ရန်ကုန်မြို့တွင် ဆောက်လုပ်သော အဆောက်အအုံများ၌ မီးစက်ထားရှိရမည့် နေရာမရှိပါက လူနေထိုင်ခွင့် ချထားပေးမည် မဟုတ်ဟုဆို

ရန်ကုန်မြို့တွင် ဆောက်လုပ်သော အဆောက်အအုံများ၌ မီးစက်ထားရှိရမည့် နေရာမရှိပါက လူနေထိုင်ခွင့် ချထားပေးမည် မဟုတ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Nov 2016 11:07 am တွင် တင်ခဲ့သည်
2854 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ဆောက်လုပ်သော အဆောက်အအုံများ၌ မီးစက်ထားရှိရမည့် နေရာများမရှိပါက လူနေထိုင်ခွင့် ချထားပေးမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ထိုနေ့တွင် လမ်းမတော်မြို့နယ် မဲဆနနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့တွင်း ခြောက်မြို့နယ်အတွင်း အများပြည်သူပိုင် လမ်းများပေါ်တွင် တည်ရှိသော သို့မဟုတ် နောက်ဖေးလမ်းကြားတွင် တည်ရှိသော သို့မဟုတ် အများပိုင် ရေမြောင်းများပေါ်တွင် အခိုင်အခံ့ တည်ဆောက်ထားသော မီးစက်များကို မည်သည့်အချိန်ကာလတွင် ခွင့်ပြုထားမည်ကို သိရှိလိုကြောင်း သို့မဟုတ် မီးစက် အရွယ်အစားနှင့် တပ်ဆင်ထားသော နေရာအမျိုးအစားအလိုက် ထိုက်သင့်သော အခွန်ပေးဆောင်နိုင်စေရန် စီစဉ်ထားခြင်း ရှိ မရှိ’ မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန်က အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

မီးစက်များကို အများပိုင်နေရာများတွင် ခွင့်မပြုနိုင်သည့်အတွက် စဉ်းစားရမည်ဖြစ်ပြီး ယခင်က လျှပ်စစ်ဓာတ်အား ပုံမှန်မရရှိခဲ့သည့် အခြေအနေပေါ် မူတည်၍ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ မီးစက်များကို အများပြည်သူပိုင် နေရာများတွင် သုံးပါက အခကြေးငွေယူရပြီး ယင်းသို့ အခကြေးငွေယူပါက တရားဝင် ခွင့်ပြုပေးသလို ဖြစ်သွားနိုင်ကြောင်း၊ ထို့ကြောင့် အခကြေး ငွေယူရန်နှင့် ယင်းကိုဖယ်ရှားရန်မှာ မဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“မီးစက်တွေကို အမိန့်ဖြင့် ဖယ်ရှားရင်လည်း လျှပ်စစ်ဓာတ်အားကို မေးလာနိုင်ပြီး မြို့တွင်းခြောက်မြို့နယ်မှ သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း ဆောင်ရွက်ပြီးမှသာ သင့်တင့်သည့် နေရာများသို့ ရွှေ့နိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

ယင်းသို့ ရွှေ့ခိုင်းသော်လည်း များသောအားဖြင့် မီးစက်များမှာ လေထုညစ်ညမ်းခြင်းတို့ဖြင့် အခြေအနေ ဆိုးရွားလာနိုင်သဖြင့် တတ်နိုင်သမျှ ဖယ်ရှားရန် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဒဏ်ကြေးဆောင်ရာတွင်လည်း သက်သာသည့် နှုန်းထားများ သတ်မှတ်ပေးလိုက်ပါက မီးစက်များ ပိုများလာနိုင်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

“လက်ရှိ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရာ၌ အဆောက်အအုံများတွင် မီးစက်ထားရှိမည့် နေရာများနှင့် ကားပါကင်ကို စနစ်တကျထားရှိရန် လိုနေပါတယ်။ ကားပါကင်နှင့် မီးစက်ထားရှိမည့် နေရာများမရှိပါက လူနေထိုင်ခွင့် ချထားပေးမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်မြို့တွင် တစ်လလျှင် အထပ်မြင့်အထပ်နိမ့် အဆောက်အအုံ အလုံးရေ ၅၀၀ ခန့်ဆောက်လုပ်ခွင့် ပြုနေကြောင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရာတွင် ကားပါကင်၊ ရေရရှိမှု၊ မီးသတ်စနစ်များ၊ အမှိုက်စွန့်ပစ်မှု စသည်တို့ ပြည့်စုံမှသာ လူနေထိုင်ခွင့် ချထားပေးမည်ဖြစ်ပြီး ယခု မီးစက်ထားရှိရမည့် နေရာသတ်မှတ်ချက် ထပ်တိုးလိုက်သည့် ပုံစံဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service