ကမ္ဘာကျော် ပေါ့ပ်ကြယ်ပွင့် ဆလီနာဂိုမက်သည် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်ရှိ နေအိမ်ကို အရောင်းဈေးကွက်သို့ ပို့လိုက်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆလီနာဂိုမက်သည် အမေရိကန်ပြည်ထောင်စု၊
တက္ကဆပ်ပြည်နယ်ရှိ နေအိမ်ကို များစွာမြတ်နိုးလှ၏။
သို့တိုင် အလွန်အလုပ်များပြားလွန်းလှသောကြောင့်
ရောင်းထုတ်ရမည်ဖြစ်ရာ သူမအဖို့ နာကျင်ဖွယ်ရာတစ်ခုလည်း
ဖြစ်လေသည်။
ဆလီနာဂိုမက်သည် တက္ကဆပ်နယ်တွင် မွေးဖွားသူတစ်ဦးဖြစ်ပြီး ယခုနေအိမ်ကို လွန်ခဲ့သော ၂ နှစ်ခန့်ကမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ
မိသားစုနှင့် အနေနီးရန် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် သူ၏ ဂီတအလုပ်မှာ ကမ္ဘာအနှံ့သွားလာနေရသည်ဖြစ်ရာ ယခုနေအိမ်ကြီးကို နှစ်သက်လှစေကာမူ သွားရောက်နေထိုင် နိုင်ခဲ့ခြင်း မရှိချေ။
ယခုနှစ် ဇန်နဝါရီလကလည်း အရောင်းဈေးကွက်သို့ တင်ခဲ့ဖူးပြီး ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဈေးခေါ်ခဲ့သည်။
အဆိုပါဈေးနှုန်းမှာ ၂၀၁၅ ခုနှစ်အတွင်းက ဆလီနာဂိုမက် ဝယ်ယူခဲ့သည့်ဈေးနှုန်းအတိုင်း ပြန်လည်ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂ လအကြာတိုင် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်းအောက်သာ ဈေးခေါ်ကာ ဈေးကွက်ပြန်တင်လာခဲ့ခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းမီတာ ၉၃၀
အထိကျယ်ဝန်းပြီး
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည်။
ခြံဝန်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၆၃၁၃
ကျယ်ဝန်းသည်။
နေအိမ်အတွင်း မီဒီယာခန်းမ၊ အရက်ဘား၊
စနူကာခန်းမတို့ပါဝင်ပြီး ခြံဝန်းအတွင်းတွင်
ဂေါက်ကွင်းငယ်တစ်ခုနှင့်
စံမှီဘက်စ်ကက်ဘော ကွင်းတို့လည်း ပါဝင်သည်။
ဆလီနာဂိုမက်သည် ယခင်နေအိမ်ကြီးကိုလည်း
ဟစ်ပ်ဟော့ကြယ်ပွင့် ဖရန့်မွန်တားနားထံရောင်းချခဲ့ဖူးသေး
သည်။မွန်တားနားသည် သူ၏ချစ်သူ ခလိုကာဒါရှီယန်နှင့်
အနေနီးရန် ဝယ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်အချက်တစ်ခုမှာ ခလိုကာဒါရှီယန်
ကလည်း ဂိုမက်၏ချစ်သူဟောင်း ဂျပ်စတင်ဘီဘာထံမှ
ကာလာဘာဆက်နေအိမ်ကြီးကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)