မြန်မာနိုင်ငံ၏ သက် တမ်းအရှည်ဆုံး ဟိုတယ်တစ်ခု ဖြစ်သော ရန်ကုန်မြို့ ကမ်းနား လမ်းရှိ The Strand Hotel သည်ပြုပြင်မွမ်းမံမှုများ ပြီးစီး၍ နိုဝင်ဘာ ၁၅ ရက်၌ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ ပြုပြင်မွမ်းမံမှုလုပ်ငန်းက ဟိုတယ်ရဲ့ အချက်အချာဖြစ်တဲ့ ရှေး ဟောင်းအမွေအနှစ်တွေကို ဆက် လက်ထိန်းသိမ်းထားပြီး မြန်မာနိုင် ငံမှာ တစ်စိတ်တစ်ပိုင်းအဖြစ်ပါ ၀င်ခဲ့တဲ့ The Strand ရဲ့ အစဉ်အ လာကို တန်ဖိုးထားဂုဏ်ယူရုံသာ မကဘဲ ၂၁ ရာစုနဲ့အညီ လိုက် လျောညီထွေ အပြင်အဆင်တွေနဲ့ ဖန်တီးထားပါတယ်’’ ဟု The Strand & Cruise ဥက္ကဋ္ဌ Mr. Olivier Trinquand က ပြောကြားသည်။
The Strand ကို ပြီးခဲ့သည့် ၂၀၁၆ မေလမှစ၍ အကြီးစားမွမ်း မံပြင်ဆင်ရန် ခေတ္တပိတ်ထားခဲ့ပြီး မွမ်းမံပြင်ဆင်ရာတွင် မြန်မာ့ရိုးရာ လက်မှုပစ္စည်းယွန်းထည်များနှင့် ကျောက်သားကြမ်းခင်းများမှအစ ကျွန်းသားပရိဘောဂအသုံးအဆောင်များကို မူလဗိသုကာလက်ရာများအတိုင်း ထိန်းသိမ်းပြုပြင်ထားကြောင်း သတင်းရရှိသည်။
The Strand Restaurant ကိုလည်း ဒီဇင်ဘာ ၁ ရက်မှစ၍ တစ် ပတ်လျှင် လေးည ဖွင့်လှစ်မည် ဖြစ်သည်။
ဟိုတယ် ပြန်လည်ဖွင့်လှစ် ခြင်း အထိမ်းအမှတ်အနေဖြင့် ရာသီအလိုက်ဧည့်ခံကြိုဆိုရေး ၀န်ဆောင်မှုများစီစဉ်ထားကြောင်း တာဝန်ရှိသူက ဆိုသည်။
The Strand Hotel သည် အရှေ့တောင်အာရှ၏ ထိပ်တန်း ဇိမ်ခံဟိုတယ်များထဲမှ တစ်ခုအပါ အ၀င်အဖြစ် သတ်မှတ်ထားခံရပြီး မြန်မာနိုင်ငံ၌ ၁၈၉၂ တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၀၁ ၌ စတင်ဖွင့်လှစ်ခဲ့သည်။
The Strand Hotel သည် ၁၉၈၉ တွင် လေးနှစ်ကြာ ပထမဆုံးအကြီးစားမွမ်းမံပြင်ဆင်မှုပြုလုပ်ထားခဲ့ပြီး ယခုအချိန် မွမ်းမံပြင်ဆင်မှုပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။
The Strand Hotel သည် အထပ် သုံးထပ်ပါရှိ၍ တည်းခိုနိုင် ရန် အခန်းပေါင်း ၃၁ ခန်းပါဝင်ပြီး လူဦးရေ ၆၀ မှ ၇၀ ဦးကြားအထိ တစ်ပြိုင်နက်တည်းခိုအနားယူနိုင် ကာ မြန်မာနိုင်ငံ၏ သက်တမ်းရှည် ဟိုတယ်တစ်ခုဖြစ်ပြီး ၁၉၉၃ တွင် ကမ္ဘာ့အကျော်ကြားဆုံးဟိုတယ် များစာရင်း၌ ပါဝင်ခဲ့သည်။
Credit: 7DayDaily