပြောင်းလဲပြင်ဆင်မှုတွေလည်း အသည်းအသန် လိုအပ်နေပါတယ်။

ကုမ္ပဏီလုပ်ငန်းတွေကို စီမံကြီးကြပ်တဲ့ ဥပဒေတွေက ၁၉၄၈လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီခေတ်က ရေးသားထားတာ တွေပါ။ အကောက်ခွန်လုပ်ထုံး လုပ်နည်းတွေကလည်း စာရွက် တွေပေါ် အခြေခံလည်ပတ်နေဆဲ ဖြစ်ပါတယ်။ မီးပြတ်တာက ခဏခဏပါ။ အထူးသဖြင့် ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီမှာ ပိုအဖြစ်များပါတယ်။ ဘဏ်စနစ်က ထိလွယ်ရှလွယ် ရှိလွန်းနေပြီး ပိုမိုအားကောင်းတဲ့စီမံကြီးကြပ်မှု တွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါတွေ အကုန်လုံးတကယ် ဖြစ်ပျက်နေတာပါ။

အစိုးရသစ် ရင်ဆိုင်ရမယ့်ကိစ္စ၊ တွေ့ရမယ့် ကိစ္စတွေကဒီချုပ်အပေါ် ပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့အပြိုင် ကြီးမားလွန်းနေပါတယ်။ မြန်မာပြည်သူတွေဟာ ပြုပြင်ပြောင်းလဲမှုတွေကို မျှော်လင့်ပြီး ရွေးကောက်ပွဲမှာ ညီညီညွတ်ညွတ် မဲပေးခဲ့တာကြောင့်ဒီချုပ်က တောင်ပြိုကမ်းပြို ရလဒ်နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ စီးပွားရေးအသိုက်အဝန်းနဲ့ ဆက်နွှယ်နေသူတွေကတော့ အစိုးရရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို သာမန်ပြည်သူ တွေထက် အလေးထား စောင့်ကြည့်နေကြပါတယ်။ ဒါပေမဲ့ ဒီချုပ်ရဲ့ အာဏာသက်တမ်း ငါးနှစ်မှာ ပထမတစ်နှစ် ကုန်ဆုံးသွားတဲ့ အချိန်ထိတော့ စီးပွားရေး နယ်ပယ်သားတွေအမြင်မှာ ရလဒ်တွေကရောထွေးနေဆဲလို့ ဆိုတယ်။ ဒါဟာ အကောင်းအမြင်ဆုံး ရှုထောင့်ကနေပေးထားတဲ့ မှတ်ချက်ပါ။

မြန်မာနိုင်ငံဟာ ရေရှည်တိုးတက်မှု အလားအလာကောင်း တွေ ပိုင်ဆိုင်ထားတဲ့ စီးပွားရေး နယ်ပယ်တစ်ခုဖြစ်ပြီး အဲဒီတိုး တက်မှု ဖြစ်နိုင်ခြေတွေကို လက်တွေ့ဖန်တီးပေးဖို့က အစိုးရရဲ့ တာဝန်ပဲလို့ Caterpiller ဆောက်လုပ်ရေး ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ယူ ရောင်းချနေ တဲ့ မြန်ရွှေပြည်ကုမ္ပဏီဥက္ကဋ္ဌဦးခင်မောင်ဝင်းက ပြောပါတယ်။ဒါပေမဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေက မျှော်လင့်ထားတဲ့ တိုး တက်မှု အနေအထားနဲ့ အစိုးရရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှု လုပ် ငန်းစဉ်တွေကြား ကွာဟချက် ကြီးမားနေတာက စိုးရိမ်စရာ ဖြစ်နေ ကြောင်း သူက ဆိုတယ်။

ရန်ကုန်က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Sandanilaရဲ့ မန်နေဂျင်းဒါရိုက်တာဒေါ်သီရိသန့်မွန်ကတော့ လက်ရှိအစိုးရဟာ ဆယ်စုနှစ်အတော်များများ အသားကျနေခဲ့တဲ့ စီမံခန့်ခွဲမှု အမှားအယွင်းတွေကို လိုက်လံပြင်ဆင်ရင်း ရုန်းကန်နေရတယ်လို့ စာနာစကား ပြောပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ကနဦးအဆင့် လုပ်ဆောင်မှုတွေ ကအားရစရာ အရိပ်အခြည်မရှိသေးတာကို လက်ခံရမှာဖြစ် ကြောင်းနဲ့ အစိုးရက စီးပွားရေးကဏ္ဍအပေါ် အာရုံစိုက်မှု ခေါင်းပါးနေမလားဆိုတာကို တွေးတောစိုးရိမ်မိကြောင်းလည်း ဒေါ်သီရိသန့်မွန်ကဝန်ခံခဲ့ပါတယ်။

အရေးပါတဲ့ ရုပ်ပိုင်းနဲ့ လူမှု ရေးနယ်ပယ်တွေနဲ့ အခြေခံအဆောက်အအုံတွေမှာ မှန်ကန်သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာဖို့ဆိုရင် ပုံမှန်တိုးတက်မှု ရှိနေဖို့ မဖြစ်မနေလိုအပ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ် ပေါင်းများစွာ ဖိနှိပ်ခံနေရတဲ့ ဒဏ်ကနေ ရိုးရိုးရှင်းရှင်းလေး လွတ်မြောက်လာတာ မဟုတ်ဘူးဆိုတာကို လူတော်တော်များများက မေ့နေကြကြောင်း၊ လက်ရှိကြုံနေရတာဟာ အရင်ဆိုဗီယက်ယူနီယံက ခွဲထွက်လာတဲ့ နိုင်ငံတွေ ဖြတ်သန်းခဲ့ရတဲ့ စပ်ကူးမပ်ကူး စီးပွားရေးပုံစံမျိုးဖြစ်နေကြောင်းလည်း သူကမှတ်ချက်ပေးပါတယ်။ စီးပွားရေးနဲ့ပတ် သက်ပြီး မှန်မှန်ကန်ကန်စီမံခန့်ခွဲ မှု မလုပ်နိုင်ရင်တော့ တစ်နိုင်ငံလုံး မျှော်လင့်လိုလားခဲ့ကြတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ဆိုတာ သက်တမ်းကြာကြာ မခံတဲ့အခြေအနေ ဖြစ်သွားနိုင်တယ်လို့လည်း ဒေါ်သီရိသန့်မွန်က သုံးသပ်ပါတယ်။

ရန်ကုန်စတော့ဈေးကွက်မှာ ပထမဆုံး စာရင်းသွင်းခဲ့တဲ့ FirstMyanmar ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆာဂျီပွန်းက အစိုးရရဲ့ ပထမသက်တမ်း တစ်နှစ်အတွင်းကဏ္ဍအလိုက် စီမံဆောင်

ရွက်မှု အပိုင်းတွေကို အကဲဖြတ်ကြည့်ရင် ရှေ့ဆက်စောင့်ကြည့်သင့်တယ်ဆိုတာမျိုးထက် မပိုသေးဘူးလို့ ခံစားမိကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်နဲ့ ဘက် ပေါင်းစုံက ထင်ထင်ရှားရှား တွန်း အားပေးမှုတွေအရ လက်ရှိထက် အများကြီး ပိုကောင်းနိုင်ခြေမျိုး မျှော်လင့်ခဲ့ကြောင်းသူကဆိုတယ်။

ဒီချုပ်ဟာ ထိလွယ်ရှလွယ် စီးပွားရေး အခြေအနေမျိုးနဲ့အတူ ရှုပ်ထွေးလွန်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ဆက်ခံတာဝန်ယူခဲ့ ရပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြား ဆယ်စုနှစ်ခုနစ်ခုလောက် ပြည်တွင်းပဋိပက္ခ

တွေ ဖြစ်ပွားနေတာကို အဆုံးသတ် ဖို့ ဒီချုပ်က ကြိုးစားနေပါတယ်။ မြန်မာအစိုးရခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အဓိကအားစိုက်တဲ့ အပိုင်းကလည်း အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပါတယ်။

‘‘စီးပွားရေးဟာ အစိုးရရဲ့ ဦးစားပေး သတ်မှတ်ချက် မဟုတ်တာ ရှင်းပါတယ်’’လို့ Delta CapitalMyanmarရဲ့ Managing Partner နစ်ခ်ပါဝဲလ်က ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ ပတ်သက်ရင် အဆင့်တိုင်းမှာ မရေရာမသေချာမှုတွေကို မြင်နေရကြောင်းလည်း သူက Nikkei Asian Reviewကို မှတ်ချက်ပေးခဲ့တယ်။ ပါဝဲလ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ တိုးတက်မှု အလားအလာ တချို့ ရှိလာပေမယ့် ဥပဒေသတ် မှတ်ချက်တွေ ပြောင်းလဲရေး အပါအဝင် အရေးအကြီးဆုံးကဏ္ဍတွေမှာတော့ ဒီထက်ပိုပြီး အားစိုက်ဖို့ လိုနေကြောင်းပြောပါ တယ်။

‘‘ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်း မျဉ်းဥပဒေတွေကို ခေတ်နဲ့အညီ ရှင်းလင်းတိကျအောင် ပြောင်းလဲ ခြင်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ မြန်မာနိုင်ငံမှာ တိုးပွားမြင့် တက်လာစေဖို့ အရမ်းအရေးကြီးပါတယ်’’လို့
လည်း ပါဝဲလ်က သုံးသပ်ခဲ့တယ်။ ဥပဒေသစ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက မြန်မာကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ရေးကို တရားဝင်ခွင့်ပြုလာဖို့ တောင်းဆိုမှုတွေရှိနေတယ်။ လတ်တလောမှာ တော့ နိုင်ငံသားပိုင်လို့ သတ်မှတ်ထားတဲ့ ကုမ္ပဏီတစ်ခုဟာ နိုင်ငံသားပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်း ရှိရမှာပါ။

အဲဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေသူ အများကြီးရှိကြောင်း ရန်ကုန်က ဥပဒေအကြံ ပေးကုမ္ပဏီ VDB-Loiရဲ့ မိတ်ဖက်တစ်ဦးဖြစ်တဲ့ အက်ဒွင်ဗန်ဒါဘာ ဂန်က ပြောပါတယ်။ မြန်မာနိုင်ငံ မှာ လောင်စာလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးစောင့် ရှောက်မှုနဲ့ အိမ်ခြံမြေလုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စား မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေ တယ်လို့လည်း ဆိုတယ်။

ဆက်သွယ်ရေးလုပ်ငန်းက တော့ နောက်ထပ်ကြီးမားတဲ့ ဧရိယာတစ်ခုပါ။ အစိုးရက ခွင့်ပြု ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ သုံးခု လုပ်ငန်းလည်ပတ်နေပြီး နိုင်ငံထဲက နေရာတချို့မှာ 4Gကွန်ရက် အသုံးပြုခွင့်တွေ ရရှိနေပါပြီ။စတုတ္ထမြောက်နဲ့ နောက်ဆုံးဆက်သွယ်ရေး ကုမ္ပဏီအဖြစ် Mytelက အခုနှစ်ကုန်ပိုင်းမှာ ဈေးကွက် ထဲ ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။
‘‘ကျွန်တော်တို့ အနေနဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်မှာ ကောင်းမွန် တဲ့ သက်ရောက်မှုတွေ ရှိလာဖို့ မျှော်လင့်ထားပါတယ်’’လို့ KBZ Groupရဲ့ သတင်းအချက်အလက် ဌာနအကြီးအကဲနဲ့ KBZ Gatewayရဲ့ အမှုဆောင်ချုပ် စတီဖိန်လာ မော်ရော့စ်က ပြောပါတယ်။ တစ်

နိုင်ငံလုံးကို ဖိုင်ဘာကွန်ရက် ဖြန့်ကြက်ဖို့၊ ပင်မဖိုင်ဘာလမ်းကြောင်း တွေ ပိုပြီးနယ်ကျယ်လာဖို့ဟာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရမ်းအရေးကြီးတယ်လို့ တရုတ်ပိုင် Huawei Technologyရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်ချုပ်ဇန်လီမန်းက ဆိုတယ်။ ဒါပေမဲ့ အင်တာနက် မြန်နှုန်းအတွက် ဖြေရှင်းမှုတွေနဲ့ နည်းပညာ ထိုးထွင်းတီထွင် မှုတွေအရ မြန်မာနိုင်ငံမှာ အားရ စရာ တိုးတက်မှုတွေ ရှိနေတယ်လို့ သူက သုံးသပ်ခဲ့တယ်။

ဒီချုပ်အစိုးရလက်ထက်မှာ စွမ်းအင် အထောက်အပံ့နဲ့ ပတ်သက်လို့ ပထမဆုံးတင်ဒါခေါ်ယူ မှုကို ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တယ်။ အဲဒီကနေ ၃၀၀ မဂ္ဂါဝပ် ပရောဂျက် နှစ်ခုအတွက် သီးခြား တာဝန်ယူဖို့ နိုင်ငံတကာ ကုမ္ပဏီ နှစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ လယ်မှာတော့ သဘောတူစာချုပ်

မယ့်ကိစ္စ နှစ်ခုစလုံး ပျက်ပြယ်သွားပြန်တယ်။ အဓိပ္ပာယ်ကတော့ ရန်ကုန်မှာ မှောင်အတိနဲ့ နွေညတွေ ကို ဖြတ်သန်းရဦးမယ့် သဘော ပါပဲ။ စီမံကိန်းအသစ်တွေနဲ့ ပတ်သက်ပြီး တခြားကဏ္ဍတွေမှာ လည်း အလားတူပျက်ကွက်မှုတွေ တွေ့မြင်နေရဆဲပါ။ ‘‘ရေအရင်း အမြစ်၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး အားလုံး မှာ အားရစရာမရှိသေးဘူး’’လို့ ဗန်ဒါဘာဂန်က ဆိုတယ်။

ဘဏ္ဍာရေး ကဏ္ဍမှာလည်းမြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ တိုးတက်မှုတွေ အားနည်းယုတ်လျော့ နေခြင်းအတွက် ဝေဖန်ပြစ်တင် မှုတွေကို မျှဝေပြီး ခံယူနေရဆဲပါ။ ဒီချုပ်အာဏာမရခင် နှစ်လလောက်အလို ၂၀၁၆ အစောပိုင်း တုန်းက ဘဏ္ဍာရေးဆိုင်ရာ ဥပဒေ သစ်တစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းခဲ့တယ်။ အကျိုးဆက်အနေနဲ့ဗဟိုဘဏ်ဟာ လိုအပ်တဲ့ ကိုင် တွယ်ကြပ်မတ်မှုတွေကို တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ လုပ်ပိုင်ခွင့် ပို ကျယ်ပြန့်လာပါတယ်။ ဒါပေမဲ့ တစ်နှစ်ကျော် ကြာပြီးတဲ့ထိ အမှန်တကယ်လိုအပ်တဲ့ အပြောင်းအလဲတွေအတွက် ဆွေးနွေးဖို့၊စည်းမျဉ်းသစ် အပြောင်းအလဲတွေ အတွက် လမ်းပြမြေပုံတွေ အသိပေးထုတ်ပြန်ဖို့ ဘာမှရှိမလာသေးဘူးလို့ AYA ဘဏ်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် အေဇင်းမ်အက်ဇီမူဒင် က ပြောကြားခဲ့ပါတယ်။

Yoma ဘဏ်ရဲ့ အမှုဆောင် ချုပ် ဟားလ်ဘော့ခ်ျရှားကလည်း ဘဏ္ဍာရေးစနစ်ရဲ့ ကြံ့ခိုင်အား ကောင်းမှုကို ဆန်းစစ်ရေးဟာ အမှန်တကယ်လိုအပ်ကြောင်း ထောက်ခံပါတယ်။ ဈေးကွက်ကို ပိုပြီး အားကောင်းကောင်း မောင်းနှင်နိုင်ဖို့အတွက် ဘဏ်တွေမှာချေးငွေအတွက် အတိုးနှုန်းကန့် သတ်ချက် ကျပ်ကျပ်တည်းတည်း သတ်မှတ်ထားမှုမျိုးကို ဖယ်ရှားစေလိုကြောင်း သူကပြောပါတယ်။ အစိုးရဟာ လက်ရှိထက် ပိုပြီး တိုးတက်စေမယ့် အပြောင်းအလဲအ များအပြားကို နည်းမှန် လမ်းမှန် ဆောင်ရွက်နိုင်စွမ်း ရှိနေဆဲလို့ ယုံကြည်ကြောင်းလည်း ဘော့ခ်ျရှားက ဆိုတယ်။

လိုအပ်ချက်တွေ တသီတတန်းကြီး ရှိနေတဲ့တိုင် အစိုးရ အနေနဲ့ ပိုကောင်းမွန်တဲ့ အခြေအနေမျိုး ဖော်ဆောင်ပြလာမယ်လို့ အကောင်းမြင် မျှော်လင့်သူတွေ လည်း ရှိပါသေးတယ်။

‘‘ကျွန်တော့် အမြင်အရတော့ အစိုးရရဲ့ အဆင့်အမြင့်ဆုံး အရာရှိတွေအနေနဲ့ လက်ရှိအနေအထား မှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေသေးတဲ့ နောက်ခံအကြောင်း ရင်းတွေကို သတိပြုမိမယ်ဆိုရင် မြန်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ချဉ်းကပ်မှုတွေ လုပ်ဆောင်လာနိုင် မှာပါ’’လို့ First Myanmar ရဲ့ဥက္ကဋ္ဌပွန်းက ပြောကြားသွားခဲ့ပါ တယ်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service