ရွှေဆိုင်များ ကုန်သွယ်လုပ်ငန်းခွန်ကောက်ရန် အခွန်ပြေစာ အမှတ်တံဆိပ် ယခုလကုန် ရိုက်နှိပ်ထုတ်ပေးမည်

ရွှေဆိုင်များ ကုန်သွယ်လုပ်ငန်းခွန်ကောက်ရန် အခွန်ပြေစာ အမှတ်တံဆိပ် ယခုလကုန် ရိုက်နှိပ်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
10 Apr 2017 10:01 am တွင် တင်ခဲ့သည်
4565 ကြိမ် ကြည့်ရှု့ပြီး
ရွှေဆိုင်များတွင် ကုန်သွယ်လုပ်ငန်းခွန်ကောက်ရန် အခွန်ပြေစာအမှတ်တံဆိပ်များ ရိုက်နှိပ်ပြီး ယခုလကုန်၌ ရွှေဆိုင်များသို့ ထုတ်ပေးနိုင်မည်ဟုပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

‘‘ရောင်းရငွေအပေါ်မှာ ကုန် သွယ်လုပ်ငန်းခွန် မှန်မှန်ကန်ကန် စည်းကြပ်နိုင်ဖို့အတွက် အခွန်ပြေ စာအမှတ်တံဆိပ်တွေ ရိုက်နှိပ်ဖို့ စီစဉ်နေပါတယ်’’ ဟု ၎င်းက ပြောသည်။ ယခင်က ရွှေဆိုင်များ၏ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံခဲ့ ပြီး အဆိုပါအခွန်ကို ရွှေဆိုင် များက ပေးဆောင်ရကာ ယခု ကောက်ခံမည့် ကုန်သွယ်လုပ်ငန်း ခွန် ၁ ရာခိုင်နှုန်းကို ၀ယ်ယူသူက ပေးဆောင်ရမည်ဖြစ်သည်။

လက်ရှိအချိန်အထိ ရွှေဝယ် ယူသူများထံမှ ကုန်သွယ်လုပ်ငန်း ခွန် ကောက်ခံခြင်းမရှိသေး ကြောင်း ပြည်တွင်းအခွန်များဦး စီးဌာနမှ သိရသည်။

ရွှေဝယ်ယူသူများဘက်က လည်း ရွှေဝယ်ယူပြီး အခွန်ဆောင် ပါက မိမိတွင်မည်သို့ အကျိုးခံစား ခွင့်ရနိုင်ခြင်း ရှိ၊ မရှိ ပြည်တွင်း
အခွန်များရုံးသို့ မေးမြန်းကြသည် ဟု ဆိုသည်။

‘‘ကောက်ခံလို့ ရတဲ့ အခွန် တွေကို နိုင်ငံတော်ကို ပြန်သွင်းရ တယ်။ အဲဒီပိုက်ဆံတွေနဲ့ပဲ လမ်း၊ တံတားတွေဆောက်တယ်။ ဆေး ရုံတွေဆောက်တယ်။ ဒါတွေက ပြည်သူတွေအတွက် ပြန်သုံးတာ ပဲ’’ ဟု ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယခင်က ရွှေဆိုင်များမှ အ ခွန်ကောက်ယူရာတွင် အခွန်စည်း ကြပ်ရန်တင်ပြသည့်ပမာဏအ ပေါ်သာ စည်းကြပ်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ အခွန်ပြေစာအမှတ် တံဆိပ်ကပ်နှိပ်သည့်စနစ်ဖြင့်ကုန် သွယ်လုပ်ငန်းခွန်ကောက်ခံပါက ရောင်းရငွေအမှန်ကို အခွန်စည်း ကြပ်နိုင်မည်ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ
သိရသည်။

၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင်
လက်ဝတ် ရတနာများ၊ ကျောက်စိမ်း၊ ပတ္တ မြား၊ နီလာ၊ စိန်၊ မြနှင့် အခြား ကျောက်မျက်ရတနာများအတွက် အခွန် ၅ ရာခိုင်နှုန်း၊ ရွှေထည် လက်ဝတ် ရတနာများအတွက် အခွန် ၁ ရာခိုင်နှုန်းနှင့် အထူးကုန် စည်တွင် မပါဝင်သည့် အခေါက် ရွှေတုံးများအတွက် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေး ဆောင်ရမည်ဟု ပြဋ္ဌာန်းထား သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service