ခြောက်လခန့်ရပ်ဆိုင်းထားသည့် အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ခွင့်ပြုမည်

ခြောက်လခန့်ရပ်ဆိုင်းထားသည့် အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
7 Nov 2016 11:15 am တွင် တင်ခဲ့သည်
1617 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်တက်ပြီး နောက်ပိုင်း ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို နိုဝင်ဘာဒုတိယပတ်တွင် ပြန် လည်ခွင့်ပြုပေးမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

မြေပြင်လုပ်ငန်းများ စတင် နေသည့် အထပ်မြင့်စီမံကိန်း ၅၅ လုံး၊ မြေပြင်လုပ်ငန်းများပင် မစတင်ရသေးသည့် အထပ်မြင့် စီမံကိန်း ၁၃၀ ကျော်အပါအဝင် အခြားအဆောက်အအုံများအား လုံးကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည် ခွင့်ပြုပေးမည်ဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိက ပြောသည်။

ပြန်လည်ခွင့်ပြုပေးရာတွင် လက်ရှိ တည်ဆဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးမည် ဟု ဆိုသည်။

အားလုံးကို ပြန်လည်ခွင့်ပြု ပေးလိုက်ပြီဖြစ်သော်လည်း ရှစ် ထပ်နှင့်အထက် တည်ဆောက် မည့် အထပ်မြင့်အဆောက်အအုံ ၁၀ လုံးကိုမူ ခွင့်ပြုဦးမည်မဟုတ်ဘဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဖြင့်
ပြန်လည်ညှိနှိုင်းရန် ရှိနေကြောင်း သိရသည်။

ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အဆောက် အအုံများနှင့် ဆောက်လုပ်ဆဲများ ကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယခု ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများကို လက်ရှိကျင့်သုံး နေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုပေး မည်ဟု သိရသည်။

‘‘ကျွန်တော်တို့ဆီ ဘာအ ကြောင်းကြားစာမှတော့ မရသေး ဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်တွေနဲ့ လာမယ့်တစ်ပတ်ကို စည်ပင်မှာ ခေါ်တွေ့ဖို့တော့ရှိတယ်။ အားလုံးကို အရင်မူအတိုင်း ပြန်ပြီးခွင့်ပြု ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဘာပြောစရာလိုမှာလဲ’’ ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

အသစ်တည်ဆောက်ရန် ထပ်မံတင်ပြလာသည့်
လေးထပ် ခွဲနှင့်အထက် အထပ်မြင့်စီမံကိန်း များ
လက်ခံခြင်းကို ရပ်ဆိုင်းထား ရာမှ နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ
သတင်းရရှိသည်။

ရန်ကုန်မြို့တွင် အသစ်ထပ်မံ တည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်
များသည် ဌာန၌ အမှုတွဲအသစ် (ဆောက်လုပ် ခွင့် လျှောက်ထားခြင်း)တင်ပြခြင်း ကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန် လည်တင်ပြနိုင်ပြီဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service