အိမ်တစ်လုံး၏ရာဇဝင်နှင့် ပတ်ဝန်းကျင်အခြေအနေ

အိမ်တစ်လုံး၏ရာဇဝင်နှင့် ပတ်ဝန်းကျင်အခြေအနေ - Property News in Myanmar from iMyanmarHouse.com
9 Nov 2016 10:35 am တွင် တင်ခဲ့သည်
5805 ကြိမ် ကြည့်ရှု့ပြီး
အိမ်ဆိုသည့် ဝေါဟာရစကားလုံးတစ်လုံးကို တွေ့လိုက်ရသည် ဆိုလျှင် ဝါး၊ သစ်သား၊ အုတ်စသော အရာဝတ္ထုအမျိုးမျိုးတို့ဖြင့် ဆောက်လုပ်ထားပြီး တန်ဖိုးအနည်းအများအလိုက် ကျေး လက်၊ ရပ်ရွာ၊ ရပ်ကွက်၊ မြို့ ပြနေရာဒေသအသီးသီးတို့တွင် တည်ရှိနေသော အဆောက်အအုံတစ်ခု၊ သိုက်မြုံတစ်ခု၊ ခိုလှုံ နေထိုင်မှီခိုရာ နေရာတစ်ခုဟု ကျွန်ုပ်တို့ နားလည်သဘော ပေါက်ထားပြီး ဖြစ်ပါသည်။ ထို့ပြင် နေဒဏ်၊ လေဒဏ်၊ ရာသီ ဥတုဒဏ်ကအစ လုံခြုံနွေးထွေးပြီး အကာအကွယ်ရနိုင်သော အရာဝတ္ထု ရုပ်ပစ္စည်းတစ်ခုအဖြစ်လည်း မှတ်ယူသိရှိထားပြီး သား ဖြစ်ပါသည်။

သဘာဝအလျောက် ကျင်လည်ကျက်စား ရုန်းကန်နေထိုင် ကြကုန်သော ကျေးငှက်သာရကာ တိရ္ဆာန်လေးများပင် သူ့အဆောက်အအုံ၊ သူ့ဝန်းကျင်၊ သူ့အိမ်ဂေဟာနှင့် သူရှင် သန် ရပ်တည်နေထိုင်လျက်ရှိသည်ကို ကျွန်ုပ်တို့မြင်တွေ့နေ ရသည်။ ထို့အပြင် ၎င်းတို့ကိုမထင်မှတ်ဘဲ ဝင်ရောက်တိုက် ခိုက်လာမည့် သဘာဝဘေးအန္တရာယ်တို့ကို အတတ်နိုင်ဆုံး ခုခံကာကွယ်တားဆီးနိုင်ရန် ကြိုတင်စီမံ ပြင်ဆင်ဆောက် တည်ထိန်းသိမ်းထားသည်ကို ကျွန်ုပ်တို့အားလုံး မျက်မြင်ကိုယ် တွေ့ ကြုံဖူးခဲ့ကြပါလိမ့်မည်။

ဥပမာ-စာဘူးတောင်းလို စာအိမ်ကလေးတစ်ခုဖြစ်အောင် စာငှက်ကလေးတွေဟာ အမှိုက်စကလေးတွေကို ဟိုတစ်စ သည်တစ်စ ယူငင်သယ်ဆောင်လာပြီး ၎င်းတို့မိသားစုဘ၀ တွေ လုံခြုံနွေးထွေး အကာအကွယ်ရအောင် စာဘူးတောင်း အိမ်ကလေးတွေ နေရာတိုင်းမှာ ခိုင်ခံ့စွာတည်ဆောက်ထား သည်ကို ထူးခြားသောမြင်ကွင်းတစ်ရပ်အဖြစ် ကျွန်ုပ်တို့ တစ်တွေ တွေ့ မြင့်ခဲ့ရဖူးပါသည်။

ရိုးသားသောဝန်ခံစကားကိုဆိုရပါမူ ကျွန်ုပ်သည် ထိုမြင် ကွင်းဖြစ်ရပ်အပေါ်မှီ၍ အတွေးစတစ်ခု ဖျတ်ခနဲဝင်ရောက် လာခဲ့ရာမှ ဤဆောင်းပါးကို ရေးလိုစိတ်ဖြစ်ပေါ်ခဲ့ရပါသည်။

ကျွန်ုပ်တွေးမိသောအတွေးမှာ စား၊ အိပ်၊ မေထုန် ဤသုံးပါးကို သာသိသော တိရ္ဆာန်များပင် ၎င်းတို့မိသားစုဘ၀ လုံခြုံနွေး ထွေးအောင် သဘာဝဘေးအန္တရာယ်နှင့် နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်တို့မှ ကင်းလွတ်အောင် သူတို့အသိဉာဏ်လေးနှင့် ကာကွယ်စောင့်ရှောက် နေထိုင်နိုင်ကြသေးလျှင် ဉာဏ်ပညာ၊ အတတ်၊ အသိတရားတို့ပြည့်နှက်နေသော ကျွန်ုပ်တို့လူသားများ သည် မိမိတို့ရပ်တည်နေထိုင်မှီခိုမည့် အိမ်ဂေဟာကိုဒီ့ထက် ပိုမိုခိုင်ခံ့ လုံခြုံနွေးထွေးပြီး နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ် နှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးတို့မှ အတတ်နိုင်ဆုံး ခုခံကာကွယ်တွန်း လှန်တည်ဆောက်နေထိုင်၍ ပြနိုင်ရမည်ဟု တွက်ဆမှတ်ယူ လိုက်မိသည်။

ဤနေရာတွင် မိမိတို့ တည်ဆောက်နေထိုင်မည့် အိမ် သည် မိမိတို့၏လက်ရှိဘ၀ ရရှိပိုင်ဆိုင်ထားသော အလုပ် အကိုင်၊ ငွေကြေး၊ နေရာဒေသအလိုက်၊ လူတန်းစားအလွှာ အသီးသီးအပေါ်မူတည်ပြီး ဝါးအိမ်၊ သစ်သားအိမ်၊ ပျဉ်ထောင် အိမ်၊ တိုက်အိမ်၊ ဓနိမိုး၊ သက်ငယ်မိုး၊ သွပ်မိုး၊ အုတ်ကြွပ်မိုး စသည်ဖြင့် မတူကွဲပြားခြားနားသော အိမ်အမျိုးအစားတွေ လည်း အသီးသီး မြင်တွေ့ရမည်ဖြစ်သည်။

ထိုအခါ ထိုအိမ်များကိုပိုင်ဆိုင်သော၊ ထိုအိမ်တို့တွင် ခိုလှုံနေထိုင်လျက်ရှိကြသော ကျွန်ုပ်တို့အားလုံးသည် မိမိမှီခို နေထိုင်သည့်အိမ်၊ မိမိအိမ်၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ရပ်ရွာ ကျေးလက်၊ ရပ်ကွက်မြို့ ပြ၊ တိုင်းပြည်နှင့်ပနံတင့်အောင် မိမိတို့ နေထိုင်ရာအိမ်ပတ်လည်တွင် သေသပ်လုံခြုံမည့် ခြံစည်းရိုး၊ အုတ်တံတိုင်းခတ်ခြင်း၊ အိမ်ခြံဝင်းအတွင်း သီးပင်၊ စားပင်၊ ပန်းမာလာစသော မျက်စိပသာဒဖြစ်စေသည့် အရိပ်ရသစ်ပင် များလည်း စနစ်တကျပြုစု ရေလောင်းပေါင်းသင် စိုက်ပျိုးထား ဖို့ လိုပါသည်။

ထို့အပြင် ယင်းအိမ်အသီးသီးတွင် နေထိုင်သော ထိုအိမ် တို့နှင့်သက်ဆိုင်သော မိသားစုဝင်အားလုံးတို့သည် မိမိတို့ ပိုင်ဆိုင် နေထိုင်ခိုလှုံလျက်ရှိသော အိမ်ဂေဟာအဆောက်အအုံ မပျက်စီးအောင် တစ်ဦးချင်းမှသည် အားလုံးဥမကွဲသိုက်မပျက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး စောင့်ရှောက်ကာကွယ် ထိန်းသိမ်းပေးနိုင်ဖို့လိုပါသည်။ ဥပမာ- လိုအပ်သောနေရာများ ကို တိုးချဲ့ ပြင်ဆင်မွမ်းမံခြင်း၊ ရေနံချေးဆေးများ သုတ်ပေးခြင်း၊ အိမ်ကိုထိခိုက်စေနိုင်သည့် ကြည့်မကောင်းသောမြက်ရိုင်း ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်းတို့ဖြင့် မိမိတို့နေထိုင် သောအိမ်သည် ရေရှည်တည့်မတ်၊ ခိုင်ခံ့ တောက်ပနေမည် ဖြစ်သည်။

သည်နှင့်တစ်ဆက်တည်းမှာပင် ကျွန်ုပ်တို့အားလုံးသည် မိမိတို့အိမ်ဂေဟာ နေရာဌာန ဒေသလုံခြုံစိတ်ချပျော်ရွှင် အေးချမ်းငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ အမြဲတစေဖေးမကူညီ စောင့်ရှောက်ကြည့်ရှုပေးနိုင်မည့် ပတ်ဝန်းကျင်ကောင်း၊ မိတ် ကောင်း၊ ဆွေကောင်း၊ အဆွေခင်ပွန်းကောင်းတို့နှင့်လည်း ကျွမ်းဝင်ရင်းနှီး မိတ်ဆက်လက်တွဲ ခင်မင်ထားဖို့လည်း လိုအပ် သည်ဟု ကျွန်ုပ်ထင်မြင်ယူဆမိပါသည်။
အဆိုပါ ပတ်ဝန်းကျင်ကောင်း၊ မိတ်ကောင်း၊ ဆွေကောင်း တွေနေရာတိုင်းမှာ ရှိနေမည်ဆိုပါလျှင် ကျွန်ုပ်တို့အားလုံးဟာ အုတ်တံတိုင်းတို့၊ ခြံစည်းရိုးတို့၊ တံခါးသော့ခလောက်တို့ပိတ် စရာခတ်စရာ၊ ကာစရာပင်မလိုတော့ပါ။ ဤတွင်လူပြောသူ ပြောများသော စကားတစ်ခု ကျွန်ုပ်မှတ်သားသိရှိထားဖူး သည်။ “ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း” ၊ “မိမိနှင့်အနီး အနား နေထိုင်ရာပတ်ဝန်းကျင်ကောင်းရှိလျှင် လင်ကောင်း၊ ဇနီးကောင်းပင်ရနိုင်သည်” ဟူသောစကားရပ်ပင်။

မှန်ပါပေသည်။ ကျွန်ုပ်တို့အားလုံးနေထိုင်ရာအိမ်ဂေဟာ ပတ်လည်တွင် ကောက်ကွေ့ ခြင်းမရှိ၊ သန့်ရှင်းရိုးသားသော ပတ်ဝန်းကျင်ကောင်းတွေ များစွာရှိဖို့လိုပါသည်။ ပတ်ဝန်းကျင် ကောင်းတွေရှိနေလျှင် အိမ်တွင်းအိမ်ပ၊ ခြံတွင်းခြံပအလုံးစုံ အရာခပ်သိမ်း လုံခြုံစိတ်ချရသည်ဟု ကျွန်ုပ်နားလည်သဘော ပေါက်ထားမိပါသည်။

ကျွန်ုပ်တို့အားလုံးမျှော်လင့်မထားသော သဘာဝဘေး အန္တရာယ်တို့သည် ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်ကာလ၊ ဘယ်နေ့မှာ ပေါ်ပေါက်ဖြစ်ပေါ်လာမည်ဟု တပ်အပ်သေချာ ထုတ်ဖော်အပြတ်ပြော၍မရနိုင်သော်လည်း အိမ်တစ်အိမ် အတွင်းရှိ မိသားစုတိုင်းသည် ပတ်ဝန်းကျင်ကောင်းနှင့် မတွေ့လျှင် ထိုမကောင်းသောပတ်ဝန်းကျင်၏ တွန်းတိုက်လှုံ့ ဆော် ထိုးနှက်သွေးခွဲစကားများကို နားယောင်မိသွားလျှင် အိမ်ထဲနေအတူရှိ၊ အတူနေမိသားစုအချင်းချင်း စိတ်ဝမ်းကွဲ၊ သဘောထားအယူအဆတွေ အချိန်ကာလမရွေး ပြောင်းလဲ ကွဲလွဲသွားနိုင်သည်။
အနေအထိုင်ပျက်၊ အလုပ်ပျက်၊ အကိုင်ပျက်၊ မိတ်ပျက်၊ ဆွေပျက်၊ မျိုးပျက်၊ အိုးပျက်၊ အိမ်ပျက်၊ စီးပွားရေး၊ ကျန်းမာ ရေးတွေပါ အားလုံး ထိခိုက်ပြိုလဲပျက်ပြားသွားနိုင်သည်။

ထိုဆိုးရွားပြင်းထန်သော ပတ်ဝန်းကျင်တို့မှ နောက်ဆက်တွဲ အဖြစ် ရိုက်ခတ်ထိခိုက်လာမည့် တို့မီး၊ ရှို့မီး၊ ပစ်မီး၊ သူခိုး၊ ဓားပြ ဘေးအန္တရာယ်မြောက်မြားစွာတို့သည်လည်း ဟိုမှ သည်မှ ပေါ်ပေါက်လာနိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် မှန်းဆရခက် သည့် သဘာဝဘေးအန္တရာယ်ထက် လက်ရှိအချိန်မရွေးဖြစ် ပေါ်လာနိုင်သော အနီးကပ်ရန်သူ အန္တရာယ်ဘေးတွေကို အမြဲ သတိထားနေဖို့ လိုပါသည်။ စောင့်ကြည့်နေဖို့ လိုပါသည်။

အချုပ်အားဖြင့် ကျွန်ုပ်တို့ အားလုံးဟာ ဝါးအိမ်၊ တဲအိမ်၊ ပျဉ်ထောင်အိမ်၊ သစ်သားအိမ်၊ တိုက်အိမ်၊ ဘာအိမ်ကို ဆောက်ဆောက် မိမိတို့လက်လှမ်းမီရာ တတ်နိုင်သော ငွေကြေးပမာဏဖြင့် ဆောက်လုပ်ထားသော အိမ်တို့သည် မိမိတို့ မိသားစုနေထိုင်ရန်အတွက် တောင့်တင်းကြံ့ခိုင်လုံခြုံ အောင် တည်ဆောက်ကာကွယ်ထားဖို့တော့ လိုပါသည်။

ထို့အပြင် အိမ်တစ်အိမ်ချင်းစီမှာရှိသော မိသားစုတစ်ဦး ချင်း၏ ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုခုခံကာကွယ်နိုင်မှု၊ ကျန်းမာရေး လေ့လာလိုက်စားကောင်းမွန်ပြီး မိသားစုအချင်းချင်း သွေး စည်းညီညွတ်စည်းလုံးကာ ဖေးမကူညီပေးနိုင်မည့် ပတ်ဝန်း ကျင်ကောင်း၊ မိတ်ဆွေကောင်း၊ ခင်ပွန်းကောင်းတွေနှင့် ထိ တွေ့ဆက်ဆံ ရင်းနှီးကျွမ်းဝင်သင့်မြတ်စွာ နေထိုင်သွားနိုင် ကြမည်ဆိုပါလျှင် ကြုံတွေ့လာမည့်ဘေးအန္တရာယ်များကို တွန်းလှန်ဖယ်ရှားနိုင်ပြီး ငြိမ်းချမ်းအေးချမ်းသာယာစိုပြည် လှပသော ကျေးလက်ရပ်ရွာ မြို့ ပြများကိုအခြေခံ၍ ဖွံ့ ဖြိုး တိုးတက်သော အိမ်ရာတို့ဖြင့် တည်ဆောက်ထားသည့် စံပြ တိုင်းပြည်ကြီးတစ်အခုအဖြစ် က္ဘာ့အလယ်မှာ ဝင့်ထည်ဂုဏ် ယူစွာ နေရာယူရပ်တည်နေထိုင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော် လင့်ထင်မြင်ယူဆနေမိပါတော့သည်။



Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service