သင်္ကြန်မဏ္ဍပ်များအတွက် ပြည်လမ်းမှ ခြံဌားရမ်းခနှုန်းထားများ ယမန်နှစ်ကထက်ကျဆင်လား

သင်္ကြန်မဏ္ဍပ်များအတွက် ပြည်လမ်းမှ ခြံဌားရမ်းခနှုန်းထားများ ယမန်နှစ်ကထက်ကျဆင်လား - Property News in Myanmar from iMyanmarHouse.com
4 Apr 2017 10:24 am တွင် တင်ခဲ့သည်
3529 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်သင်္ကြန်မဏ္ဍပ်များတည်ဆောက်ရန်အတွက် ပြည်လမ်းမှ ခြံဌားရမ်းခနှုန်းထားများ ယမန်နှစ်ကထက် လျော့ကျလာကြောင်း မဏ္ဍပ်တည်ဆောက်ရန်စီစဉ်နေသူများထံမှသတင်းရရှိသည်.။

ယခုနှစ်တွင် မဏ္ဍပ်များ အနေဖြင့် ပြည်လမ်းပေါ်မှ ခြံရှင်များနှင့် ညှိုနှိုင်းရသည်မှာလွယ်ကူပြီး ခြံဌားခများလည်း ဈေးကျလာကြောင်း
TMF မဏ္ဍပ်မှ organizer ကိုဝေဌုကဆိုသည်။

" ခြံဈေးတွေက ပြီးခဲ့တဲ့နှစ်ကထက် သိန်း၁ထောင်အောက်ကိုကျသွားတယ် သိန်း ၇၀၀ ၊ ၈၀၀နဲ တချို့ခြံတွေက ဌားကြတယ် " ဟု ၄င်းကပြောသည်။

ယခုနှစ် သကြန်မဏ္ဍပ်တည်ဆောက်သူများ အနေဖြင့်ဆောက်လုပ်ခွင့်ချထားပေးမှုမှာ ဧပြီလထဲသို့ရောက်မှသာ ခွင့်ပြုမည်ဖြစ်သောကြောင့် အချိန်မမှီမှာကို အထူးစိုးရိမ်နေကြပြီး ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းတည်ဆောက်ရန် ပြင်ဆင်ထားသည်
ဟု ပြည်လမ်းတွင် မဏ္ဍပ်တည်ဆောက်ရန် လျှောက်ထားသည့်
မဏ္ဍပ် Organizer များ ကပြောသည်။

" စည်ပင်ကတော့ ကျနော်တို့ဆောက်မဲ့ ခြံတွေထဲကို လာတိုင်းသွားတာတွေလုပ်သွားပြီပြီ နေရာတွေဘာတွေ အတည်တကျသတ်မှတ်ပေးပြီးသွားပြီ တည်ဆောက်ခွင့်ပါမစ်ကိုကျနော်တို့ကစောင့်နေရတာ " ဟု ပြည်လမ်းကန်ဘောင်ရှေ့တွင်တည်ဆောက်မည့် Black Jack
မဏ္ဍပ်မှ Organizer ကိုဝေယံက ပြောသည်။

မဏ္ဍပ်တည်ဆောက်ခြင်းကိုသင်္ကြန်ရပ်နားနီးမှ တည်ဆောက်ခွင့်ပေးပါက အချိန်တိုအတွင်းတည်ဆောက်ရသဖြင့် မဏ္ဍပ် ကြံ့ခိုင်ရေးကို အစိုးရအဖွဲ့ အနေဖြင့် ထည့်သွင်းစဉ်းစေားပေးသင့်ကြောင့် မဏ္ဍပ်တည်ဆောက်မည့် Organizer များကဆိုသည်။

ယခုနှစ် ရန်ကုန် သင်္ကြန်မဏ္ဍပ်အရေအတွက်မှာလျော့နည်းသွားပြီး အများပြည်သူ အပန်းဖြေနားနေသည့်နေရာများတွင် နေရာကိုဌားရမ်းကာ water festival ပုံစံပြုလုပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွဲရန် ပြင်ဆင်မှုများလည်း ပြုလုပ်လျှက်ရှိသည်။
ကန်တော်ကြီး(မျှော်စင်ကျွန်း) ၊ သုဝဏ္ဏ ပေါ်ဆန်းမွေးလမ်းရှိ
ဝne entertainment ကဲ့သို့ နေရာများတွင် လူအများကို
လက်မှတ်ရောင်းချကာ ရေကစားမည့် အစီအစဉ်များကိုလည်း
ပြီးခဲ့သည့်နှစ်က မဏ္ဍပ်တည်ဆောက်သူများကစီစဉ်လျှက်ရှိသည်။

" ကျွန်မတို့က ကန်တော်ကြီးထဲက မျှော်စင်ကျွန်းထဲမှာ ပါမစ်ကျပါပြီ မဏ္ဍပ်မဟုတ်တော့ပေမဲ့ မဏ္ဍပ်သဘောမျိုး ပြန်ပြီးတည်ဆောက်ရာတာပါပဲ ဒီနှစ်က အပြင်မှာ မဏ္ဍပ်တွေကိုမပေးနိုင်ဘူးဆိုပြီးအသံတွေ ထွက်နေတော့ အခုလို ကန်တော်ကြီးထဲမှာပဲ နေရာဌားပြီး water festival ပုံစံမျိုး လုပ်သွားမှာပါ " ဟု ပြီးခဲ့သည့်နှစ်က မဏ္ဍပ်တည်ဆောက်ခဲ့ဖူးပြီး
ယခုနှစ် မှ ကန်တော်ကြီးတွင် ပြောင်းလဲပြုလုပ်မည့် Barrack မှ organizer တစ်ဦးကပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service