လွှတ်တော်တွင်း အမြင်မရှင်းမှုတွေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

လွှတ်တော်တွင်း အမြင်မရှင်းမှုတွေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
30 Mar 2017 10:09 am တွင် တင်ခဲ့သည်
3094 ကြိမ် ကြည့်ရှု့ပြီး
ငါးနှစ်နီးပါး အငြင်းအခုန်ဆွေးနွေးခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ဦး ဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော် တော့မည်ဖြစ်ပြီးအစိုးရကိုယ်တိုင် ရင်းနှီးမြှုပ်နှံ ရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်းဟု အမည်သတ်မှတ်ထားသည့် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ထိုစီမံ ကိန်းကို မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက လုပ်ငန်း ရှင်များနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်မည် ဖြစ်သည်။

၂ဝ၁၇…၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း တွင် ပါဝင်သည့် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို တွံတေး၊ ဆိပ် ကြီးခနောင်တိုနှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် အကောင်အထည်ဖော်ရန် လျာထားပြီး ဧပြီ ၁ ရက်တွင် လုပ်ငန်းများ စတင်နိုင် ရန်တိုင်းဒေသကြီး အ စိုးရအဖွဲ့က မျှော်မှန်းထားသည်။

လွန်ခဲ့သောရက်သတ္တပတ်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်ေ တ်ာအစည်းအဝေးတွင် ယင်းဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ မြို့သစ် စီမံကိန်းကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်များက ၄၉ ရာခိုင်နှုန်းဖြင့် ဖက်စပ် အကောင်အထည်ဖော်မည်ဖြစ်သည်။

''ကြည့်မြင်တိုင်ကနေ စပြီးတော့ မြို့နယ်သုံးမြို့နယ်နဲ့ စပြီး အကောင်အ ထည်ဖော်မယ်ဆိုရင် ၆၄ ဘီလျံကို မြို့သစ်စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရက ရင်းနှီးမြှုပ်နှံမှု ထည့်မယ်။ ဒါတွေကို ကျွန်မတို့ ဘက်က ငြင်း စရာ မရှိဘူး။ လွှတ်တော်ကို တင်ပြစရာလည်း မလိုဘူး။ ဒါက တိုင်းဒေသ ကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတယ်''ဟု တိုင်းဒေသကြီး လွှတ်တော် ဘ ဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်များအတွက် စိတ်မကျေနပ်စရာ တစ်ခု ရှိနေသည်မှာ အစိုးရအဖွဲ့၏ ၅၁ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှုထဲတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးလည်း ပါဝင်နေခြင်းဖြစ်သည်။ လွှတ်တော် ကိုယ်စား လှယ်များကို မေးမြန်းချက်အရ ထိုသို့ပါဝင်နေခြင်းမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ စီးပွားရေး မလုပ်တတ်မည်ကို စိုးရိမ်သည့် အတွက်ကြော င့် ဖြစ်သည်ဟု ဆိုသည်။

''အစိုးရက စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်လို့လည်း ရ တယ်။ ဖက်စပ်ပဲ လုပ်လုပ် ဘယ်လိုပုံစံပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ ဒါပေမဲ့ စီးပွားရေးအနေနဲ့ လုပ်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူကြီးတွေကတော့ စီးပွားရေး သဘောတရားေ ရာ၊ နိုင်ငံရေး သဘောတရားရော နားလည်ရမယ်။မလုပ်တတ်မှာ စိုးလို့ ကျွန်မတို့အစိုးရဘက်ခြမ်းမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကူ လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ လက်မခံနိုင်ပါဘူး''ဟု ဒေါ်စန္ဒာမင်းက ဆို သည်။

လွှတ်တော်အတွင်း တိုင်းဒေသကြီး အမတ်များကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ၄၉ ရာခိုင်နှုန်း ဘက်တွင်သာ ပါဝင်လုပ်ဆောင်စေသင့်သည်ဟု အကြံပြုချက် ဆွေးနွေးချက် များပေးခဲ့ကြသည်။ တိုင်းဒေသကြီးအဆင့် ဝန်ကြီးငါးဦးက စီမံကိန်းနှင့် ပတ် သက်ပြီးတာဝန်ခံပေးသွားမည်ဟုအစိုးရအဖွဲ့၏ ပြောကြားထားချက် အပေါ် လွှတ်တော်ကိုယ်စားလှယ်များက လက်ခံခဲ့ကြသည်။

ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ ရန်ကုန် အနော က်တောင်မြို့သစ် စီမံကိန်းအတွက် အများပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်မ ည်ဖြစ်ပြီး ယင်းကုမ္ပဏီကို Yangon Metropolitan Development Public Limited အဖြစ်အစိုးရအဖွဲ့က နာမည်ပေးထားသည်။ သို့သော် ကုမ္ပဏီအဖွဲ့ ဝင်မည့် လူဦးရေ တစ်ရာ မရှိသေးသည့်အတွက် အများပိုင်အဖြစ် သတ်မှတ် ၍ မရသေးပေ။

''လက်ရှိမှာ ကုမ္ပဏီအတွက် တည်ထောင်သူ၂၆ ဦး ရှိနေပါပြီ။ သူတို့ကိုေ မးကြည့်တဲ့အခါမှာ တစ်ယောက်ကို ကျပ်သိန်းတစ်ထောင်စီ ထည့်တယ်။ တချို့က ကျပ်သိန်း ၃,ဝဝဝ အထိ ထည့်တယ်လို့ ပြောတယ်။ မြို့သစ်စီမံ ကိန်းကြီး တစ်ခုကိုဆောက်မယ်ဆိုရင်တော့ ဒီလောက်ဘီလျံနဲ့ လုပ်လို့ မရေ သးဘူး''ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒေ သန္တရ စီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲတွင် မြို့သစ်စီမံကိန်းကို ထည့်သွင်းထားခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ပြီး အစိုးရအဖွဲ့က စီမံ ကိန်းကို သီးသန့်ပြန်လည် တင်ပြသင့်သည်ဟု ထောက်ပြဆွေးနွေးခဲ့သည်။

''ရေတို၊ ရေလတ်၊ ရေရှည်အနေနဲ့ လုပ်မယ်လို့ ဖော်ပြထားတယ်။ ကြည့်မြင် တိုင်ကို ဦးစားပေးလုပ်မယ်ဆိုရင် တိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ် တုန်းကလည်း ခွင့်ပြုထားတယ်လို့သိရတယ်။ ကုမ္ပဏီသုံးခုနဲ့ လုပ်မယ်လို့
ပြောတယ်။ အစိုးရလည်းပါမယ် ပြောတယ်၊ ဘယ်လိုဆက်ပြီး လုပ်မလဲဆို တာ အသေးစိတ် ပြန်တင်ပြသင့်ပါတယ်''ဟု ၄င်းက ဆိုသည်။

ကနဦး တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီသုံးခုအနက် ရန်ကုန်အနောက်ေ တာင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးတင်စိန်ကစီမံကိန်းနှင့် ပတ်သက်၍ ကုမ္ပဏီသုံးခုစလုံးကို အစိုးရအ ဖွဲ့က တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးသည့်အပြင် မကြာမီ တည်ထောင်မည့် အများပိုင်ကုမ္ပဏီတွင်လည်း ၄င်းတို့၏အခန်း ကဏ္ဍ မည် သို့ ရှိမည်ကို မသိရသေးကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒေသန္တရစီမံကိန်း ဥပဒေ ကြမ်းတွင် ပါဝင်သည့် နောက်ဆက်တွဲများမှာ လွှတ်တော်ကိုယ်စားလှယ်များ သိစေရန် အသိပေး တင်ပြခြင်းသာဖြစ်ပြီးဥပဒေကို ပံ့ပိုးသည့် အချက်အ လက်များ ဖြစ်သည့်အတွက် အသေးစိတ် မပါဝင်ကြောင်း မတ် ၂၈ ရက်တွင် လွှတ်တော် ၌ ပြောကြားခဲ့သည်။

''ဒါကို ၂ဝ၁၇ ခုနှစ်၊ ဧပြီ ၁ ရက်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက် ရမှာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေပြီးတော့ ၂ဝ၁၇-၁၈ ဒေသန္တရစီမံကိန်းကို အတည်ပြုရန် တင်သွင်းခြင်းဖြစ်တယ်''ဟု ဝန်ကြီးက ဆိုသည်။

တိုင်းဒေသကြီးလွှတ်တော်က အဆိုပါဥပဒေကြမ်းကို အတည်ပြုပေးခဲ့သော် လည်း နောက် ဆက်တွဲအနေဖြင့် ပါဝင်လာသည့် စီမံကိန်းများကို အတည်ြ ပုခြင်း မဟုတ်ကြောင်း ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

''ဥပဒေကြမ်းကိုအတည်ပြုပါတယ်။ လက်ရှိမှာ ဥပဒေကြမ်းနဲ့ စီမံကိန်း နဲ့ ရောထွေးနေတာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကိုပဲ အတည်ပြုနိုင်ပါတယ်။ ပရောဂျက်တွေကို အတည်မပြုသေးပါဘူး''ဟု ၄င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတွင် မြို့သစ် စီမံကိ န်းနှင့် ပတ်သက်၍ အသေးစိတ် မပါရှိသည့် အပေါ် တိုင်းဒေသကြီး လွှတ်ေ တ်ာကိုယ်စားလှယ်များက သဘောကျမှု မရှိခဲ့ကြပေ။ သို့သော်လည်း လာ မည့် ဧပြီ ၁ ရက်မှစကာ အကောင်အထည်ဖော်တော့မည် ဖြစ်သည့်အတွက် ဥပဒေကြမ်းတွင် နောက်ဆက်တွဲအဖြစ်ပါရှိပြီး တင်သွင်းသည်ဟု ဝန်ကြီးက ဆိုသည်။

ထိုသို့ အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအကြား ရှုပ်ထွေးနေမှုများကြောင့် ငါးနှစ်နီးပါးကြာ ဆွေးနွေးငြင်းခုံခဲ့ရသည့် ရန်ကုန် အနောက်တောင်မြို့သစ် စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၄င်း တို့ သတ်မှတ်ထားသည့်ဧပြီ ၁ ရက်တွင် အမှန်တကယ် စတင်နိုင်၊ မစတင်နို င်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။


Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service