တရုတ်​ရင်းနှီးမြှုပ်​နှံသူများ မ​လေးရှားအိမ်​ခြံ​မြေ​ဈေးကွက်​ကို ပစ်​မှတ်​ထားလာ

တရုတ်​ရင်းနှီးမြှုပ်​နှံသူများ မ​လေးရှားအိမ်​ခြံ​မြေ​ဈေးကွက်​ကို ပစ်​မှတ်​ထားလာ - Property News in Myanmar from iMyanmarHouse.com
4 Apr 2017 10:10 am တွင် တင်ခဲ့သည်
3029 ကြိမ် ကြည့်ရှု့ပြီး
တရုတ်​ရင်းနှီးမြှုပ်​နှံသူများသည်​ စင်္ကာပူ၏ ​နေရာကိုအစားထိုးကာ မ​လေးရှားအိမ်​ခြံ​မြေ၏ အကြီးဆုံးနိုင်ငံခြားဝယ်လက်များ ဖြစ်​လာပြီဖြစ်​သည်​။ မ​လေးရှားအိမ်​ခြံ​မြေ၏ အကြီးဆုံးနိုင်ငံခြားဝယ်လက်များအဖြစ် စင်္ကာပူက ကာလရှည်​ကြာ​နေရာယူခဲ့သည်​။

ပြီးခဲ့သည့်​ သုံးနှစ်​ (၂၀၁၄ - ၂၀၁၆) အတွင်း မ​လေးရှားအိမ်​ခြံ​မြေတွင်​ တရုတ်​က အ​မေရိကန်​​ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ (​ပေါင်​ ၁ ဒသမ ၆ သန်း) ရင်းနှီးမြှုပ်နှံခဲ့ပြီး စင်္ကာပူက အ​မေရိကန်​ဒေါ်လာ ၉၂၈ သန်း (​ပေါင်​ ၇၂၈ သန်း) ရင်းနှီးမြုပ်နှံခဲ့ကြောင်း Real Capital Analytics က ထုတ်​ပြန်​ခဲ့သည်​။ ၎င်းတို့က ထိုနှစ်​များအတွင်း ပြီးစီးခဲ့​သော အ​မေရိကန်​ဒေါ်လာ ၁၀ သန်း (​ပေါင်​ ၈ သန်း) နှင့်​အထက်​ အ​ရောင်းအဝယ်​များကို အ​ခြေခံ၍တွက်​ချက်​ခဲ့ခြင်း ဖြစ်​သည်​။

မ​လေးရှားအစိုးရ၏ လူ​နေအိမ်​​ဈေးကွက်​တွင်​ ငှါးရမ်းမှုဆိုင်​ရာ စည်းမျဉ်းများနှင့်​ နိုင်​ငံခြားသားအိမ်​ဝယ်​ယူခွင့်​ဆိုင်​ရာ ​ဥပဒေအား လွန်​ခဲ့သည့်​ ၁၀ နှစ်​ကတည်းက ​ဖြေ​လျှော့လာမှုက မ​လေးရှားအိမ်​ခြံ​မြေအတွက်​ နိုင်​ငံတကာမှဝယ်​လက်​များကို ပိုမိုဆွဲဆောင်လာနိုင်ခဲ့သည်။ အထူးသဖြင့် သြစ​တြေးလျနှင့်​ ​ဟောင်​​ကောင်​ထက်​ ပိုမို​ဈေးသက်​သာပြီး အထိုက်အလျောက်အဆင်​​ပြေမည့်​ ​အိမ်​ခြံမြေဈေးကွက်​ကို
ရှာ​ဖွေလာသည့်​ တရုတ်​ရင်းနှီးမြှုပ်နှံသူများအတွက် မျက်​စိကျစရာဈေးကွက်အဖြစ် ​ပေါ်ထွန်းလာခဲ့သည်​။

ဥ​ရောပနှင့်​ အ​မေရိကန်​တွင်သာ အဓိကအားဖြင့် ရင်းနှီးမြုပ်နှံကြဆဲဖြစ်သော်ငြား များစွာပိုမိုတတ်​နိုင်စရာဖြစ်လာသော မ​လေးရှားတွင်​လည်း တရုတ်​တို့ ပိုမိုရင်းနှီးမြှုပ်​နှံလာကြခြင်းဖြစ်ကြောင်း Cushman & Wakefield ၏ သုတေသနဆိုင်ရာ စီမံခန့်​ခွဲ​ရေးဒါရိုက်​တာ
စစ်​ဂရစ်​ဇိုင်​ယယ်​စီတာက ​ပြောကြားခဲ့သည်။

ကမ္ဘာတစ်​ဝန်းတွင်​ တရုတ်၏ ပြည်​ပအိမ်​ခြံ​မြေတွင်​ ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က အ​မေရိကန်​​ဒေါ်လာ ၃၃ ဘီလျံ (​ပေါင်​ ၂၆ ဒသမ ၃ ဘီလျံ)
ထပ်​မံမြင့်​တက်​ခဲ့ပြန်​သည်​။

ယမန်နှစ်တွင် အမေရိကန်က အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလျံ (ပေါင် ၁၁ ဒသမ ၄ ဘီလျံ) ရင်းနှီးမြှုပ်နှံခံခဲ့ရပြီး တရုတ်တို့၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအတွက် ရေပန်းအစားဆုံးဈေးကွက်
နေရာဖြစ်ခဲ့သည်။ ဟောင်ကောင်က ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံခံခဲ့ရပြီး မလေးရှားက တတိယ၊ သြစတြေးလျက စတုတ္ထနှင့် ဗြိတိန်က ပဉ္စမဖြစ်ခဲ့သည်။

သို့သော်လည်း တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်တွင် စိတ်ဝင်စားမှုစတင်လျော့နည်းလာကြပြီဖြစ်ကြောင်း များပြားလှသော လက္ခဏာများက ညွှန်ပြနေသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service