အစိုးရသစ် လက်ထက် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ရွှေနံ့သာ တန်ဖိုးနည်းအိမ်ရာကို ဧပြီလကုန်မှာ ကျပ်သိန်း ၁၀၀နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ မေလက တည် ဆောက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ဧပြီ လကုန်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
စုစုပေါင်း အခန်း ၈၀ ရှိပြီး ငါးထပ် အဆောက်အအုံ နှစ်လုံး ပါဝင်တဲ့ ရွှေနံ့ သာ အိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ် ဆက်ပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ကျပ်သိန်း ၁၀၀ အောက်နဲ့ ရောင်းချနိုင်ေ အာင် စီစဉ်ခဲ့ပေမဲ့ ကုန်ကျ စ ရိတ်က ထင်ထားတာထက် ပိုကုန်ကျတဲ့အ တွက် ကျပ်သိန်း ၁၀၀ အောက် ရောင်းချနိုင်ဖို့ မဖြစ်နိုင်တဲ့ အတွက် ကျပ် သိန်း ၁၀၀ နဲ့ စပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။
နေပြည်တော်ရဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းဖြစ်တဲ့ ရွှေနံ့သာ အိမ်ရာကို ဝင်ငွေနည်း ပြည်သူ အစိုးရ ဝန်ထမ်းတွေကို ဦးစားပေး ရောင်းချသွားဖို့ ရည်ရွယ်ထားတယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
လက်ရှိ စီမံကိန်းဟာ စမ်းသပ်တည်ဆောက်ခဲ့တဲ့ စီမံကိန်းဖြစ်တဲ့ အတွက် အခန်းအရေအတွက်က တော့ နည်းပါတယ်။ နောက်ထပ် ရွှေနံ့သာ တန်ဖိုး နည်းအိမ်ရာ စီမံကိန်း အပိုင်း (၂)နဲ့ (၃) ကို ဆက် ပြီးတော့ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့မှာ ယခင်အစိုးရ လက်ထက်က တည် ဆောက်ခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေက အခန်းအရေ အ တွက် ၂၀၀၀ ကျော်ကိုလည်း ဧပြီလ ကုန်မှာ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါ တယ်။
Credit: The Modern