ရန်ကုန် ဆောက်လုပ်ရေး လောကမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် ထွက်ခွာဟုဆို

ရန်ကုန် ဆောက်လုပ်ရေး လောကမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် ထွက်ခွာဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Nov 2016 11:42 am တွင် တင်ခဲ့သည်
12236 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းမှုကြောင့် ဆောက်လုပ်ရေး လောကထဲမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် ရပ်နားမှုများ ရှိလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရှိရသည်။

လက်ရှိ ရန်ကုန်မြို့၏အိမ်၊ ခြံ၊ မြေ တိုက်ခန်း အရောင်းအဝယ် ဈေးကွက်မှာ ရပ်ဆိုင်းလုနီးပါး အေးစက်လျက်ရှိပြီး တိုက်ခန်းကြိုပွိုင့် ဝယ်ယူသူများလည်း မရှိသောကြောင့် အမှန်တကယ် ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည့် ငွေကြေး အရင်းအနှီး တတ်နိုင်သည့် လုပ်ငန်းရှင်များသာ ဆက်လက် လုပ်ကိုင်လျက်ရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုသည်။

“အခုက ဆောက်လုပ်ရေး ဈေးကွက် ကျနေတယ်။ မြေစရိတ်ကကြီးတော့ ဆောက်လုပ်မှု စရိတ်နဲ့ ပေါင်းလိုက်တော့ အခန်းဈေးတွေက ကြီးလာတယ်။ လူတွေ မဝယ်နိုင်တဲ့ ဈေးနှုန်း တစ်ခုဖြစ်လာတော့ ဆောက်လုပ်ရေး လုပ်ငန်း ရပ်သွားတယ်။ ကန်ထရိုက်တာထဲမှာ ကတိပျက်သူရှိတော့ အယုံအကြည် မဲ့ပြီး အရောင်းအဝယ် ထိခိုက်သွားတယ်”ဟု ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် Capital Construction Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ လိုင်စင် ထုတ်ပေးထားသော လိုင်စင်ရ ကန်ထရိုက်တာ ၁၂ဝဝ ခန့် ရှိသည်။

“ကန်ထရိုက်တာ လိုင်စင် မရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပေါ်ပင် လုပ်တဲ့သူတွေ၊ အရင်းအနှီး နည်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ထက်ဝက်ကျော်လောက် ဒီလောကထဲက ထွက်ခွာ သွားကြတယ်။ ကြိုပွိုင့်တွေရောင်း၊ ဘဏ်မှာ ချေးငွေယူပြီး လုပ်တဲ့ လုပ်ငန်းရှင်တွေလည်း အရောင်းအဝယ် မရှိတော့ ရပ်နားကုန်ကြတယ်”ဟု ဝေယံထွန်းလင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ကန်ထရိုက်တာ ဦးထွန်းထွန်းလင်းက ဆိုသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးစက်ပြီး ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းနေမှုကြောင့် ကန်ထရိုက်တိုက် အဆောက်အအုံ ဆောက်လုပ်မှုလျော့ကျ လာကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။

တရားဝင် အဆောက်အအုံများကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ်က အထပ်မြင့် သုံးထပ်မှ ရှစ်ထပ်ခွဲထိ အဆောက်အအုံ အလုံး ၆ဝဝဝ ကျော် ခွင့်ပြုပေးခဲ့ပြီး ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလအထိ အထပ်မြင့် သုံးထပ်မှ ရှစ်ထပ်ခွဲထိ စုစုပေါင်း အလုံး ၄ဝဝ ခန့်သာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ဆက်စပ်မြို့နယ်များတွင် ဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒိုများကို ကာလ ပေါက်ဈေးထက် ထက်ဝက်ခန့် လျှော့ပြီး ရောင်းချနေသော်လည်း ရောင်းသူများ ပြားကာ ဝယ်ယူသူ အနည်းငယ်သာ ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ စုံစမ်း သိရှိရသည်။

“လက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်ရှိ ၁၂ ပေခွဲ ပေ ၅ဝ တိုက်ခန်းကို သိန်း၎ဝဝ၊ မြို့တွင်း ဆက်စပ် မြို့နယ်တွေဖြစ်တဲ့ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာမှာ သိန်း၂ဝဝ ကျော်လောက်နဲ့ ရောင်းပါတယ်။ ကွန်ဒိုကတော့ မြို့တွင်း မြို့နယ်မှာ သိန်းတစ်ထောင်ကျော်လောက် ပေါက်ဈေးရှိပေမယ့် နေရာ လိုအပ်နေသူ အချို့သာ ဝယ်ယူမှုရှိပါတယ်”ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ကိုနေဇော်က ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service