စီးပွားရေးကို ရိုက်ခတ်ခဲ့သည့် ဆောက်လုပ်ရေးကဏ္ဍ တုံ့ဆိုင်းမှု

စီးပွားရေးကို ရိုက်ခတ်ခဲ့သည့် ဆောက်လုပ်ရေးကဏ္ဍ တုံ့ဆိုင်းမှု - Property News in Myanmar from iMyanmarHouse.com
14 Nov 2016 9:19 am တွင် တင်ခဲ့သည်
2255 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆-၁၇ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ
နှေးကွေးခဲ့သည်ဟု အစိုးရသစ်က ပြောကြား ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ
အဖွဲ့ (IMF) ကလည်း ယင်းအချက်ကို ထောက်ပြခဲ့သည်။

IMF ၏ ထုတ်ပြန်မှုတွင် မြန်မာ့စီးပွားရေး ပထမခြောက်လ နှေးကွေး ရသည့် အကြောင်းရင်း
များထဲတွင် ဆောက် လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရခြင်းက အဓိကအကြောင်းရင်း
တစ်ရပ်အဖြစ် ပါနေသည်ဟု ဆိုသည်။ အောက်တိုဘာ ၁၄ ရက်မှ ၂၈ ရက်အထိ
လာရောက်ခဲ့သော IMF ၏ Article VI အဖွဲ့ ခရီးစဉ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ က မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တိုးတက်မှုနှုန်း
မြန်ဆန်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် အိမ်ခြံမြေကဏ္ဍဈေးကွက်
ကျဆင်းခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ အပြောင်းအလဲများဖြစ်ခြင်း၊ အဓိက
ကုန်သွယ်ဖက်များ ထံမှ ၀ယ်လိုအားကျဆင်းခြင်းတို့ဖြင့် နှေးကွေး ခဲ့သည်ဟု ပြောဆိုသည်။

အမှန်တကယ်တွင်လည်း ဆောက်လုပ် ရေးစီမံကိန်းများ ခြောက်လခန့် လုပ်ငန်း စီမံကိန်းများကို
ရပ်တန့်ခဲ့ရသလို စီမံကိန်း စတင်ရန်ပြင်ဆင်နေသည့် လုပ်ငန်းများမှာ လည်း စောင့်ဆိုင်းနေခဲ့ရသည်။

ဧပြီ ၁ ရက်တွင် အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် မေ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့အသစ်၏ ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ကိုးထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ
စီမံကိန်း အားလုံးကို ရပ်နား ရန် ညွှန်ကြားခဲ့သည်။

ယင်းကဲ့သို့ ဆောက်လုပ်ရေးစီမံကိန်းများ ရာနှင့်ချီ ရပ်နားခဲ့ရသည့်အတွက် ငွေကြေး နစ်နာမှုများရှိခဲ့ပြီး
ဆောက်လုပ်ရေးလုပ်ငန်း ခွင်များတွင် လုပ်ကိုင်သည့် အခြေခံအလုပ်သမားများအထိ နစ်နာမှုများ
ဖြစ်ခဲ့ကြသည်။ ထို့ပြင် အစိုးရက အထပ်မြင့်စီမံကိန်းများ ကို ပြန်လည်စိစစ်မှုများပြုလုပ်သည့်
အချိန်အတွင်း အဆောက်အအုံများကို ဆောက်လုပ် ခွင့် ပါမစ်ပေးသည့် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကလည်း ရှစ်ထပ်အထိအဆောက်
အအုံပါမစ် လျှောက်ထားမှုများကို ဇူလိုင် ၁ ရက်တွင် စတင်ရပ်နားခဲ့သည်။ ထို့ကြောင့် ပြန်လည်
စိစစ်ရန် ရပ်နားခဲ့ရ သည့် အထပ်မြင့်အဆောက်အအုံ စီမံကိန်း များအပြင် ဆောက်လုပ်ခွင့်
လျှောက်မည့် အထပ်နိမ့် အဆောက်အအုံ စီမံကိန်းများ (ရှစ်ထပ်အထိ) မှာလည်း ဆောက်လုပ်ခွင့်
ရပ်ခဲ့သည့်အတွက် ယခင်က အရှိန်ကောင်း ကောင်းဖြင့် လည်ပတ်နေခဲ့သည့် ဆောက်လုပ်ရေး
ကဏ္ဍသည့် တုံ့ဆိုင်းသလောက်အထိ ဖြစ်သွားခဲ့ရာ ယခု IMF က ထောက်ပြခဲ့သည့်အတိုင်း
မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေး ခြင်း၏ အဓိရအကြောင်းရင်း တစ်ရပ် ဖြစ်သည်
ဆိုသောအချက်ကို လုပ်ငန်းရှင်များက ထောက်ခံကြသည်။

မငြိမ်သက်ခဲ့သည့် မူဝါဒများ

ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခဲ့ရမှုသည် အဆောက်အအုံများကို
ဆောက်လုပ်ခွင့် ပါမစ်ပေးသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပါမစ်
ဆိုင်ရာမူဒါဝများ တည်ငြိမ်မှုမရှိခြင်းနှင့် အဓိကသက်ဆိုင်နေသည်။

ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နိမိတ် အတွင်း တည်းဆောက်သည့် မည့်သည့်အဆောက်
အအုံကိုမဆို ပုံမှန်အားဖြင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(အဆောက်အုံ) က စိစစ် ကာ ဆောက်လုပ်ခွင့်ပေးရပြီး ၎င်းတို့ ခွင့်ပြု ချက် ရရှိမှသာလျှင်
အဆောက်အအုံ တရားဝင် ဆောက်ခွင့်ရှိသည်။

ကိုယ်ပိုင်လုံးချင်းအိမ်များနှင့် လေးထပ်မှ ရှစ်ထပ်အထိ အဆောက်အအုံဆောက်လုပ်ခွင့်ကို
ယင်းအင်ဂျင်နီယာဌာန (အဆောက်အအုံ) က တိုက်ရိုက်ကိုင်တွယ်ဆုံးဖြတ်ပြီး ကိုးထပ်မှ
၁၂ ထပ်ခွဲအထိ အဆောက်အအုံများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏
ကော်မတီဝင် အစည်းအဝေး၏ စိစစ်မှုမှ လည်းကောင်း၊ ၁၃ ထပ်နှင့်အထက် အဆောက်
အအုံများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး၏ စိစစ်မှုမှလည်းကောင်း "မူ" အားဖြင့်
ခွင့်ပြုမိန့်ပေးသည်။

"မူ" အားဖြင့်ခွင့်ပြုချက်ရထားသည့် ယင်း အထပ်မြင့် အဆောက်အအုံ စီမံကိန်းများကို
သက်ဆိုင်ရာ အထပ်မြင့် အဆောက်အအုံများ ၏ ဖွဲ့စည်းတည်ဆောက်မှု၊ ကြံ့ခိုင်မှု၊ နည်းပညာနှင့်
ဒီဇိုင်း စသည်တို့ကို စိစစ်သည့် (HIC) နှင့် (CQHP) စသည့် အဖွဲ့များ၏ ထောက်ခံချက် ရရှိပါက
ဆောက်လုပ်ခွင့် ပါမစ်ကြီးကို ရရှိသည်။

ယခင်အစိုးရလက်တစ်လျှောက်လုံးတွင် သုံးစွဲခဲ့သည့် ယင်းတည်ဆဲဥပဒေနှင့် နည်း ဥပဒေများဖြင့်
ခွင့်ပြုချက်ပေးထားသည့် အထပ်မြင့်အဆောက်အအုံ ရာကျော်ကို လက်ရှိအစိုးရက ခေတ်အခြေအနေ၊
မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိဟုဆိုကာ ပြန်လည် စိစစ်ရန် အဆောက်အအုံများကို မေလအတွင်း ၌
လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့သည်။

ဇွန် ၁၇ ရက်တွင် တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ
ဆောက်လုပ်မှု စိစစ်ရေးကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး ဆောက်လုပ်ခွင့်ပါမစ်ကြီး ရပြီး ဖြစ်သော
အဆောက်အအုံများကို စည်းမျဉ်း စည်းကမ်း အသစ်များထပ်မံဖြည့်၍ စစ်ဆေးခဲ့သည်။

သို့သော် စိစစ်ရေးကော်မတီက စစ်ဆေးခဲ့သည့် စည်းမျဉ်းစည်းကမ်းအသစ် များသည် တရားဝင်ဥပဒေ
တစ်ခုအဖြစ် ပြဋ္ဌာန်းထားခြင်း မဟုတ်သည့်အပြင် ၎င်းတို့ စစ်ဆေးမှုနှင့် ပတ်သက်သည့် အသေးစိတ်
အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်းမရှိခဲ့ပေ။ ဇူလိုင် ၁၂ ရက်တွင် ပြန်လည်စိစစ်သည့်
အထပ်မြင့် အဆောက်အအုံများထဲမှ ပါမစ်ကြီး ရရှိပြီးသော ဆောက်လက်စ အထပ်မြင့်အဆောက်အအုံ
၁၂ လုံးကို ဒီဇိုင်းများ ပြင်ဆင်၍ အထပ်များလျော့ချရန် ညွှန်ကြားခဲ့သည်။

ယင်းညွှန်ကြားချက်ကြောင့် အဆောက် အအုံ လောကတစ်ခုလုံး ဂယက်ရိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး
ယင်းအဆောက်အအုံများ၏ ထိခိုက်ဆုံးရှုံးနစ်နာမှုသည် အမေရိကန်ဒေါ်လာ ငါးဘီလျံခန့်
ရှိလာမည်ဖြစ်သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တိုင်းဒေသကြီး အစိုးရထံ
အသနားခံစာများ တင်ခဲ့သည်။

ခြောက်လတာ ရပ်နားခဲ့တဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေ လည်ပတ်နိုင်ပြီလား

အထပ်မြင့်အဆောက်အအုံများအားလုံး ကို ပြန်လည်စိစစ်သည့် ခြောက်လအတွင်း မူဝါဒချမှတ်မူတွင်
အမျိုးမျိုးဖြင့် မတည်ငြိမ် ခဲ့ဘဲ နောက်ဆုံးတွင် ယခင်ရှိပြီးသား တည်ဆဲ ဥပဒေ၊ နည်းဥပဒေများဖြင့်သာ
ဆက်လက် အသုံးပြု ဆောက်လုပ်ခွင့်ဖြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

"မေလက ရပ်ခိုင်းတဲ့ အထပ်မြင့်စီမံကိန်း တွေထဲက ကျန်တဲ့အဆောက်အအုံတွေကို အခုလက်ရှိ
ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စစ်ဆေးပြီးလို့ ဒီအပတ်အတွင်းမှာ ဆက်လက်ဆောက်လုပ်ခွင့်တွေ
ပေးသွားမှာပါ။ နောက်ပိုင်းလည်း ကျွန်တော်တို့ ဒီဥပဒေ၊ နည်းဥပဒေတွေနဲ့ပဲ စစ်သွားမှာ။ အထပ်မြင့်
စိစစ်ရေး ကော်မတီက စည်းမျဉ်း၊ စည်းကမ်းသစ်တွေနဲ့ စစ်ခဲ့ပေမဲ့ စစ်ဆေးခဲ့တာမျိုးပဲရှိတာ၊ ဥပဒေ
ဆိုတာမျိုး ထုတ်ခဲ့တာမှ မဟုတ်တာ" ဟု ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ယခုကဲ့သို့ ပြန်လည်ခွင့်ပြုတော့မည်ဟု ဆိုသော်လည်း ယခင်က ကိုးထပ်နှင့်အထက် အထပ်မြင့်
အဆောက်အအုံစီမံကိန်း ၂၄၉ လုံး မှာ ခြောက်လခန့်နီးပါး ရပ်တန့်ခံခဲ့ရသကဲ့သို့ ရှစ်ထပ်အောက်
အဆောက်အအုံ ဆောက် လုပ်ခွင့် ပါမစ်လျှောက်ထားမှုများလည်း လေးလခန့် ရပ်ထားခဲ့ရသည့်
ဖြစ်ရပ်များ ကြောင့် နစ်နာမှုများစွာ ဖြစ်သွားခဲ့သည်။

ထိုခြောက်လအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် အလုပ်သမားလစာနှင့် စီမံကိန်းဝန်ထမ်း
လစာများကို အသားတင် စိုက်ထုတ်ပေးနေရခြင်းများရှိသလို အချို့ လုပ်ငန်းရှင်များမှာ အလုပ်သမားများနှင့်
ဝန်ထမ်းများကို အလုပ်မပေးနိုင်သည် အခြေ အနေမျိုးအထိ ရှိခဲ့သည်။ ထို့ပြင် ဘဏ်တိုးနှုန်း များဆပ်ရန်
အခက်တွေ့နေမှုများ၊ ကြိုပွိုင့် စနစ်ဖြင့် ၀ယ်ထားသည့်သူများက ဈေးကွက် အပေါ် ယုံကြည်စိတ်ချမှု
နည်းသွားသည့် အတွက် သွင်းထားသော ငွေများကို ပြန်လည် တောင်းယူသည့် ဖြစ်စဉ်များနှင့်
မြေရှင်၊ဆောက်လုပ်ရေးကုမ္ပဏီနှင့် အခန်းဝယ်ယူသူများအကြား ပြဿနာများစွာ ဖြစ်ပေါ် နေလျက်
ရှိသည်။

"ဆုံးရှုံးမှုတွေ အများကြီးတော့ ဖြစ်သွား ပါပြီ။ လုပ်ငန်းရှင်တွေဘက်ကလည်း ခွင့်ပြု မိန့်တွေ
မရသေးလို့ စောင့်နေကြတယ်။ ဒီမိုကရေစီခေတ်ဖြစ်တဲ့အတွက် ရပ်ထားတဲ့ ကာလမှာ
သူတို့ဆုံးရှုံးမှု အတွက် နစ်နာကြေး တောင်းမှာ သေချာတယ်။ FDI ၀င်လာပေမဲ့ လည်း သူတို့နဲ့
လက်တွဲလုပ်ရမယ့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကို အခုလိုချိုးနှိမ် ထားတယ်ဆိုရင်
စီးပွားရေး နာလန်ထူဖို့ခက် တယ်။ ယန္တရားကြီး တစ်ခုလုံး ခြောက်လဆိုင်းတယ်ဆိုတဲ့ ကိစ္စက
နည်းနည်းနောနော ပြဿနာမဟုတ်ဘူး" ဟု အထပ်မြင့်အဆောက်အအုံများကို ဆောက်လုပ်နေသည့်
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထပ်မြင့်များသာမက လေထပ်မှ ရှစ်ထပ်အတွင်း တိုက်ခန်းများ တည်ဆောက်သည့် ကန်ထရိုက်
လုပ်ငန်းရှင်များကလည်း မူဝါဒ သေချာမှု မရှိသေးသည့် အကြောင်းပြချက်ကြောင့် ဆောက်လုပ်ခွင့်
ပါမစ် မလျှောက်နိုင် ရာ လျာထားသည့်လုပ်ငန်းများ ရှေ့မဆက်နိုင် ဘဲ လုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း
လိုင်စင်ရ ကန်ထရိုက်တာ ဦးလှရွှေက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ရန်ကုန်မှာ ခုနစ်ထပ်၊ ရှစ်ထပ် တိုက်ခန်းတွေက ဆောက်တာများတယ်လေ။ အထပ် မြင့်ကြီးတွေကို
ပြန်စစ်မယ်ဆိုပြီးရပ်ခိုင်းထား ပြီး ကျွန်တော်တို့ ရှစ်ထပ်တွေကိုလည်း ဆောက်လုပ်ခွင့်ပါမစ်
ပိတ်ထားတော့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး။ ဒီတိုင်းထိုင်နေရတယ်။ လေးလလောက်
အတွင်းမှာ လုပ်ငန်းတွေ တော်တော်အေးကုန်ပါတယ်" ဟု ၎င်းကပြောသည်။

လုပ်ငန်းရှင်များနစ်နာခဲ့သလို စီးပွားရေးအပေါ် ရိုက်ခတ်ခဲ့

ယခုဘဏ္ဍာနှစ်၏ပထမနှစ်ဝက်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေး ရခြင်းတွင်
ဆောက်လုပ်ရေးလုပ်ငန်းများကို စိစစ်ရန် ရပ်တန့်ခဲ့သည့် အကြောင်းရင်း တစ်ရပ်လည်း
ပါဝင်သည်ဟု IMF က ပြောဆို ခဲ့သည့် နည်းတူ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်
များကလည်း ထောက်ခံပြောဆို ကြသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ နာယက၊ ဇေကမ္ဘာ
ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက "ဆောက် လုပ်ရေးအလုပ်တွေကို ရပ်ခိုင်းလိုက်တာဟာ
မလုပ်သင့်တဲ့အလုပ်လည်း ဖြစ်တယ်။ ပိုဆိုးတာက အရင်အစိုးရ ခွင့်ပြုထားတဲ့ စီမံကိန်းကို
အခုလို လုပ်လိုက်တော့ ဥပဒေက မတည်ငြိမ်ဘူးဖြစ်သွားတယ်။ ၀င်လာမယ့် သူတွေလည်း
ကြောက်သွားတယ်။ ဆောက် လုပ်ရေးဆိုတာ သူနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်း တွေ
အများကြီးဖြစ်လို့ တခြားစီးပွားရေး တွေပါ ထိသွားတယ်။ အချိန်မနည်း ပြန်ယူရဦးမယ်။
အထပ်မြင့်အဆောက်အအုံတစ်ခု ဆောက်ဖို့ဆိုတာ အဆင့်အများကြီးကျော်ဖြတ် ခဲ့ရသလို
အဆောက်အအုံ ဒီဇိုင်းတစ်ခု ထွတ်လာဖို့ဆိုတာလည်း ဒေါ်လာကို သန်းနဲ့ချီ ရင်းထားရတဲ့
အလုပ်ဖြစ်လို့ အခုလို မတည် ငြိမ်တော့ အားလုံးကတွန့်နေကြတဲ့ သဘော ရှိတယ်"ဟု
ပြောသည်။

အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ရပ်နားလိုက်ရသည့်အတွက် အဆင့်မြင့် ဇိမ်ခံ
ကွန်ဒိုများကို ဆောက်လုပ်သည့် လုပ်ငန်းရှင် ကြီးများသာမက၊ အသေးစား အလတ်စား
ကန်ထရိုက်တာ လုပ်ငန်းရှင်များအထိပါ ထိခိုက်နစ်နာခဲ့ရသည်။

ပြီးခဲ့သည့်နှစ်များကတည်းက အိမ်ခြံမြေ ဈေးကွက် အေးစက်မှုနှင့်အတူ ဆောက်လုပ်ရေး
လုပ်ငန်းများလည်း အရှိန်နှေးနေသည့် အချိန်ကာလအတောအတွင်းမှာ အစိုးရသစ် က
ယခုကဲ့သို့ အချိန်ကြာမြင့်စွာ လုပ်ငန်းများ ကို ရပ်နားစေခဲ့ခြင်းက ဆောက်လုပ်ရေး
လောကကြီး ပိုမိုအထိနာစေဖို့ တွန်းအားပေး လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း
KBS ဆောက်လုပ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ကိုရာဇာမိုးက ပြောသည်။

၎င်းက " တိုက်ခန်းတွေ၊ အရောင်းအ၀ယ်မဖြစ်တာတွေက တော်တော်ကြာပါပြီ။
ကျွန်တော်တို့ ဆောက်လုပ်ရေး တင်မကဘဲ၊ ဆောက်လုပ်ရေးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊
အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်း အရောင်းအ၀ယ် တွေ အားလုံးက နှေးကွေးနေတဲ့ အနေ
အထားမှာ အထပ်မြင့်တွေကို စပြီးရပ်လိုက် စေတဲ့အချိန်ကစပြီး ကျွန်တော်တို့ ဆောက်လုပ်ရေး
လုပ်ငန်းက အခုချိန်ထိ ခေါင်းကို မထောင်နိုင်တော့ပါဘူး။ ဒီထိခိုက်မှုကြီးရဲ့ အရှိန်က
ကျွန်တော်တို့အခုချိန်ထိ လုပ်ငန်းမလည်ပတ်နိုင်သေးပါဘူး" ဟု ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍ ရှေ့ဘယ်လိုဆက်မလဲ

ဆောက်လုပ်ရေးကဏ္ဍ၏ ရှေ့ဆက်သွား မည့် အလားအလာမှာ ပြန်လည်တည်ငြိမ်သည့်
ပုံမှန်အနေအထားရောက်ရန် အချိန် ယူရဦးမည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

"အထပ်မြင့်လုပ်ငန်းတွေကို ရပ်လိုက်တဲ့ အချိန်မှာ ဆောက်လက်စအဆောက်အအုံ တွေရဲ့
အခန်းတွေပါမရောင်းရတော့ဘူး။ ကြိုပွိုင့်ဝယ်တဲ့သူတွေက အစိုးရက တား ထားတယ်ဆိုပြီး
ပိုက်ဆံလာမသွင်းကြတော့ ဘူး။ အထပ်မြင့်တစ်ခုတည်းမဟုတ်ဘဲ တခြား ရောင်းထားတဲ့
အခန်းတွေပါ ရောပြီး သူတို့ပါ ထိခိုက်ကုန်ပါတယ်။ ၀င်လာရမယ့် ပိုက်ဆံ တွေကလည်း
မ၀င်လာတော့ဘဲ တခြားနေရာ ကနေ ငွေယူရတော့ ဆောက်လုပ်ရေးလောက တစ်ခုလုံး
ဒီဒဏ်ကို ရေရှည်ခံသွားရမှာပါ" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မူဝါဒပိုင်းကို ကိုင်တွယ်သည့်သူများကမူ ဆောက်လုပ်ရေး လုပ်ငန်းများဆောက်လုပ်ခွင့်
ပြန်လည်ခွင့်ပြုပြီးပါက လုပ်ငန်းများ ဆက်လက်ရှိနေဦးမည်ဟု ပြောကြသည်။

"ဆောက်လုပ်ခွင့်ပါမစ်တွေက တစ်နေ့ကို ရာနဲ့ချီ ပေးနေရတာပါ။ အထပ်မြင့်တွေ ရပ်လိုက်ပေမဲ့
တကယ်မြေပြင် လုပ်ငန်းတွေ က ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒီဆောက်လုပ်ရေး လုပ်ငန်းတွေ
ဆောက်တဲ့ အဆောက်အအုံတွေရဲ့ အခန်းတွေ မရောင်းရတာကတော့ ဆောက်လုပ်ခွင့်ပေးတာနဲ့
မဆိုင်ပါဘူး" ဟု စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မည်သို့ပင်ဖြစ်စေ ကာလကြာရှည်စွာ ရပ်နားခဲ့ရသည့် ဆောက်လုပ်ရေးကဏ္ဍသည်
နစ်နာမှုများစွာ ရှိခဲ့သကဲ့သို့ ယင်းကဏ္ဍနှင့် ဆက်နွှယ်နေသည့် ငွေကြေးစီးဆင်းမှု၊ ငွေကြေး လည်ပတ်မှုများ လျော့နည်းသွားခဲ့ရသည်။ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုအရှိန်ပြန်ကောင်း
လာမည်လား (သို့မဟုတ်) ကာလကြာရှည် ရပ်ဆိုင်းခဲ့ရသည့် ဒဏ်ကို အချိန်ကြာမြင့်စွာ
အရှိန်ပြန်ယူရဦးမည်လားဆိုသည်ကို စောင့် ကြည့်ရဦးမည်သာ ဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service