ဆောက်မှာလား ရောင်းမှာလားဘယ်လိုဝယ်ရမလဲ

ဆောက်မှာလား ရောင်းမှာလားဘယ်လိုဝယ်ရမလဲ - Property News in Myanmar from iMyanmarHouse.com
7 Nov 2016 10:34 am တွင် တင်ခဲ့သည်
2489 ကြိမ် ကြည့်ရှု့ပြီး
လူတိုင်းလူတိုင်း ၊ မိသားစုတိုင်းမှာ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုကတော့ ကျောချစရာ နေရာလေးတစ်ခု ရဖို့ အရေးကြီးပါတယ်။ နေ့စဉ် စားဝတ်နေရေး အရ ရုန်းကန်လှုပ်ရှားရပြီး လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ပြည်သူတွေ က အများစု ဖြစ်နေလို့ အိမ်ပိုင်ဖို့ မဆိုထားနဲ့ အိမ်ဌားဖို့ တောင်ခက်လာလို့ အခုဆို ကျုးကျော် ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ရန်ကုန်မြို့အနှံ့ မမြင်ချင်မှ အဆုံးဖြစ်ပါတယ်။

နိုင်ငံတော်က တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ရောင်းချပေးနေတယ် ဆိုပေမယ့် လက်ရှိ ရန်ကုန်အိမ်ရာ လိုအပ်ချက်နဲ့ ယှဉ်လိုက်ရင် ဆင့်ပါးစပ်နှမ်းပက်သလောက်ဘဲ ရှိပါတယ် ၊ လစဉ်သွင်းရတဲ့ ငွေကြေးပြသနာ နောက်ထားလို့ မဲပေါက် ပြီး အရစ်ကျ ၀ယ်ခွင့်ရရင်တောင် ပထမ ဆုံးအရစ် တိုက်ခန်း တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို မသွင်းနိုင်တဲ့ လူတွေကလည်း ထုနဲ့ထေးရှိပါတယ် ။ အစိုးရ တန်ဖိုးနည်းအိမ်ရာ ရောင်းဈေးက ကျပ်သိန်း တစ်ရာ ၀န်းကျင်ရှိပါတယ်။

ပြင်ပ ကန်ထရိုက်တာ ဈေးကွက်မှာလည်း ကျပ်သိန်း ၁၀၀ ကနေ၂၀၀အတွင်းအရောင်းအ၀ယ်မကောင်းလို့
ရောင်းမထွတ်တဲ့ တိုက်ခန်းတွေကလည်းအခန်းပေါင်း ၁၀၀၀၀ ၀န်းကျင်လောက်ရှိနေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့်ကခန့်မှန်းထားကြပါတယ် ။

အစိုးရ တန်ဖိုးနည်းတိုက်ခန်းတွေနဲ့ ပြင်ပ ကန်ထရိုက်တိုက်ခန်းတွေကြားမှာ အရေးအကြီးဆုံးကွာဟချက်က ဈေးနှုန်းမဟုတ်ဘဲ
နှစ်ရှည်ရောင်းချနိုင်တဲ့ စနစ်တစ်ခုက သာ ကွာဟနေတာဖြစ်ပါတယ် ၊ အစိုးရ တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ်ရေး ၀န်ကြီးဌာနကအဓိက ဆောက်လုပ်တာဖြစ်ပြီး
ဆောက်လုပ်ရေးဘဏ်အာမခံပေး ချေးငွေထုတ်ပြီး နှစ်ရှည်ရောင်းချပေးနေတာဖြစ်ပါတယ် ၊ ပြင်ပပုဂ္ဂလိက တိုက်ခန်းတွေကတော့ ဘယ်ဘဏ်မှ အာမခံမပေးနိုင်သေးတဲ့အပြင် ဘဏ်တောင်ပေါင်လို့ မရသေးတဲ့ အခြေအနေ ဖြစ်နေတာကြောင့် အာမခံစနစ်ပီပီပြင်ပြင် ဖြစ်နိုင်တဲ့ တိုက်ခန်း အိမ်ရာ ဥပဒေ ပြဌာန်းပေးဖို့ အရေးကြီးလာပါပြီ ။

ဒီမိုကရေစီစနစ် ၊ ဈေးကွက်စီးပွားရေး စနစ်မှာ ဈေးကွက်တစ်ခုလုံးရဲ့ လိုအပ်ချက်တွေ အားလုံးကို အစိုးရပိုင်းတစ်ခုတည်းကနေ လိုက်လံဖြည့်
ဆည်းပေးဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းပါးပါတယ် ၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြုင့်တင်ပေးမှ သာ အောင်မြင်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးနိုင်မှာဖြစ်ပါတယ် ။

တိုက်ခန်းရောင်းလိုအားလည်း ဈေးကွက်ထဲမှာ အများကြီး ရှိသလို တိုက်ခန်းဝယ်လိုသူတွေကလည်း ဈေးကွက်
ထဲမှာ အများကြီး ရှိပါတယ် ၊ ဖြစ်နေတဲ့ ပြသာနာက ၀ယ်ယူနိုင်စွမ်းမရှိတဲ့ ပြသနာ ဖြစ်နေတဲ့ အတွက် ပြင်ပဆောက်လုပ်ရေး လုပ်ငန်းတွေ
လည်း ကျဆင်းပြီး လူတွေလည်း အိမ်ခြေယာခြေမဲ့တဲ့ဘ၀ကို ရောက်လုနီးပါးဖြစ်နေပါပြီ။

ဈေးကွက်ထဲမှာ တိုက်ခန်းအမှန်တကယ် လိုနေသူတွေကို ပြန်ကြည့်လိုက်ရင်လည်း တိုက်ခန်းတန်ဖိုးကို အလုံးလိုက် ငွေချေ နိုင်ဖို့မဆိုထားနဲ့
၃၀ ရာခိုင်နှုန်းပေးရင်တောင် ၀ယ်ဖို့မတက်နိုင်တဲ့ လူတွေထုနဲ့ထေးရှိပါတယ် ။ ၀ယ်ယူနိုင်တဲ့ နည်းလမ်းတွေကို ဖန်းတီးကြံဆပေးရမှာဖြစ်ပါတယ်။

အစိုးရက ဆောက်တာဘဲဖြစ်ဖြစ် ၊ ပုဂ္ဂလိက
ကဆောက်တဲ့ အခန်းဘဲဖြစ်ဖြစ် အမှန်တကယ် လိုတဲ့ လူတွေ လက်ထဲကို ရောက်သွားရင် နတ်လူသာဓု ခေါ်မှာဖြစ်ပါတယ် ၊ ဘယ်လိုပုံစံနဲ့ ရောက်မလဲ ဆိုတဲ့ အဖြေကတော့ စဉ်းစားရမှာဖြစ်ပါတယ် ။

လက်ရှိဈေးကွက်ထဲမှာလည်း ပြင်ပ လုပ်ငန်းရှင်တွေ ဆောက်ထားပြီး ရောင်းမထွတ်
တဲ့ တိုက်ခန်းပေါင်း ၁၀၀၀၀ ကျော်ကို ဘယ်လို နည်းလမ်းနဲ့ ပြည်သူတွေလက်ထဲကို အရောက်ထည့်နိုင်မလဲဆိုတာ စဉ်းစားဖို့လိုပါတယ် ၊ ဆောက်လုပ်ရေး ကျွမ်းကျင်သူတွေကတော့ အစိုးရဘဲဖြစ်ဖြစ် ဘဏ်တွေကဘဲဖြစ်ဖြစ် ဒီတိုက်ခန်းတွေကို သေသေချာချာစီစစ် ၀ယ်ယူပြီး အမှန်တကယ် လိုတဲ့လူတွေကို အရစ်ကျ စနစ်နဲ့ ပြန်လည်ရောင်းချပေးဖို့ စဉ်းစားလာပါတယ် ၊
ဒါဆို ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲမှာ မြုပ်နေတဲ့ ငွေတွေ ပြန်လည်ပတ်
လာမှာဖြစ်သလို ဘဏ်တွေဘက်လည်း နှစ်ရှည်ငွေချေးရတဲ့ အတွက် အတိုးရလာမှာဖြစ်ပါတယ် ၊ တိုက်ခန်းဝယ်ရမယ့် သူတွေ အတွက်လည်း နှစ်ရှည်စနစ်နဲ့ ချေးပြီး ၀ယ်ရတဲ့အတွက် လစဉ်သွင်းကြေး သိပ်မများနိုင်တဲ့ အတွက် အဆင်ပြေစေမှာဖြစ်ပါတယ် ၊ အဓိက အမြတ်ထွတ်မှာကတော့ နိုင်ငံတော်အနနဲ့ တိုက်ခန်းဝယ်ယူ ရောင်းချသူတွေ အပေါ်မှာ အေးအေးဆေးဆေး ထိုင်ပြီး အခွန်ကောက်နေရုံဘဲဖြစ်ပါတယ် ။

ပြင်ပကန်ထရိုက်တိုက်ခန်း အများစုကလည်း လူနေရပ်ကွက်တွေ အထဲမှာ ဆောက်ထားတာ ဖြစ်တဲ့အတွက် အစိုးရ တန်ဖိုးနည်း အိမ်ရာတွေလို မြို့ပြင်သွားလာရေး ခက်ခဲတဲ့နေရာတွေ မဟုတ်တဲ့ အတွက် သွားရေးလာရေးလည်းပိုမိုအဆင်ပြေတဲ့ အားသာချက် ရှိပါတယ် ။ တိုက်ခန်းလိုအပ်နေတဲ့သူတွေ အတွက် သွားရေးလာရေလွယ်ကူတဲ့နေရာလေးတစ်ခုလည်း
ဖြစ်ဖို့လိုအပ်ပါတယ်။

အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာဆောက်မယ် ဆိုရင် ပထမဆုံးအချက်က နိုင်ငံတော်ဘဏ္ဍာငွေကို အတိုင်းအတာ တစ်ခုအထိ ကြိုတင်ရင်းနှီးမြှပ်နှံထားရမှာဖြစ်သလို နိုင်ငံပိုင်မြေကို အသုံးချဆောက်လုပ်ရတာဖြစ်တဲ့အတွက် အဖိုးတန်တဲ့မြေတွေကိုလည်း လက်လွှတ်လိုက်ရမှာဖြစ်ပါတယ် ။ သွားရေးလာရေး ခက်ခဲတဲ့ ဝေးတဲ့နေရာတွေက တန်ဖိုးနည်းအိမ်ရာတွေဆိုရင် လူတွေတော်တော်များများက စိတ်ဝင်စားမှု မရှိကြပါဘူး ။

ဈေးကွက်ထဲက ဆောက်ပြီးသား တိုက်ခန်းတွေကိုသာ ဘဏ်တွေနဲ့ ချိတ်ဆက်နိုင်ပြီး ၊ ပြည်သူလက်ထဲ အရောက်ပို့နိုင်တဲ့ ဥပဒေ နည်းဥပဒေတွေကိုသာ အမြန်ဆုံး ပြဌာန်းလိုက်မယ်ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း အကျိုးရှိ ၊ ဘဏ်တွေလည်း အတိုးရ ၊ နေတဲ့လူတွေလည်းအဆင်ပြေတဲ့ အပြင် နိုင်ငံတော်အတွက်လည်း ငွေကြေး ၊ မြေကြီး စိုက်ထုတ်စရာ မလိုဘဲ အေးအေးဆေးဆေး တိုက်ခန်းရောင်းသူ ၀ယ်သူတွေ အပေါ်မှာ အခွန်ကောက်နေရုံဘဲ ရှိတဲံ အတွက် အားလုံးအတွက် အကျိုးရှိတဲ့နည်းလမ်းလည်း ဖြစ်ပါတယ် ။

ရန်ကုန်လူဦးရေ ရဲ့ ၈၅ ရာခိုင်နှုန်းက အိမ်ဌားနေရတာဖြစ်သလို နှစ်စဉ် ရန်ကုန်ကို အနယ်နယ် အရပ်ရပ်က အကြောင်းအမျိုးမျိုးကြောင့် စီးဝင်နေထိုင်ကြတဲ့ လူဦးရေကလည်း တစ်နှစ်မှာ အနည်းဆုံး ၃၀၀၀၀၀ လောက်အထိ ရှိပါတယ် ၊ အိမ်ရာလို
အပ်ချက်တွေ အများကြီး ရှိနေတာဖြစ်တဲ့ အတွက် အစိုးရ ၊ ပုဂ္ဂလိက ကဏ္ဍ တွေအတူပူးပေါင်းပြီး အင်တိုက်အားတိုက် ဆောက်လုပ်နေရာချထားပေးဖို့ အရေးကြီးပါတယ် ။

ခိုင်မာတဲ့ အိမ်ရာမူဝါဒတွေ ၊ ပုဂ္ဂလိက ဆောက်လုပ်ရေးကဏ္ဍကို မြုင့်တင်နိုင်မယ့် ဥပဒေတွေ နည်းဥပဒေတွေ အမြန်ဆုံး ပြဌာန်းသင့်ပါတယ် ၊ လတ်တလောမှာတော့ ကန်ထရိုက်တာတွေလည်း အခန်းရောင်းမထွတ်လို့ စိတ်ညစ်ပြီး တိုင်ပတ်နေသလို အခန်းလိုနေတဲ့ ပြည်သူတွေကလည်း တိုက်ခန်းရောင်းမည်ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို
ကြည့် ပြီးငါနဲ့အလှမ်းဝေးပါတယ်ဆိုတဲ့ ကျောခိုင်း
ထွတ်ခွာမှု တွေနဲ့ ပြည်နှက်နေတဲ့ အချိန်အခါ ဖြစ်ပါတယ် ၊ ရောင်းသူနဲ့ ၀ယ်သူ နှစ်ယောက်အကြား ဘယ်လိုပုံစံနဲ့ အလုပ်ဖြစ်အောင် လုပ်ပေးရမလဲ ဆိုတဲ့နည်းလမ်းကောင်းတွေကို ရှာပေးရမယ့် အချိန်အခါတစ်ခုကို ရောက်လာပြီဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service