တနင်္သာရီတိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင်ကျွန်းများ ပုံစံ ၇ ရှိလျှင် ရောင်းလိုက ရောင်းနိုင်ကြောင်း တိုင်းသယံဇာတဝန်ကြီးပြော

တနင်္သာရီတိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင်ကျွန်းများ ပုံစံ ၇ ရှိလျှင် ရောင်းလိုက ရောင်းနိုင်ကြောင်း တိုင်းသယံဇာတဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
10 Apr 2017 10:08 am တွင် တင်ခဲ့သည်
1492 ကြိမ် ကြည့်ရှု့ပြီး
တနင်္သာရီတိုင်းဒေသ ကြီးရှိ ကျပ်သိန်းပေါင်း သောင်း နှင့်ချီတန်ဖိုးရှိသော ကျွန်းအများစု အနက် တစ်ဦးတစ်ယောက်တည်းကပိုင်သော ကျွန်းများကို ပုံစံ ၇ ရှိပါက ရောင်းချလိုပါက ရောင်းနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး
ဦးမြင့်မောင်က ပြော သည်။

တနင်္သာရီတိုင်းဘက်ရှိ ကျွန်းအများစုတွင် ဥယျာဉ်ခြံမြေ ပုံစံ (၇)ရရှိထားသော ဘိုးဘွားပိုင် ကျွန်းများရှိပြီး ရောင်းချခွင့်၊ ပေါင်နှံခွင့် ပေးသော်လည်း
နိုင်ငံခြား သားများအား ရောင်းချခွင့်မပြု ထားကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ကျွန်းများ အရောင်း အဝယ်ပြုလုပ်ခြင်းကို နောက်ပိုင်း တွင် စိစစ်နိုင်ရန် ကျွန်းတစ်ကျွန်း
ချင်းစီ၏ ရာဇဝင်ကို သေချာစွာ လေ့လာစုံစမ်းမည်ဖြစ်ကြောင်း
ဦးမြင့်မောင်က ပြောသည်။

ယခုရက်ပိုင်းတွင်း တနင်္သာ ရီတိုင်းမှ ကျွန်းတစ်ကျွန်းဖြစ်သော ဥယျာဉ်တောင်ကျွန်းကို ငွေကျပ် သိန်းနှစ်သောင်းဖြင့် ရောင်းချရန်
အေးချမ်းမြေ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းက စတင်ကြော်ငြာ
ခဲ့ရာမှ စိတ်ဝင်စားသူအမြောက် အမြားရှိခဲ့သည်။

‘‘အဲဒီကျွန်းရဲ့ ပိုင်ရှင်က ကျွန်မတို့ကုမ္ပဏီကို လာအပ်ထား လို့ အခုလို ကြော်ငြာတင်ပေး လိုက်တာပါ။ ရောင်းမယ့်သူဘက်မှာ သူတို့ပိုင်ဆိုင်ကြောင်း ပြည့် ပြည့်စုံစုံ စာရွက်စာတမ်းတွေရှိပါ တယ်။ အဘိုးအဘွားလက်ထက် ကတည်းက ပိုင်လာတဲ့ကျွန်းလို့ ပြောပါတယ်။ အဲဒီနားက ကျွန်း တွေလည်း မကြာခဏအရောင်း အဝယ်ဖြစ်နေတယ်လို့ ရောင်း မယ့်သူက ကျွန်မတို့ကို ပြောပြပါ တယ်’’ဟု အေးချမ်းမြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေ ဂျင်းဒါရိုက်တာ မသက်ထားက ပြောသည်။ အဆိုပါကျွန်းကို ရောင်းချ ရန် ကြော်ငြာတင်ပြီး နောက်ပိုင်း တွင် စိတ်ဝင်စားသဖြင့် ဝယ်ယူ ရန် လာရောက်မေးမြန်းသူ လေး ဦးခန့်ရှိပြီး အရောင်းအဝယ်ကိစ္စ အတွက် ပိုင်ရှင်နှင့် ရက်ပိုင်းအ တွင်း တွေ့ဆုံပေးရန် စီစဉ်နေ ကြောင်း ၎င်းက 7Day Daily အားပြောကြားသည်။

၂၀၁၆ ကလည်း တနင်္သာရီ တိုင်း ဘုတ်ပြင်းမြို့နယ်အနီးရှီ (ဗ)ကျွန်း အမည်ရှိသော ကျွန်းကို ဒေါ်လာနှစ်သန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

ကျွန်းအများစုသည် လေယာဉ် ကွင်းတည်ဆောက်ခွင့်မရှိ သော်လည်း ရဟတ်ယာဉ်ကွင်း တည်ဆောက်နိုင်ပြီး အပန်းဖြေ လုပ်ငန်းများဖြစ်သည့် ဟိုတယ်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်နေသောကြောင့် ယင်းကျွန်း များကို ဝယ်ယူရန် စိတ်ဝင်စားသူ အမြောက်အမြားရှိကြောင်း မသက်ထားက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service