မန္တလေးဒေသမှာ ရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ အထွေထွေထိန်းသိမ်းဖို့ ရရှိတဲ့ ဘက်ဂျက် မလုံ လောက်တဲ့အတွက် ကြံ့ခိုင်မှုအဓိက လိုအပ်တဲ့ နေရာတွေကို ဦးစားပေး ပြင်ဆင်မှာ ဖြစ်ပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)က ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက “အရေးကြီးတာကတော့ ပြည်တွင်းပြည်ပ ဧည့်အဝင်များတာက မန္တလေးယဉ်ကျေးမှုဇုန်နှင့် အင်းဝဇုန်က အ များဆုံးပဲ၊ ထိန်းသိမ်းရေးလုပ်ငန်းတွေကတော့ ပုံမှန်လုပ်နေတာပါပဲ၊ အရေးပေါ်ထိန်းသိမ်းဖို့ဆိုတာကတော့ မပေါ်သေးပါဘူး၊ ဒီနှစ်က သဘာဝဘေးအန္တရာယ်လွတ်ကင်းတဲ့ အထဲ ပါတာလဲ ပါတယ်” လို့ ပြောပါတယ်။
အခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်းမှ ပြုပြင်ထိန်းသိမ်းမှု လုပ်သွားမယ့် နေရာတွေကတော့ ယောမင်း ကြီး အုတ်ကျောင်းပြုပြင်ခြင်း၊ နန်းတွင်းကျောက်စာရုံ(၁)နဲ့(၂)ကို ပြုပြင်ထိန်းသိမ်းခြင်း၊ အမရပူရ(ဗားကရာ) ကျောင်းတိုက် မုခ်တိုင်ပြုပြင်ခြင်း၊ အမပူရမြို့နယ်ရှိ သပြေတန်းခံတပ် ပြုပြင်ထိန်းသိမ်းခြင်း၊ အမူရပူရ တောင် သမန် ကျောက်တောင်ကြီး ဘုရားမဟာရာဇ် တံတိုင်း ထိန်းသိမ်းပြုပြုခြင်း၊ တံတားဦးမြို့နယ်အတွင်းက ပင်း ယဒေသရှိ ဘုရားစာရင်းများ ကောက်ယူတာနဲ့ ပြဒါးလင်းဂူနဲ့ ကမ်းပါးနီကျောက်နံရံပန်းချီတွေ သုနေသန လုပ်နေတာ၊ ထိန်းသိန်းတာတွေနဲ့ အင်းဝဒေသတွင်းမှာလည်း ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွား မှာ ဖြစ်ပြီး မန္တလေးနန်းတွင်းနဲ့ တိုင်းအတွင်းက ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတွေကိုလည်း ပြင်ဆင် မွမ်း မံမှာ ဖြစ်ပါတယ်။
“ဘုန်းကြီးကျောင်းတွေဆိုရင် အားလုံးက နှစ်တစ်ရာကျော်ပြီ၊ တစ်ချို့ဆို အမိုးပိုင်းလဲရမယ်၊ ကြမ်းခင်း ပိုင်း တွေ ပြုပြင်ရတာရှိမယ်၊ အဓိကကတော့ ဘဏ္ဍာငွေ ရရှိတဲ့အပေါ် မူတည်ပြီးတော့ အဆောက်အအုံရဲ့ ကြံ့ ခိုင်မှု အဓိက လိုအပ်တဲ့ အ ပိုင်းကို အဓိက ထားပြင်မယ်” လို့ ဦးညိုမြင့်ထွန်းက ပြောပါတယ်။
အင်းဝဒေသမှာဆိုရင် နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိန်းရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေသလို ၂၀၁၅-၂၀၁၆ ခုနှစ်က နန်းတော်ရာမြို့ရိုး တူးဖော်ပြုလုပ်ခဲ့တဲ့အတွက် အခုနှစ်မှာတော့ သံဆူးကြိုးကာတာတွေနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဦးညိုမြင့်ထွန်းက “အင်းဝမှာဆိုရင် လေးထပ်ကြီး၊ ဂူကြီးသုံးလုံးကိုလည်း ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ပြီးပြီ၊ အခုလ ၃ ရက်နေ့က လုပ်တယ်၊ ဌာမနာတွေ ထွက်လာတာလဲ ပြန်ထည့်ပြီးပြီ” လို့ ပြောပါတယ်။
Credit: Kumudra