ကန်တစ်ဒေါ်လာ ၁,၃၀၇ ကျပ်အထိ စံချိန်တင်မြင့်တက်

ကန်တစ်ဒေါ်လာ ၁,၃၀၇ ကျပ်အထိ စံချိန်တင်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
16 Nov 2016 9:42 am တွင် တင်ခဲ့သည်
1478 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် တွင် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ စံချိန်တင် ဈေးနှုန်းအမြင့်ဆုံးသို့ တက်လာပြီး တစ်ဒေါ်လာလျှင် ၁,၃၀၇ ကျပ်သို့ ရောက်ရှိလာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ကန်ဒေါ်လာသည် နိုဝင်ဘာ လအတွင်း ဆက်တိုက်ဈေးပြန် လည်မြင့်တက်လာပြီး နိုဝင်ဘာ ၁၄ ရက် ညနေဈေးပိတ်ချိန်တွင် တစ်ဒေါ်လာ ၁,၃၀၅ ကျပ်သို့ ရောက်ရှိလာသည်။ နိုဝင်ဘာ ၁၅ ရက် နံနက်ပြင်ပဈေးကွက်ဖွင့်ချိန် တွင် တစ်ဒေါ်လာလျှင် ၁,၃၀၇ ကျပ်ဖြင့် ဈေးဖွင့်ပြီး မွန်းလွဲပိုင်း တွင် ၁,၃၀၅ ကျပ်သို့ အနည်းငယ်ပြန်လည်ကျဆင်းလာသည်။

အစိုးရသစ်သက်တမ်းခုနစ် လအတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁၀၀ ကျော်မြင့် တက်လာသည်။ ဧပြီ ၁ ရက်တွင်တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ခန့်ဈေးပေါက်ရာမှ နိုဝင်ဘာ ၁၅ ရက်တွင် ၁,၃၀၇ ကျပ်သို့ မြင့်တက်လာ သည်။

ကုန်သွယ်မှုလိုငွေ အမေရိ ကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိ ခြင်း၊ အစိုးရဘတ်ဂျက်အသုံးစ ရိတ်များ ထပ်မံချထားပေးခြင်းနှင့် ဆက်စပ်၍ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းသည် မြန်မာနိုင် ငံ၏ စီးပွားရေးကဏ္ဍအတွက် ကောင်းမွန်သည့် အခြေအနေတစ် ခုမဟုတ်ကြောင်း စီးပွားရေးပညာ ရှင် ဦးလှမောင်က ပြောသည်။

ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့် တက်နေသော်လည်း ဗဟိုဘဏ် က သတ်မှတ်သည့် ရည်ညွှန်းငွေ လဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သတ်မှတ်ထားသည်။အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုကို ထိန်းရန် အစိုးရသည် ကုန်သွယ်မှုမူဝါဒနှင့် ပို့ကုန်ဝင်ငွေကို မြန်မာ့ဘဏ်များမှ လက်ခံဖို့လိုအပ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးမြှင့်လာရေးဆွဲဆောင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ငွေကြေးဈေးကွက်တွင် အ မေရိကန်ဒေါ်လာဈေးမတည်ငြိမ် ခြင်းသည် စီးပွားရေးကဏ္ဍ၌ အစိုးရနှင့် ပုဂ္ဂလိကညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း ဆိုထားပြီး အစိုးရ သစ်အနေဖြင့် လက်တွေ့လုပ်ငန်း များလုပ်ကိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ တင်ပြမှုများကို နားထောင်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ပြင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး စံချိန်တင်မြင့်တက်ရခြင်းသည် အမေရိကန်ရွေးကောက်ပွဲအပြီး ဒေါ်လာကို ယုံကြည်မှုပိုလာပြီး ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ဟု ပြင်ပငွေကြေးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၃ ရက်က တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁,၃၀၅ ဒေါ်လာမှ နိုဝင်ဘာ ၁၅ ရက်တွင် ၁,၂၂၅ ဒေါ်လာသို့ ကျဆင်းလာ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service