မန္တလေးတွင် ကျပ်တစ်သိန်းနှင့် နှစ်သိန်းဝန်းကျင်ရှိ အိမ်အငှားဈေးကွက်သာ အလုပ်ဖြစ်

မန္တလေးတွင် ကျပ်တစ်သိန်းနှင့် နှစ်သိန်းဝန်းကျင်ရှိ အိမ်အငှားဈေးကွက်သာ အလုပ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
7 Nov 2016 10:46 am တွင် တင်ခဲ့သည်
711 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်း အရောင်းအဝယ် အေးစက်နေပြီး ကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင်ရှိ အိမ်အငှားဈေးကွက်သာ အလုပ်ဖြစ်နေကြောင်း မန္တလေးမြို့ရှိ အိမ်၊ ခြံ၊ မြေ လုပ်ငန်း အကျိုးတော်ဆောင်များထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်အတွင်း ကျပ်သိန်း ၁ဝဝ ဝန်းကျင်ရှိ မြေကွက်များမှာ တစ်လ တစ်ကြိမ်ခန့်သာ ရှိ၍ ဈေးကွက်တစ်ခုလုံး ဆိုပါက အရောင်းအဝယ် အေးနေသည်ဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင် ဦးထက်အောင်က ပြောကြားသည်။

“ဒီလိုအချိန် (သီတင်းကျွတ်ကာလ) မှာက အရောင်းအဝယ်ထက် အငှားဈေးကွက်က ပိုပြီးအလုပ်ဖြစ်တယ်။ ပွင့်လင်းရာသီလည်း ဖြစ်တော့ အိမ်ငှားကြတာ များတယ်။ မယ်ဇင်းကုန်းတို့ မြို့ စ်ဘက်တို့မှာ ပိုပြီးအလုပ်ဖြစ်ကြတယ်။ ဈေးကလည်း တစ်သိန်း ပတ်ချာလည်လောက်ပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ့ထုံးတမ်းအစဉ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ အိမ်အပြောင်းအရွှေ့ လုပ်ဆောင်သူများလည်း ရှိပြီး အသုံးပြုနိုင်သည့် ငွေကြေးနှင့်ချိန်ကာ မိသားစု သီးသန့်နေထိုင်နိုင်သော အိမ်များကိုသာ ရှာဖွေခဲ့ရကြောင်း ယခုရက်ပိုင်းအတွင်း မဟာမြိုင်ဘက်မှနေ၍ မယ်ဇင်းကုန်းဘက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သော အသက် ၃ဝ ဝန်းကျင်ရှိ ကုမ္ပဏီဝန်ထမ်း ဒေါ်သီတာအောင်က ပြောကြားသည်။

လက်ရှိအချိန်၌ မန္တလေးမြို့တော်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက် အေးစက်နေပြီး အငှားဈေးကွက်သာ အလုပ်ဖြစ်နေသော်လည်း နှစ်ကုန်ပိုင်းနှင့် ၂ဝ၁၇ ခုနှစ် နှစ်စပိုင်းတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက် ပြန်လည်ဦးမော့လာနိုင်ကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်များက ပြောဆိုသည်။

Credit : The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service