အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးကဏ္ဍအကျဆင်းဆုံးဖြစ်ဟု လုပ်ငန်းရှင်များပြော

အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးကဏ္ဍအကျဆင်းဆုံးဖြစ်ဟု လုပ်ငန်းရှင်များပြော - Property News in Myanmar from iMyanmarHouse.com
30 Mar 2017 12:21 pm တွင် တင်ခဲ့သည်
2292 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမှုတွင် အင်န်အယ်လ်ဒီအစိုးရသစ် လက်ထက် ရန်ကုန်မြို့မှ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများကို ရပ် တန့်လိုက်ခြင်းက အဓိက အကြောင်းရင်းများထဲတွင် ပါဝင်နေသည်ဟု နိုင်ငံ တကာ အဖွဲ့အစည်းများက သုံးသပ်သကဲ့သို့ ပြည်တွင်း လုပ်ငန်းရှင်များက လည်း အစိုးရသစ်လက်ထက် တစ်နှစ်တာအတွင်း စီးပွားရေး လုပ်ငန်းကဏ္ဍ များထဲတွင် ဆောက်လုပ်ရေးကဏ္ဍက အကျဆင်းဆုံးဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းလည်ပတ်မှုကို နှေးကွေးကျဆင်းစေသည့် အဓိက အချက်သည် အစိုးရသစ် တက်ပြီး ရန်ကုန်မြို့ရှိ အထပ်မြင့် အဆော က်အအုံ စီမံကိန်းရာကျော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရပ်တန့်သည့် အခြေအနေမှ စတင်ခဲ့ခြင်းဖြစ်သည်။

သုံးလကျော်ကြာ ဆောက်လုပ်ရေးယန္တရားကြီးတစ်ခု ရပ်တန့်သွားသည့် ဒဏ်သည် အကြီးစားလုပ်ငန်းကြီးမှ အသေးစား၊ အလတ်စား ဆောက် လုပ်ရေး လုပ်ငန်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုနေရသည့် အလုပ်သမားများကိုပါ ထိုရိုက်ခတ်မှုကို ခံခဲ့ရကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသာအေးက ပြောသည်။

''အစိုးရသက်တမ်း တစ်နှစ်အတွင်းမှာဆောက်လုပ်ရေးကဏ္ဍအနေနဲ့ ကျ ဆင်းတယ်လို့ပဲ သုံးသပ်လို့ ရတယ်။ အထပ်မြင့်တွေ ရပ်တာရယ်၊ ခွင့်ပြုတဲ့ စည်းမျဉ်းကမ်းတွေ ကမောက်ကမတွေ ဖြစ်တာရယ် ဆောက်လုပ်နိုင်မှု အားတွေ ကျဆင်းတယ်။ ဝယ်လိုအားတွေ ကျဆင်းတယ်။ ကျဆင်းတာနဲ့ အ တူတူမှာပဲ အလုပ်သမားတွေ ကဏ္ဍမှာလည်း ရန်ကုန်မြို့ရဲ့ ပတ်ဝန်းကျင်မှာ စက်ရုံ၊ အလုပ်ရုံကို မှီခိုတဲ့ လုပ်သားအင်အားရှိသလို ဆောက်လုပ်ရေးကို မှီခိုတဲ့ လုပ်သားအင်အားက ပိုများပါတယ်။ အဲ့တော့ အလုပ်သမားတွေရဲ့ အလုပ်အကိုင်ကိုလည်း ထိခိုက်ခဲ့တယ်''ဟု ၄င်းက မြန်မာတိုင်း(မ်) ကိုပြော သည်။

ထို့ပြင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပေါ်လစီ၊ စည်းမျဉ်းစည်းကမ်းများမှာ လည်း မငြိမ်သက်မှုများ၊ အစိုးရပိုင်း လုပ်ငန်းပိုင်းများတွင် အားနည်းမှုများ ရှိခြင်းတို့ကလည်း ဆောက်လုပ်ရေးအခန်း ကဏ္ဍကို ကျဆင်းမှုတွင်လည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

''ဆောက်လုပ်ခွင့်ပြုပေးတဲ့ ပေါ်လစီပိုင်းတွေ မငြိမ်သက်သလို၊ ဆောက် လုပ်ရေး ကဏ္ဍကို အားပေးနိုင်တဲ့၊ ဖြစ်စေနိုင်တဲ့ သက်ဆိုင်ရာဌာန ပိုင်းဆိုင် ရာလည်း လုပ်ငန်းပိုင်းမှာ အားနည်းတယ်။ ကူညီပံ့ပို့ပေးနိုင်တာတွေ နည်း တယ်။ တင်ဒါ တွေခေါ်တဲ့ အပိုင်းမှာလည်း အစိုးရသစ်က လမ်းကြောင်းတွေ မမှန်တာတွေ၊ ကျွမ်းကျင်မှု အားနည်းတာတွေ တွေ့ရတော့ စည်းမျဉ်း စည်း ကမ်းကလည်း အားနည်းချက်တွေ ရှိတာတွေ့ရတယ်။ အဲဒီအတိုင်း ဆက် သွားရင်ဆောက်လုပ်ရေး ကဏ္ဍက ပိုဆိုးမယ်''ဟု ဦးသာအေးက ဆိုသည်။

လက်ရှိရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံ စီမံကိန်းအသစ်များ အစိုး ရသစ်လက်ထက်တွင် မရှိသလောက် နည်းပါးနေသည်ကို တွေ့ရပြီး ယခင် အစိုးရဟောင်းလက်ထက်က ခွင့်ပြုထားသည့် လက်ကျန် စီမံကိန်းများ၏ေ ဆာက်လုပ်ရေးများသည် ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

ထို့ပြင် အိမ်ခြံမြေဈေးကွက် နှေးကွေးခြင်း၊ အခန်းပေး အခန်းယူ စနစ်များ ပျက်လာခြင်း၊ တိုက်ခန်းဈေးနှုန်းများ ငြိမ်သက်ခဲ့သည့် အချက်များဖြင့် ရောင်း လိုအားသာ များခဲ့သည့် အိမ်ခြံမြေဈေးကွက်က ဆောက်လုပ်ရေးကဏ္ဍကိုပါ ဆက်စပ်ထိခိုက်ခဲ့ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

''ဆောက်လုပ်ရေးကဏ္ဍက စီမံကိန်းတွေကို ရပ်လိုက်တာကို ခံရတဲ့အပြင် အိမ်ခြံမြေဈေးကွက်တွေ ကျလာတယ်၊ အခန်းဈေးတွေကလည်း ဈေးတစ်ခု မှာပဲ ငြိမ်သွားတယ်၊ အဲဒီတစ်ခါမှာ ရောင်းလိုအားက များလာပြီး ဒီဘက်ေ ဆာက်လုပ်ရေး ကဏ္ဍကိုလည်း လုပ်ငန်းပိုပြီး မကောင်းစေဖြစ်တာပေါ့။ အ ကုန်လုံးက စပ်ဆက်ပြီး ဒီကဏ္ဍကြီးက ကျဆင်းနေတာပါ''ဟု ထွန်းဆောက် လုပ်ရေး လုပ်ငန်းမှ ဦးလားဇယ်က ပြောသည်။

ယခုတိုင်းဒေသကြီးအစိုးရသည် ၄င်း၏ အစိုးရသစ်အဖွဲ့တက်လာပြီးပြီးချင်း ရန်ကုန်မြို့၏ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ရေးများ၊ ခွင့်ပြုချက်ဖြင့် စနစ်မကျ ဘဲ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရုတ်တရက် လုပ်ငန်းအားလုံးကို ရပ်နား စေလိုက်ခြင်းက ဆောက် လုပ်ရေး ယန္တရား တစ်ခုလုံးကို ထိခိုက်သွားခြင်း ဖြစ်ကြောင်း ပြည်တွင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ထောက်ပြသည်။

''အမှန်တကယ်က ရန်ကုန်မှာရှိနေတဲ့ ကန်ထရိုက်တိုက်တွေ ခွင့်ပြုချက်မဲ့
ဆောက်တာတို့၊ ခွင့်ပြုချက်နဲ့ ဆောက်တာတို့ကို သူက တဖြည်းဖြည်းချင်း မူလမူဝါဒနဲ့ပဲ သွားပြီးမှ ပြောင်းလဲသင့်တယ်။ ဒါပေမဲ့ အခုအစိုးရက တက် လာလာချင်း ရုတ်တရက် ဆောက်နေတဲ့စီမံကိန်းတွေကော၊ အထပ်မြင့်တွေ ကို အားလုံးကို ရပ်လိုက်တဲ့ အခါကျတော့ ဒီယန္တရားကြီး တစ်ခုလုံး ရပ်သွား ရတယ်။ အဲဒီဟာက အခုထိခံနေရတုန်းပေါ့နော်''ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ရပ်ဆိုင်းခဲ့သည့် စီမံကိန်းအားလုံးကို ပြန်လည် ခွင့်ပြုပေးခဲ့သည် အထိ ဆောက်လုပ်ရေး ယန္တရားကြီးမှာ ပုံမှန်ပြန်မလည်ပတ်နိုင်သေးဘဲ အချို့လုပ်ငန်းများမှာမူ လုပ်ငန်း ဆက် မလည်ပတ်နိုင်တော့ အထိ ဖြစ်ခဲ့ေ ကြာင်း သိရသည်။

''အခုကတော့ အစိုးရက ပြန်ပြီး ပုံမှန်ပြန်ဖွင့်ပေးနေပြီဆိုပေမဲ့ အရင် အခြေ အနေကိုတော့ လုံးဝ ပြန်မရောက်သေးဘူး။ အစိုးရက ဒီလိုရပ်လိုက်တဲ့ အ ချိန်မှာ တချို့အသေးစားလုပ်ငန်းတွေက အခုထိ နာလန်မထူနိုင်သေးလို ဒါပေမဲ့ အရင်ကလို အရည်အသွေးညံ့တဲ့ ကန်ထရိုက်တွေ၊ လိုင်စင်မဲ့ ကန်ထ ရိုက်တွေလည်း ပျောက်သွားကြတယ်၊ အဲ့ဒါကလည်း ဒီလိုရပ်လိုက်တဲ့ အထဲ က ကောင်းကျိုးတစ်ခုပေါ့''ဟု ဦးလားဇယ်က ပြောသည်။

ယခုအစိုးရက နိုင်ငံရေး၊ စီးပွားရေးမူဝါဒများ ပြောင်းလဲခဲ့သည့်အတွက် ယင်း အပြောင်းအလဲ များကြားတွင် ဆောက်လုပ်ရေးကဏ္ဍ၏ လည်ပတ်နိုင်မှု အ ရှိန်မှာလည်း အနှေးဆုံးဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''ဆောက်လုပ်ရေးကတော့ အရင်အစိုးရနဲ့ အစိုရသစ်တက်ပြီး တစ်နှစ်ကာ လ အတွင်းမှာ ဒီအခြေအနေကတော့ အနိမ့်ဆုံး၊ အရှိန်အနှေးဆုံးကို
ရောက်သွားတယ်။ မရပ်တန့်တဲ့ သဘောလောက်ပဲ ရှိတယ်၊ တော်တော်ေ တာ့ နှေးသွားတယ်။ အဲ့ဒါကတော့ နိုင်ငံရေးမူဝါဒ စီးပွားရေးဝါဒ အပြောင်း အလဲမှာ စီမံခန့်ခွဲမှုတွေအပြောင်းအလဲဖြစ်တော့ လုပ်ငန်းတွေ နှေးကုန် တယ်'' ဟု ၄င်းက ပြောသည်။

သို့သော် အဆိုပါအပြောင်းအလဲများအလွန်တွင် နိုင်ငံ့စီးပွားရေးမှာလည်း အခြေအနေတစ်ခုသို့ ရောက်ရှိ လာနိုင်ကြောင်းနှင့်အစိုးရကလည်း တန်ဖိုး နည်းအိမ်ရာများကို နိုင်ငံအဝန်းတွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့သစ်စီမံကိန်းများ အကောင်အထည်ေ ဖ်ာရာတွင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ရန်
ဖိတ်ခေါ်မှုများ ရှိသည့်အတွက် နောက်ပိုင်းတွင် ဆောက်လုပ်ရေးကဏ္ဍ၌ တစ်ဦးချင်း လုပ်ငန်းရှင်များထက် အများပိုင် ကုမ္ပဏီများဖြင့် လည်ပတ်မှုများ ရှိလာနိုင်ကြောင်း ဦးလားဇယ်က ပြောသည်။

''ကျွန်တော် မြင်သလောက်ကတော့ နောက်ပိုင်းမှာ ဆောက်လုပ်ရေးကဏ္ဍက တစ်ဦးချင်း၊ တစ်ယောက်တည်းကပဲ လုပ်ငန်းတွေ အလုပ်ဖြစ်တာထက် အများပိုင်ကုမ္ပဏီတွေကပဲ အလုပ်ဖြစ်လာမယ်လို့ ထင်မိတယ် ဘာဖြစ်လို့လဲ ဆိုတော့ အခုအစိုးရက သူတို့ရဲ့ တန်ဖိုးနည်း စီမံကိန်းတွေ၊ မြို့သစ် စီမံကိ န်းတွေရဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ ပူးပါင်းဖို့ခေါ်နေတာ ဆိုတော့ အဲဒီ လို စီမံကိန်းတွေမှာပဲ စုပေါင်းပြီး အလုပ်လုပ်တာတွေ ရှိလာနိုင်တယ်''ဟု
ဦးလားဇယ်က ပြောသည်။


Credit: Myanmar Time
အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးကဏ္ဍအကျဆင်းဆုံးဖြစ်ဟု လုပ်ငန်းရှင်များပြော - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service