ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းရှင်များ လန်ဒန်တွင် ရုံးခန်းနေရာများကို ကန်ဒေါ်လာ သန်း ၂၉၀ သုံးစွဲကာ ၀ယ်ယူကာ အင်္ဂလန်ဘဏ်အား ပြန်လည်အငှားချ

ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းရှင်များ လန်ဒန်တွင် ရုံးခန်းနေရာများကို ကန်ဒေါ်လာ သန်း ၂၉၀ သုံးစွဲကာ ၀ယ်ယူကာ အင်္ဂလန်ဘဏ်အား ပြန်လည်အငှားချ - Property News in Myanmar from iMyanmarHouse.com
11 Nov 2016 11:48 am တွင် တင်ခဲ့သည်
1434 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များသည် လန်ဒန်တွင် ရုံးခန်းနေရာများကို ပေါင် ၂၃၄ သန်း (ကန်ဒေါ်လာ သန်း ၂၉၀) သုံးစွဲကာ ၀ယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝယ်ယူလိုက်သော ရုံးခန်းအဆောက်အအုံတည်နေရာမှာ မိုဂိတ်လမ်း၊
အမှတ် ၂၀ ရှိ အဆောက်အအုံဖြစ်ပြီး ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်အများအပြား ဆောင်ရွက်ရာ အဆောက်အအုံလည်း ဖြစ်သည်။

ဟောင်ကောင်ကုမ္ပဏီသည် အဆိုပါအဆောက်အအုံကို ၀ယ်ယူရရန်အတွက် Deutsche Fonds Holdings အား ပေါင် ၁၅၄ သန်း (ကန်ဒေါ်လာ ၁၉၁ သန်း) ပေးခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် အင်္ဂလန်ဘဏ် Bank of England အား ၂၀၂၇ ခုနှစ်အထိ ပြန်လည်ငှားရမ်းထားသည်။
ယင်းအဆောက်အအုံသည် စတုရန်းပေ ၁၅၄၈၅၄ စတုရန်းပေ အကျယ်အ၀န်းရှိပြီး ယခုနှစ်မတ်လကတည်းကပင် ပေါင်သန်း ၁၆၀ (ကန်ဒေါ်လာ ၁၉၈ သန်း) ဖြင့် အရောင်းဈေးကွက်တင်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဆောက်အအုံသည် လန်ဒန်၏ ဘဏ္ဍာရေးအချက်အခြာနေရာနှင့် ခြေလျင်ခရီးဖြင့် ၁၀ မိနစ်ခန့်သာ ကွာဝေးသည့် နေရာတွင်တည်ရှိသည်။

ဟောင်ကောင်အခြေစိုက် China Group ကုမ္ပဏီကလည်း ဖန်းချပ်လမ်း ၊ အမှတ် ၁၀ အဆောက်အအုံကို ကန်ဒေါ်လာ ၉၉ သန်းဖြင့် ယခုရက်သတ္တပတ်အတွင်းကပင် ၀ယ်ယူခဲ့သေးသည်။

အာရှဝယ်လက်တို့သည် လန်ဒန်ရှိ အဆောက်အအုံများကို အင်္ဂလန်ဥရောပသမဂ္ဂမှ ထွက်ခဲ့သည့်တိုင် ဆက်လက်ဝယ်ယူလျက်ရှိရာ ဟောင်ကောင်အခြေစိုက် Kingboard Chemical Holdings ကလည်း အောက်တိုဘာလကုန်ပိုင်းက ဥရောပသမဂ္ဂရုံးအဆောက်အအုံကို Brookfield Property Partners ထံမှ ပေါင် ၂၇၁ သန်း (ကန်ဒေါ်လာ ၃၃၁ သန်း) ဖြင့် ၀ယ်ယူခဲ့သေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service